၄၃။ စတင်လာတဲ့အသင်းတော်
အရှင်ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက်ပိုင်းမှာ တပည့်တော်တွေဟာ ယေရှုမိန့်မှာခဲ့တဲ့အတိုင်း ယေရုရှလင်မြို့မှာ စောင့်နေကြတယ်။ ယုံကြည်သူတွေဟာ အဲဒီမှာ အဆက်မပြတ် အတူတကွ ဆုတောင်းကြတယ်။
ဂျူးလူမျိုးတွေဟာ ပသခါပွဲပြီး ရက်- ၅၀ မြောက်နေ့မှာ သူတို့အတွက် အရေးကြီးတဲ့ ပင်တေကုတ္တေပွဲကို နှစ်တိုင်း ကျင်းပကြတယ်။ ပင်တေကုတ္တေပွဲနေ့ဟာ ဂျူးလူမျိုးတွေ ကောက်ပဲသီးနှံရိတ်သိမ်းတဲ့ ပွဲဖြစ်တယ်။ အဲဒီပွဲကို ကျင်းပြဖို့ ဂျူးတွေဟာ ကမ္ဘာ့နေရာအသီးသီးကနေ ယေရုရှင်လင်မြိုကို လာကြတယ်။ ဒီတနှစ်ကတော့ အဲဒီပွဲကို အရှင်ယေရှု ကောင်းကင်ကို ပြန်သွားပြီးနောက် တပတ်မှာ ကျင်းပကြတယ်။
အဲဒီလိုနဲ့ ယုံကြည်သူတွေ အတူတူရှိနေကြတဲ့အချိန်မှာ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်တဲ့ အသံမျိုးဟာ သူတို့အိမ်မှာ ဟိန်းသွားတယ်။ ပြီးတော့ မီးလျှံလိုမျိုးလျှာက သူတို့တစ်ယောက်စီရဲ့ ခေါင်းပေါ်မှာ ပေါ်လာတယ်။ အဲဒီအခါမှာ သူတို့ဟာ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ပြီးတော့ ဘာသာစကားအမျိုးမျိုးနဲ့ ပြောနေကြတယ်။
ယေရုရှင်မြို့မှာ ရှိတဲ့ လူတွေဟာ ဘာဖြစ်တာလဲဆိုတာကို ကြည့်ဖို့ ရောက်လာကြတယ်။ အဲဒီလိုလာကြည့်ကြပြီး ယုံကြည်သူတွေ ဘုရားသခင်ရဲ့ အံ့ဩဖွယ်ရာတွေနဲ့ ပတ်သက်ပြီး တရားဟောနေတာကို ကြားတဲ့အချိန်မှာ “ ငါတို့ရဲ့ ဘာသာစကားကို ကြားနေရပါလား” ဆိုပြီးတော့ အံ့သြသွားကြတယ်။
အဲဒီအခါမှာ လူတချို့က ယုံကြည်သူတွေ အရက်သောက်ထားတယ်လို့ အပြစ်တင်ကြတယ်။ အဲဒီအခါမှာ ပေတရုက ထပြီးတော့ “ငါပြောတာကို နားထောင်ကြ၊ ဒီလူတွေဟာ အရက် သောက်ထားကြတာမဟုတ်ဘူး၊ ဘုရားစကားကို ပြောပေးတဲ့ ယောလပြောတဲ့ နောက်ဆုံးသောနေ့မှာ ငါရဲ့ ဝိညာဉ်ကို သွန်းလောင်းမယ်လို့ ဟောပြောချက်က အခု ပြည့်စုံပြီ”။
“အစ္စရေးလူတို့၊ မင်းတို့ သိမြင်ကြတဲ့အတိုင်း အရှင်ယေရှုဟာ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ထူးဆန်းတဲ့ နိမိတ်လ္ခဏာတွေ၊ အံဩစရာတွေကို လုပ်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့ သူ့ကို ကားစင်တင်ပြီး သတ်ခဲ့တယ်”။
“ယေရှုဟာ သေသွားပေမဲ့ ဘုရားသခင်က သူ့ကို ထမြောက်စေတယ်။ ဘုရားသခင်ရဲ့ စကားကို ပြောပေးနိုင်တဲ့ သူတွေပြောခဲ့တဲ့ ‘သန့်ရှင်းသူကို သင်္ချိုင်းတွင်းမှာ မပုတ်မသိုးစေဘူး’ဆိုတဲ့ စကားဟာ အခုဖြစ်လာပြီ။ ဘုရားသခင်က အရှင်ယေရှကို သေရာကနေ ပြန်ရှင်စေတဲ့ အကြောင်းအတွက် ငါတို့ဟာ သက်သေခံတွေဖြစ်ကြတယ်”။
“အရှင်ယေရှုဟာ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ချီးမြောက်ခြင်းခံတယ်။ အရှင်ယေရှု ကတိပေးခဲ့တဲ့အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွတ်တာဖြစ်တယ်။ အခုမင်းတို့ မြင်ရ ကြားရတာတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့်ဖြစ်တယ်။”
“မင်းတို့ ကားစင်တင်ပြီး သတ်ခဲ့တဲ့ လူဟာ အရှင်ယေရှဖြစ်တယ်။ ဒါပေမဲ့ အရှင်ယေရှုဟာ ဘုရားသခင်ဖြစ်စေတဲ့ သခင် နဲ့ ကယ်တင်ရှင်ဆိုတာ မင်းတို့ သိကြပါ”လို့ ပြောတယ်။
ပေတရု ပြောတာကို နားထောင်ကြတဲ့ သူတွေဟာ အကြွင်းမဲ့ စိတ်လှုပ်ရှားကြတယ်။ အဲဒါကြောင့် ပေတရုနဲ့ တခြားတပည့်တော်တွေကို “ညီအစ်ကိုတို့၊ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ” လို့ ပြန်မေးကြတယ်။
ပေတရုက “မင်းတို့တွေ နောင်တရပြီးတော့ အရှင်ယေရှုခရစ်တော်ရဲ့ နာမကိုမှီပြီး ဗတ္တိဇံခံ (ယုံကြည်သူဖြစ်တယ်ဆိုတာကို သက်သေပြ)ကြပါ၊ ဒါဆိုရင် ဘုရားသခင်က မင်းတို့ကို အပြစ်လွှတ်မယ် ပြီးတော့ သန့်ရှင်သောဝိညာဉ်တော်ကို မင်းတို့ကို ပေးမယ်”လို့ ပြန်ဖြေတယ်။
ပေတရု ဟောတဲ့စကားကို ယုံကြည်လက်ခံတဲ့ သူတွေဟာ လူပေါ့င်း- ၃၀၀၀ လောက်ရှိတယ်။ အရှင်ယေရှုနောက်လိုက်တွေဖြစ်သွားတယ်။ ဗတ္တိဇံကို ခံတယ်။ ပြီးတော့ ယေရုရှလင် အသင်းတော်မှာ ပါဝင်လာကြတယ်။
တမန်တော်တွေရဲ့ သွန်သင်ခြင်းကို ဆက်ပြီး နာခံကြတယ်။ သူတို့နဲ့ အတူတကွ နေထိုင်စားသောက်ကြတယ်။ အတူတကွ ဆုတောင်းကြတယ်။ အတူတကွ ဘုရားသခင်ကို ချီးမွမ်းရင်း နဲ့ ပျော်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရှိသမျှကို ဝေမျှကြတယ်။ လူတိုင်းက သူတို့ ကောင်းကြောင်းကို ပြောကြတယ်။ နေ့တိုင်း ယုံကြည်သူ အသစ်တွေတိုးလာတယ်။
အခြေပြုကျမ်းညွှန်း - တမန်တော်ဝတ္ထု ၂