၂၈ - ရှိတတ်တဲ့အရာရှိငယ်တယောက်
တနေ့ခါမာငယ်မော်ရှိတတ်တဲ့အုပ်ချုပ်ဆူတယောက်ဟာ ကိုယ်တော် ‘ယေရှု’ နားလာမော် “ဆူတော်ကောင်း မြတ်တဲ့ဆရာငါဟာနိစ္စအမြဲတမ်းအဆက်ကော်ရရှိဖော့ဖယ်သလဲလုပ်ရမလဲ” လော့မေးခဲ့ဟာဝါး။ ကိုယ်တော် ‘ယေရှု’ ကဟဲင်န်းဆူကော် “နင်န်ငါ့ကော်ဖယ်သလဲမို့လို့ဆူတော်ကောင်းလော့ခေါ်ဟာလဲ။ လောကမာဆူတော်ကောင်း တယောက်ကော်ရှိပီးဟဲင်န်းဆူတော်ကောင်းမာအမြဲဖရားချဲင်န်ဖြစ်ဟာဝါး။ ဟဲင်န်းပီးနင်န်ဟာနိစ္စအမြဲတမ်းအဆက် ကော်ရယူလိုရှိရင် ဖရားချဲင်န်ယဲ့ပညတ်တော်နေကော်လိုက်နာရမာလဲ” လော့ပြင်န်မော်ပြောလိုက်ဟာဝါး။
“ဖယ်သလဲပညတ်တော်နေကော်ငါလိုက်နာရမာလဲ” လော့ဟဲင်န်းဆူကပြင်န်မော်မေးဝေါ့ဟာဝါး။ ဟဲင်န်းအခါ မာကိုယ်တော် ‘ယေရှု’ က “လူဆပ်ခြင်းပပြုရ၊ အိမ်ထောင်ရေးဖောက်ပြင်ခချင်န်းပပြုရ၊ ပခိုးရ၊ မလိမ်ရ၊ နင်န့်ယဲ့အမယ့် နအဖကော်လေးစားမှုရှိပီးနင်န့်ယဲ့အိမ်နီးနားချင်န်းကော်ကိုယ့်ဟာကိုရှစ်ဟာသလဲရှစ်ခင်ရမယ်” လော့ပြင်န်ဟားမော် ပြောလိုက်ဟာဝါး။
ဟဲင်န်းပီးဟဲယ်လူငယ်မာ “ငါဟာဟဲင်န်းပညတ်တော်နေကော် ငယ်ခါကတဲကလိုက်နာခဲ့ဟာဝါး။ ငါဟာနိစ္စအ မြဲတမ်းအဆက်ကော်ရယူဖော့ဖယ်သလဲအရာနေကော်လောမော်လုပ်ရမာလဲ” လော့ပြင်န်မော်လျှောက်တင်ဝဲ့ဟာဝါး။ ဟဲင်န်းခါမာကိုယ်တော် ‘ယေရှု’ ဟာဟဲင်န်းလူကော်ကိ့ဟားမော်ရှစ်ခင်ဟာဝါး။
ကိုယ်တော် ‘ယေရှု’ က “နင်န်ပြည့်ပြည့်စုံစုံဆူတစ်ယောက်ဖြစ်လိုယင်နင်န်ပိုင်ဆိုင်ဟားတဲ့အရာအကုန်လုံး ကော်ရောင်းချဟားမော်ပရှိတတ်တဲ့ဆူနေကော်ပေးကမ်းလဲ။ ဟဲင်န်းပီးနောက်မာငါ့နားလာမော် ငါ့ယဲ့နောက်လိုက်လုပ် လဲ။ ဟဲင်န်းခါမာနင်န်ဟာနိဗ္ဗာန်ရွှေမြို့တော်မာစည်းစိမ်နေခံစားရမာ” လော့ဖြေကြားတော်မူဟာဝါး။
ဟဲင်န်းလူငယ်ဟာကိုယ်တော် ‘ယေရှု’ ပြောတော်မူဟာကော်ကြားဟားခါမာအများရီးစိတ်ပကောင်းဖြစ်ဆွားခဲ့ ဟာဝါး။ ဖယ်သလဲကြောင့်ဆိုခါဆူဟာအများရီးရှိတတ်တဲ့ဆူတယောက်ဖြစ်ဟားမော်ဆူ့ယဲ့ပိုင်ဆိုင်မှု့နေကော်တခြား ဆူနေနားပပေးချင်န်ဝဲသလဲဖြစ်ဟာဝါး။ ဟဲင်န်းပီးဆူဟာကိုယ်တော် ‘ယေရှု’ ကော်နောက်လှေ့မော်ထွက်ဆွားဝဲ့ဝါး။
ဟဲင်န်းပီးနောက်မာကိုယ်တော် ‘ယေရှု’ ဟာဆူ့ယဲ့တပဲ့နေကော် “ရှိတတ်တဲ့လူနေဟာနိဗ္ဗာန်ရွှေမြို့တော်နား ဆွားဖော့အများရီးခက်ခဲဟာဝါး။ ကုလားအုပ်တကောင်ဟာအပ်ပေါက်နားဝင်ဖော့လွယ်လဲဝရှိတတ်တဲ့ဆူမာကနိဗ္ဗာန် ရွှေမြို့တော်နားဝင်ဖော့အများရီးခက်ခဲဟာဝါး” လော့ဆုံးမတော်မူဟာဝါး။
ကိုယ်တော် ‘ယေရှု’ ယဲ့တပဲ့နေဟာ ဟဲင်န်းစကားကော်ကြားဟားခါမာအများရီးအံ့သြဆွားကြပီးဆူတော့က “ဟဲယ်သလဲဆိုလော့ရှိရင်ဖရားချဲင်န်ဟာပဆု့ကော်ကယ်မာလဲ” လော့မော်မေးဝဲ့ဝါး။
ကိုယ်တော် ‘ယေရှု’ ဟာတပဲ့နေကော်ကိ့ဟားမော် “လူနေဟာဆူတော့ကိုယ်ဆူတော့ကယ်ဖော့ပဖြစ်နိုင်ဝူးလဲ ဖရားချဲင်န်ဟာအရာခပ်ဆိမ်းတော့ကော်တတ်နိုင်ဟာလဲယ်” လော့မိန့်တော်မူဝဲ့ဝါး။
‘ပေတရု’ ကကိုယ်တော် ‘ယေရှု’ ကော် “တပဲ့နေဖြစ်ဟားတဲ့ ငါ့တော့ကကိုယ်တော်ယဲ့နောက်ကော်အရာအကုန် လုံးချင်န်ထားခဲ့မော်လိုက်ပါခဲ့ဝဲ့ဝါး။ ငါ့တော့ဖယ်သလဲအကျိုးနေခံစားရမာလဲ” လော့မေးဟာဝါး။
ကိုယ်တော် ‘ယေရှု’ က “ငါဖော့အိမ်နေ၊ မွေ့ဖနေ၊ မောင်မှနေ၊ ဆားဆမီးနေန ပိုင်ဆိုင်မှုနေကော်ထားကဆူ ဟာဟဲင်န်းထားကတဲ့အရာနေထက်အဆတစ်ရာပကတဲ့ဆုနေကော်ရရှိမယ့်အပြင်န် နိစ္စအမြဲတမ်းအဆက်ကော်ပါရရှိ မာလဲယ်။ ဟဲင်န်းပီးအရေးပါအရာရောက်ဆူတို့ဟာအဆုံးပဝင်န်တဲ့လူနေဖြစ်ဟားပီး ခုအရေးပပါတဲ့လူတော့ဟာ အဆုံး ဝင်န်တဲ့လူနေဖြစ်လာမာလဲယ်” လော့ပြင်န်မော်ပြောတော်မူဟာဝါး။
A Bible story from: Matthew 19:16-30; Mark 10:17-31; Luke 18:18-30