၃၃။ မျိုးစေ့ကြဲသူပုံဥပမာ
တစ်နေ့မှာအရှင်အရှင်ယေရှုဟာရေအိုင်ကမ်းစပ်နားမှာလူတွေအများကြီးကိုသွန်သင်ဟောပြော နေခဲ့တယ်။အဲဒီတရားဟောတာကို နားထောင်ဖို့လူတွေအများကြီးကရောက်လာတာကြောင့် အရှင်ယေရှုဟာလုံလောက်တဲ့ နေရာအကျယ်ဝန်းရဖို့ကမ်းနားမှာကပ်ထားတဲ့လှေပေါ်တက်ပြီး လူတွေကိုဟောပြောသွန်သင်ပေးခဲ့တယ်။
အရှင်ယေရှုကလယ်သမားတစ်ယောက်ဟာလယ်ယာစိုက်ပျိုးဖို့ထွက်သွားခဲ့တယ်။ မျိုးစေ့ကိုလက်နဲ့ကျဲဖြန်းလိုက်တဲ့အခါမျိုးစေ့တစ်ချို့ကလမ်းပေါ်မှာကျပြီးအဲဒီမျိုးစေ့တွေကိုငှက်တွေက စားသွားတယ်။
မျိုးစေ့တစ်ချို့ကတော့ မြေဆီလွာနည်းပြီးကျောက်ခဲပေါများတဲ့မြေပေါ်မှာကျသွားတယ်။ အဲဒီမျိုးစေ့တွေဟာ အမြန်အပင်ပေါက်လာပေမယ့်အမြစ်တွေကောင်းကောင်းမတွယ်နိုင်ဘူး။ နေပူလာတဲ့အခါ နေပူချိန်ကြောင့်ညှိုးနွမ်းခြောက်သွေ့ပြီး သေကုန်တယ်။
အချို့မျိုးစေ့တွေက ဆူးပင်တွေပေါများတဲ့နေရာမှာကျတယ်။ အဲဒီမျိုးစေ့တွေကအပင်တွေကြီးလာ ပေမယ့် ဆူးပင်တွေရဲ့နှောက်ယှက်တာတွေကြောင့် အသီးမသီးနိုင်ဘူး။
မျိုးစေ့တစ်ချို့ကတော့မြေကောင်းတဲ့နေရာမှာကျခဲ့တယ်။အဲဒီမျိုးစေ့တွေဟာကောင်းမွန်စွာရှင်သန်ကြီးထွားခဲ့ပြီးစိုက်ပျိုးခဲ့တဲ့ မျိုးစေ့အရေအတွက်ထက်အဆပေါင်း ၃၀ ၊အဆပေါင်း၆၀ ၊ အဆပေါင်း ၁၀၀ လောက်အသီးနှံတွေ ရရှိတယ်။အဲဒါတွေကိုနားလည်ကြပါစေလို့ဟောတယ်။
အဲဒီပုံဥပမာကို တပည့်တော်တွေက နားမလည်လို့အရှင်ယေရှုက ရှင်းပြခဲ့တယ်။ မျိုးစေ့ဆိုတာဘုရားသခင်ရဲ့တရားစကားဖြစ်တယ်။ လမ်းပေါ်မှာကျတယ်ဆိုတာက တရားစကားကိုကြားပြီးနားမလည်တဲ့သူကိုဆိုလိုတယ်။ သူတို့ဆီမှာရှိတဲ့တရားစကားတွေကိုနတ်ဆိုးတွေကယူဆောင်သွားတယ်။
ကျောက်ခဲပေါများတဲ့မြေကတော့တရားစကားကိုကြားပြီးဝမ်းမြောက်စွာခံယူလာပေမယ့် ခက်ခဲကြမ်းတမ်းတာတွေ ညှင်းပန်းနှိပ်စက်တာတွေ ခံရတဲ့အခါ ဖေါက်ပြန်တတ်တဲ့သူကိုဆိုလိုတယ်။
ဆူးပင်တွေပေါများတဲ့မြေကတော့တရားစကားကိုကြားပြီးအချိန်တွေကြာလာတဲ့အခါ ကြွယ်ဝချမ်းသာတာ၊ လောကရဲ့ပျော်ရွှင်တာတွေနဲ့ပဲ မွန်းကြပ်ပြီး ဘုရားသခင်ကို မချစ်နိုင်တဲ့သူကိုဆိုလိုတယ်။ အဲဒါကြောင့်တရားစကားကိုပဲကြားနာခဲ့ပေမယ့် အသီးမသီးနိုင်ဘူး။
ကောင်းတဲ့မြေဆိုတာကတော့ ဘုရားရဲ့စကားတော်ကိုကြားနာယုံကြည်ပြီး အသီးအများကြီး သီးပွင့်စေတဲ့သူကိုဆိုလိုတယ်။
အခြေပြုကျမ်းညွှန်း - ရှင်မဿဲ ၁၃: ၁-၈၊ ရှင်မာကု ၄: ၁-၈၊ ၁၃- ၂၀၊ ရှင်လုကာ ၈ : ၄-၁၅