မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၉။ ဘုရားသခင် မောရှေကို ခေါ်ခြင်း

Frame 09-01

ယောသပ်သေပြီးနောက်ပိုင်းမှာသူ့ရဲ့ အမျိုးတွေဟာ အီဂျစ်ပြည်မှာဘဲနေထိုင်ခဲ့တယ်။ သူတို့တွေနဲ့ သူတို့ရဲ့မျိုးနွယ်စုတွေဟာလည်း အီဂျစ်ပြည်မှာပဲ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ပြီး လူဦးရေးတိုးပွားများပြားလာခဲ့ကြတယ်။ အဲဒီလူမျိုးတွေကို အစ္စရေးလူမျိုးလို့ ခေါ်တွင်ခဲ့ကြတယ်။

Frame 09-02

နှစ်ပေါင်းရာချီကြာပြီးနောက် အစ္စရေးလူမျိုးဟာ ပိုမိုများပြားလာကြတယ်။ အီဂျစ်လူမျိုးတွေဟာ ယောသပ်နဲ့ သူ့ရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေကို မေ့ပျောက် လာခဲ့ကြတယ်။ သူတို့တွေဟာ အစ္စရေးလူမျိုးတွေရဲ့ လူဦးရေများပြားလာတာကြောင့် ကြောက်ရွံ့လာကြတယ်။ ဒီလိုနဲ့ အဲ့ဒီအချိန်မှာ အီဂျစ်ပြည်ကို အုပ်ချုပ်နေတဲ့ ဖာရောဘုရင်ဟာ အစ္စရေးတွေ ကို အီဂျစ်ပြည်သူတွေရဲ့ ကျွန်တွေအဖြစ်သတ်မှတ်ခဲ့တယ်။

Frame 09-03

အီဂျစ်လူမျိုးတွေက အစ္စရေးလူမျိုးတွေကို တစ်မြို့လုံးမှာရှိတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ဖို့ တွန်းအားပေးခိုင်းခဲ့ကြတယ်။ ဒီခက်ခဲတဲ့ အလုပ်တွေကြောင့် စိတ်ဒုက္ခနဲ့ ဆင်းရဲခြင်းတွေ ကြုံတွေ့ပေမယ့်လည်းပဲ ဘုရားက ကောင်းကြီးပေးလို့ လူဦးရေဟာ တိုးပွားမြဲတိုးပွားနေခဲ့တယ်။

Frame 09-04

ဖာရောဘုရင်ဟာ အစ္စရေးလူမျိုးတွေ အရမ်းတိုးပွားများပြားတဲ့ အကြောင်းသိမြင်တဲ့အခါ အစ္စ​ရေးလူမျိုးတွေရဲ့ ကလေးငယ် သားယောက်ျားတွေကို နိုင်းမြစ်ထဲကို ပစ်ချပြီး သတ်ပစ်ဖို့ အမိန့်ထုတ်ပြန်တယ်။

Frame 09-05

အစ္စရေးအမျိုးသမီး တစ်ဦးက သားယောက်ျားလေး တစ်ယောက်ကို ဖွားမြင်ခဲ့တယ်။ သူနဲ့ သူ့ယောက်ျားက ကလေးကို အတတ်နိုင်ဆုံး ဖွက်ထားခဲ့တယ်။

Frame 09-06

ကလေးငယ်ကို ဝှက်ထားဖို့ မတတ်နိုင်တော့တဲ့ အဆုံးမှာ အသေသတ်တာ ကနေ လွတ်မြောက်နိုင်ဖို့အတွက် ကလေးငယ်ကို ရေပေါ်မှာပေါ်တဲ့ ကြိမ်ခြင်းထဲမှာထည့်ပြီး ရေပေါ်မှာ မျှောလိုက်ကြတယ်၊။ ကလေးရဲ့ အခြေအနေ သိနိုင်ဖို့အတွက် သူ့ရဲ့ အစ်မဖြစ်သူက စောင့်ကြည့်နေခဲ့တယ်။

Frame 09-07

ဖာရောဘုရင်ရဲ့ သမီးတော်က အဲဒီခြင်းကို တွေ့သွားပြီး အထဲမှာ ခလေးရှိတာကို သိမြင်တဲ့အခါ ခလေးကို သူ့ရဲ့ ခလေးအဖြစ် မွေးစားလိုက်တယ်။ နောက်ပြီး ခလေးငယ်ကို စောင့်ရှောက်ဖို့အတွက် အစ္စရေး အမျိုးသမီး တစ်ယောက်ကို ငှားဖို့ ခိုင်းလိုက်တယ်။ မိခင်နို့ သောက်သုံးဖို့ မလိုတော့တဲ့ အချိန်မှာတော့ ဖာရောဘုရင်ရဲ့ သမီးဆီကို ပြန်ပြီးပေးအပ်ခဲ့တယ်။ အဲဒီခလေးကို မောရှေလို့ နာမည်ပေးခဲ့တယ်။

Frame 09-08

မောရှေအရွယ်ရောက်ပြီး​နောက်ပိုင်းတစ်နေ့မှာ အီဂျစ်လူတစ်ယောက်က အစ္စရေးကျွန်တစ်ဦးကို ရိုက်နှက်နေတာကို တွေ့တဲ့အခါမှာ အစ္စရေးလူမျိုးကို ကယ်တင်ဖို့ အတွက်သူကြိုးစားခဲ့တယ်။

Frame 09-09

မောရှေအရွယ်ရောက်ပြီး​နောက်ပိုင်းတစ်နေ့မှာ အီဂျစ်လူတစ်ယောက်က အစ္စရေးကျွန်တစ်ဦးကို ရိုက်နှက်နေတာကို တွေ့တဲ့အခါမှာ အစ္စရေးလူမျိုးကို ကယ်တင်ဖို့ အတွက်သူကြိုးစားခဲ့တယ်။

Frame 09-10

အဲဒီအကြောင်းကို ဖာရောဘုရင်ကြားတဲ့အခါ မောရှေကို သတ်ဖို့ရှာဖွေခဲ့တယ်။ ထိုကြောင့် ဖာရောဘုရင်ရဲ့ဘေးမှ လွတ်ဖို့ အီဂျစ်နဲ့ ဝေးတဲ့ကန္တာရကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။

Frame 09-11

မောရှေဟာ အီဂျစ်ပြည်နဲ့ဝေးတဲ့ တောထဲမှာ သိုးတွေကို ထိန်းကျောင်းနေတယ်။ အဲဒီက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး သားယောက်ျားနှစ်ဦးကို ဖွားမြင်ခဲ့တယ်။

Frame 09-12

တစ်နေ့မှာ မောရှေဟာ သူ့ရဲ့ သိုးတွေကို ထိန်းကျောင်းနေချိန်မှာ တောက်လောင်လျက်ရှိနေသော ချုံပုတ်တစ်ခုကို တွေ့တယ်။ သို့သော် ထိုချုံပုတ်က လောင်ကျွမ်းသွားခြင်းမရှိဘူး။ မောရှေက အဲဒီချုံပုတ်အနီး ကြည့်ဖို့သွားတယ်။ ဘုရားစကားသံမှာ ‘မောရှေ သင့်ရဲ့ ဖိနပ်ကို ချွတ်။ မင်းနင်းတဲ့မြေဟာ သန့်ရှင်းတဲ့ မြေဖြစ်တယ်’ လို့ပြောတယ်။

Frame 09-13

ငါ့လူတွေခံရတဲ့ ဒုက္ခကို ငါသိမြင်ပြီး ငါဟာမင်းကို ဖာရောဘုရင်ဆီကို စေလွှတ်မယ်။ အဲဒါမှမင်းဟာ အစ္စရေးလူမျိုးတွေကို ကျွန်ဘဝက ကယ်တင်ပြီး အီဂျစ်ပြည်ကနေ ထုတ်ဆောင်နိုင်မယ်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ကို ကတိပေးထားတဲ့ ခါနန်ပြည် ကို သူတို့ကိုပေးမယ်။

Frame 09-14

အဲဒီတော့ မောရှေက "တကယ်လို့ လူတွေကသင့်ကို ဘယ်သူက စေလွတ်တာလဲလို့မေးရင် ဘယ်လို ပြန်ပြောရမလဲ’ လို့မေးတဲ့အခါ ‘ငါဖြစ်တဲ့အတိုင်း ငါဖြစ်တယ်။ ငါဆိုတဲ့သူက စေလွတ်တယ်လို့ ပြောလိုက်။ ငါဟာ ရာဝေ ဖြစ်တယ်။ သင်တို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဗြံဟန်၊ ဣဇက်၊ ယာကုပ်ရဲ့ ဘုရားဖြစ်တယ်လို့ ပြောလိုက်" လို့ မောရှေ ကိုပြောတယ်။

Frame 09-15

မောရှေဟာ စကားကောင်းစွာမပြောနိုင်မှာကို စိုးရိမ်တာကြောင့် ဖာရောဘုရင်ဆီကို သွားဖို့ ကြောက်ရွံ့နေခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ရဲ့ အစ်ကို အာရုံကို သူ့ကို ကူညီဖို့ သူနဲ့အတူ လွတ်လိုက်တယ်။ မောရှေနဲ့ အာရုံတို့ကိုလည်း ဖာရောရဲ့ စိတ်နှလုံးဟာ မာကြောလိမ့်မယ်လို့ သတိပေးခဲ့တယ်။

အခြေပြုကျမ်းညွှန်း - ထွက် ၁-၄