၉။ ဖရားချဲင်န်က ‘မောရှေ’ ကော် ခေါ်ခဲ့ချင်န်း
‘ယောသပ်’ ဆေဆုံးပီးခါဆူတော့ယဲ့အမျိုးနေအကုန်လုံးက ‘အီဂျစ်’ မာဆက်မော်နေနေကြဟာဝါး။ ဆူ နဆူ့ယဲ့နောင်လာနောင်ဆားများကဟဲင်န်းနေရာမာနှစ်ပေါင်းအကြာကီးဆက်မော်နေကြပီး ဆားဆမီးအများ ကီးမွေးကြတယ်လဲ့၊ ဆူတော့ကော် ‘ဣသရေလ’ လူမျိုးနေလော့ခေါ်ကြတယ်လဲ့။
နှစ်ပေါင်းအကြာကီးကြာခါ ‘ဣသရေလ’ လူမျိုးနေယဲ့လူဦးရေမာအများကီးများလာဟာဝါး။ ‘အီဂျစ်’ လူမျိုးနေဟာဆူတော့ကော် ‘ယောသပ်’ ကူပေးတဲ့အကုန်လုံးအတွက်ကျေးဇူးတရားများပထောက်ထားကြဝူး လဲ့။ ဆူတို့က ‘ဣသရေလ’ လူမျိုးနေအများကီးများလာလော့ကြောက်လာကြခါဟဲင်န်းအချိန်မာ ‘အီဂျစ်’ ကော် အုပ်ချုပ်နေတဲ့ ‘ဖာရော’ ဖရင်က ‘အီဂျစ်’ လူမျိုးနေဖော့ ‘ဣသရေလ’ လူမျိုးကော်ကျွန်အဖြစ်လုပ်ကြဝဲ့လဲ့။
‘အီဂျစ်’ လူမျိုးနေက ‘ဣသရေလ’ လူမျိုးနေကော်အဆောက်အအုံအများကီးနမြို့များကော်စေဆောက် ခဲ့ဝါး။ အလုပ်ကြင်းများဟာဆူတော့ဘဝနေကောဆင်န်းရဲဒုတ်ခရောက်လဲဝဖရားချဲင်န်ကဆူတို့ကော်ကောင်းချီး မင်္ဂလာများပေးခါဆားဆမီးအများကီးမွေးဖွားရရှိစေတယ်လဲယ်။
‘ဖာရော’ ဖရင်က ‘ဣသရေလ’ လူမျိုးများနေကဆားဆမီးများမွေးဟာကိုတွေ့ခါမာဆူ့ယဲ့လူများကော် ‘ဣသရေလ’ လူမျိုးယောကျာ်းလေးများကော်ဆပ်မော်နိုင်းမြစ်ထဲနားပစ်ချဖော့အမိန့်ပေးဝဲ့ဝါး။
‘ဣသရေလ’ လူမျိုးမိန်းမကီးတစ်ယောက်ကဆားယောကျာ်းတစ်ယောက်ကိုမွေးဟားပီးဟဲင်န်းလူခ နယ်ကိုတတ်နိုင်သလောက်အကြာကီးခိုးအောင်းထားဟာလဲယ်။
မွေ့ဖများကလူခနယ်ကိုဆက်မော်အကြာကီးခိုးအောင်းပထားနိုင်ဝဲခါအဆက်ဘေးမှကယ်နိုင်ဖော့နိုင်း မြစ်ကမ်းဘေးမာအပင်န်များကြားအတွင်န်းရေပေါ်မာပေါ်နိုင်တဲ့ခြင်န်းတောင်းတလုံးနဲ့လူခနယ်ကိုထားခဲ့ဟာ ဝါး။ လူခနယ်ယဲ့မယ်ကီးဖြစ်ဆူမာလူခနယ်ဖလဲမျိုးဖြစ်မာကော်ဆက်မော်ကိ့ကိ့နေခဲ့လဲယ်။
ဖရင်ယဲ့ဆမီးတော်တစ်ယောက်ကခြင်န်းအားတွေ့ဝါးပီးအထဲကော်ကိ့ဝဲ့ခါဟဲင်န်းလူခနယ်အားတွေ့ ဟားခါဆူ့ဆားအဖြစ်မွေးစားဝဲလဲယ်။ ဆူမဟာ ‘ဣစရေး’ လူမျိုးမိန်းမတစ်ယောက်ကော်ဟဲင်န်းလူခနယ်ကော် နို့ပေးစို့ဖော့ငှားလိုက်တယ်လာ့။ ဟဲင်န်းငှားလိုက်တဲ့မိန်းမမာလူခနယ်ယဲ့မွေ့ဖအရင်န်းဖြစ်ဟာကော်ပဆိဝူး လဲယ်။ ဟဲင်န်းလူခနယ်ဟာအမယ့်နို့ရေကော်ပလိုအပ်ဝဲလော့အရွယ်ရောက်ခါမာဖရင်န့်ဆမီးတော်နားကော် ပြင်န်မော်ပို့ဝဲ့ပီး ‘မောရှေ’ လော့နံမယ်ပေးဝဲ့ဟာဝါး။
‘မောရှေ’ အရွယ်ရောက်လာခါတနေ့မာ ‘အီဂျစ်’ လူမျိုးတစ်ယောက်ကလာ့ ‘ဣသရေလ’ ကျွန်တစ် ယောက်ကော်နှိက်စက်နေဟာကော်မြင်န်ဟာခါ ‘မောရှေ’ ကကျွန်ဖြစ်နေတဲ့ဆူ့ယဲ့လူမျိုးများနေဖြစ်တဲ့ ‘ဣသရေလ’ လူမျိုးတော့ကော်ကယ်ဖော့ကြိုးစားခဲ့တယ်လာ့။
‘မောရှေ’ က ‘ဣသရေလ’ လူမျိုးတယောက်ကော်နှိပ်စက်ရိုက်နေတဲ့ဆူ ‘အီဂျစ်’ လူမျိုးတယောက် ကော်ပဆူမှပတွေ့မြင်န်နိုင်ဘူးလော့ထင်န်ခါအဆေဆပ်မော်ဆူ့ယဲ့အလောင်းကော်မြုပ်မော် စဂြိုလ်ဝဲ့ဟာဝါး။ ဟဲင်န်းသလဲ ‘မောရှေ’ လုပ်ဟာနေကော်တစ်စုံတစ်ယောက်မြင်န်တွေ့ဟာလဲယ်။
‘ဖာရို’ ဖရင်က ‘မောရှေ’ ယဲ့လုပ်ရပ်ကော်ဆိ့ဟားခါဆူ့ကော်ဆပ်ရန်ကြိုးစားလဲဝ ‘မောရှေ’ မာ ‘အီဂျစ်’ ပြေမှတောကန္တာရထဲတော့ထွက်ပြေးဆွားခါ ဖရင် ‘ဖာရို’ ယဲ့စစ်ဆားများကဆူအားဟဲင်န်းနေရာမာ ပရှာတွေ့နိုင်ကြပူးလာ့။
‘မောရှေ’ က ‘အီဂျစ်’ နဝေးကွာသောတောကန္တာရထဲမာသိုးကျောင်းဆားတစ်ယောက်ဖြစ်လာမော် ဟဲင်န်းနေရာမာပဲမိန်းမတယောက်နယူဟာခါဆားနေယောက်မွေးဟားတယ်လာ့။
‘မောရှေ’ ကယောက်ခမဖြစ်ဆူယဲ့သိုးအုပ်ကိုထိန်းကျောင်းတယ်လဲ့။ တစ်ရက်ရောက်ခါ အပင်န်အုပ် တစ်ခုမာပျက်ဟာခြင်းပရှိလဲဝမီးလောင်နေဟာကိုမြင်န်ဟားတယ်လဲ့။ ဟဲင်န်းလူက ဆေချာအောင်ကိ့ရန်အ ပင်န်အုပ်နားကိုကပ်ဆွားဝဲတယ်လာ့။ အပင်န်အုပ်နားအများကီးနီးဆွားခါ ဖရားချဲင်န်ကဆူ့ကော် “မောရှေ နင်န့်ယဲ့ဖိနပ်ကော်ခွတ်ဝဲ့လော်ရဝါး။ နင်န့်ကမြင့်မြတ်တဲ့မြေကီးပေါ်မာရပ်နေချင်န်းဖြစ်ဟာဝါး” လော့ပြောဆို ဝဲ့တယ်လဲယ်။
ဟဲင်န်းပီးနောက်ဖရားချဲင်န်က “ငါ့ယဲ့လူနေဒုတ်ခရောက်နေတယ်လို့ခံစားနေရဟာငါကတွေ့မြင်န်ရ လို့ဖြစ်ဟာဝါး။ ငါကနင်န့်ကော် ‘ဣစရေး’ လူမျိုးနေကော် ‘အီဂျစ်’ ယဲ့ကျွန်အဖြစ်မှလွတ်မြောက်စေဖော့ ‘ဖာရော’ ဖရင်ထံကိုလွတ်ဝဲ့ဝါး။ ငါကဆူ့တို့ကော် အာဗြဟံ၊ ဣဇာက်၊ နယာကုပ်တော့ကော်ဝါး ကတိပေးဟား တဲ့ ‘ခါနန်’ ပြေကော်ပေးမယ်” လော့မိန့်တော်မူဝဲ့ဟာဝါး။
‘မောရှေ’ က “ငါ့ကော်ပို့လိုက်တဲ့ဆူအချင်န်ကော်လူများကဆိ့ရအောင်ဖလဲမျိုးပြောရမလဲလော့” ဖ ရားကော်မေးဝဲ့ခါဖရားချဲင်န်က “ငါကငါဖြစ်လာ့” လော့ဟဲင်န်းဆူတော့ကောပြောဝဲ့တယ်လာ့။ “ငါဆိုသောအ ချဲင်န်ကော်ငါကနင်န့်ထံတော့ပို့လိုက်တယ်လော့” ပြောပြဝဲ့။ “ငါက အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုးကွယ်တဲ့ ‘ယာဝေ’ ‘ထာဝရ’ ဖရားဖြစ်မော်ဟဲင်န်းနံမယ်မာငါ့ယဲ့ ‘ထာဝရ’ နာမတော်ဖြစ်တယ်လော့” ပြောဝဲ့ဖော့မိန့်တော် မူဝဲ့ဟာဝါး။
‘မောရှေ’ ဟာ ‘ဖာရို’ ဖရင်ကဆူ့ကော်အဆေဆပ်ဝဲ့မာဆိခါကြောက်မော်ပဆွားပူးလဲယ်။ ဟဲင်န်းအ ပြင်န်ဆူကစကားကောင်းကောင်းပပြောတတ်ဝဲခါ ‘ဖာရို’ ဖရင်နားပဆွားလိုခါ ‘မောရှေ’ ယဲ့မောင်မှတော်စပ်ဆူ ‘အာရွန်’ ကဆူ့ကော်ကူရန်ပို့ဝဲ့ဟာဝါး။
A Bible story from: Exodus 1-4