မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၈။ အရှင်ယေရှုအဖမ်းခံရခြင်း

Frame 38-01

နှစ်စဉ်နှစ်တိုင်း ဂျူးလူမျိုးတွေဟာ ပသခါပွဲကို ကျင်းပကြတယ်။ ဒီပွဲကို ကျင်းပရခြင်းအကြောင်းအရင်းက ဟိုးအရင်နှစ်ပေါင်းများစွာက အီဂျစ်ပြည်မှာ ကျွန်ခံခဲ့ဖူးတဲ့ သူတို့ရဲ့ ဘိုးဘေးတွေကို ကျွန်ဘဝက လွတ်အောင် ဘုရားသခင် ကယ်ခဲ့လို့ ဖြစ်တယ်။ သုံးနှစ်ကြာလာတဲ့အချိန်အထိ အရှင်ယေရှုက လူတွေကို တရားဟောခဲ့တယ် သင်ကြားပေးခဲ့တယ်။ တစ်နေ့တော့ အရှင်ယေရှုဟာ သူ့တပည့်တော်တွေကို ‘ယေရုရှလင်မှာ မင်းတို့နဲ့အတူ ပသခါပွဲစားချင်တယ်။ အဲဒီမြို့မှာ ငါအသေခံရလိမ့်မယ်’ လို့ပြောတယ်။

Frame 38-02

အရှင်ယေရှုရဲ့တပည့်တော်တွေထဲမှာ ယုဒက ဘဏ္ဍာထိန်း ဖြစ်တယ်။ သူကငွေ အရမ်းတပ်မက်တယ်။ ဒါကြောင့်ငွေကိုင်တဲ့အခါ ခဏခဏငွေအိတ်ထဲကငွေကို ခိုးယူတယ်။ ယေရှုနဲ့ သူ့တပည့်တွေက ယေရုရှလင်မြို့ကိုရောက်တဲ့အခါ ယုဒက ဘာသာရေးခေါင်းဆောင်တွေဆီသွားပြီး အရှင်ယေရှုကို ဖမ်းဆီးဖို့ သူကူညီပေးမယ်လို့ ပြောတယ်။ ပြီးတော့ အဲ့လိုလုပ်ပေးရင်အခပေးရမယ်လို့လဲပြောတယ်။ ဘာသာရေးခေါင်းဆောင်တွေက ယေရှုကို ကယ်တင်ရှင် အဖြစ်လက်မခံတဲ့အပြင် အပြစ်ရှာနေတာကို သူကသိနေတယ်။

Frame 38-03

ဂျူးဘာသာရေးခေါင်းဆောင်က ဦးဆောင်ပြီးတော့ ယုဒကို ငွေသုံးဆယ်ပေးလိုက်တယ်။ အရှင်ယေရှုကိုဖမ်းနိုင်အောင် ကူညီပေးဖို့ပေါ့။ ယုဒကလည်း သဘောတူပြီးထွက်သွားတယ်။ ဒါဟာဘုရားစကားကို ပြောပေးတဲ့သူတွေ ပြောထားတဲ့အတိုင်းပြည့်စုံလာတာ ဖြစ်တယ်။ အဲ့ဒါနဲ့ပဲယေရှုကို ဖမ်းပေးနိုင်မယ့်အကွက်ကို သူချောင်းနေတော့တယ်။

Frame 38-04

ယေရုရှလင်မှာ ယေရှုဟာ သူ့တပည့်တော်တွေနဲ့အတူ ပသခါပွဲကိုကျင်းပတယ်။ အဲ့ဒီပွဲမှာသူဟာမုန့်တစ်ချို့ကိုဖဲ့ယူပြီးတော့ ‘ဒီမုန့်ကိုစားပါ။ဒါဟာမင်းတို့အတွက် ကျိုးပဲ့ကြေမွတဲ့ ငါ့ရဲ့အသားဖြစ်တယ်။ ငါ့ကိုသတိရဖို့စားကြပါ။’ ဆိုပြီးတော့ သူအသတ်ခံရမယ့်အကြောင်းကို ပြောပြတယ်။

Frame 38-05

အဲ့ဒီနောက်မှာ ခွက်ကို ယူပြီးတော့ပြောတယ်။ ‘ဒီခွက်ကိုသောက်ပါ။ ဒီခွက်က မင်းတို့ရဲ့အပြစ်ကိုလွတ်ဖို့စီးကျတဲ့ ငါ့ရဲ့ကတိတော် အသစ်ဖြစ်တဲ့ အသွေးဖြစ်တယ်။ မင်းတို့သောက်တဲ့အခါတိုင်း ငါ့ကို အမှတ်ရဖို့အတွက်ဖြစ်စေပါ။’

Frame 38-06

အဲ့ဒီနောက်မှာ အရှင်ယေရှုက သူ့ရဲ့တပည့်တွေကို ပြောတယ်။ ‘မင်းတို့အထဲကတစ်ယောက်ဟာ ငါ့ကို ရန်သူလက်ထဲ အပ်လိမ့်မယ်။’ အဲ့ဒါကို သူ့တပည့်တွေလည်းကြားရော ပျာယာခပ်ကုန်ပြီးတော့ ‘ဘယ်သူက ဒီလိုမျိုးလုပ်ရဲတာလဲ’ လို့မေးတယ်။ အဲ့ချိန်မှာ အရှင်ယေရှုက ‘ငါမုန့်ပေးတာကို ရတဲ့လူပဲ’ လို့ပြောပြီး မုန့်ကိုယူပြီး ယုဒကိုပေးလိုက်တယ်။

Frame 38-07

ယုဒကမုန့်ကိုယူလိုက်တယ်။ အဲ့ဒီနောက်မှာ စာတန်က သူ့အထဲကို ချက်ချင်း ဝင်လာတယ်။ ယုဒက ထွက်သွားပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ပြီး အရှင်ယေရှုကို ဖမ်းနိုင်အောင် ကူညီပေးမှာ ဖြစ်တယ်။

Frame 38-08

အရှင်ယေရှုနဲ့ သူ့တပည့်တော်တွေဟာ ညစာစားပြီးတာနဲ့ သံလွင်တောင်ကို သွားကြတယ်။ အရှင်ယေရှုက “ဒီညမှာ မင်းတို့အားလုံး ငါ့ကို စွန့်ပစ်သွားကြလိမ့်မယ်” ကျမ်းစာမှာရေးထားတဲ့အတိုင်း “ငါနဲ့ငါ့သိုးတွေ ဟာ ရိုက်နက်ခြောက်လန့်တာကို ခံရလို့ တကွဲတပြား ကွဲပြားသွားကြလိမ့်မယ်” လို့ ပြောလိုက်တယ်။

Frame 38-09

အဲ့ဒီအချိန်မှာ ပေတရုက “ ကိုယ်တော် တခြားလူတွေက ကိုယ်တော်ကို စွန့်ပစ်ရင်လည်း ကျွန်တော်က မစွန်ပစ်ဘူး”လို့ပြောလိုက်တယ်။ ​အရှင်ယေရှုက “စာတန်က မင်းမှာရှိတဲ့အရာအားလုံးကို အသုံးပြုချင်နေတယ် ဒါပေမဲ့ မင်းရဲ့ယုံကြည်ခြင်း ယိုင်မသွားအောင်ငါ မင်းအတွက်ဆုတောင်းနေတယ်။ ဒါတောင်မှ ပေတရု၊ ဒီည ကြက်ဖ မတွန်ခင် မင်းကငါ့ကို သုံးကြိမ်ငြင်းပယ်လိမ့်မယ်”

Frame 38-10

ပေတရုက “ကျွန်တော် သေရရင်တောင်မှကိုယ်တော့်ကို မငြင်းပယ်ဘူး”လို့ပြန်ပြောလိုက်တယ် တခြားတပည့်တော်တွေကလည်း အဲဒီအတိုင်း အရှင်ယေရှုကို ပြန်ပြောကြတယ်။

Frame 38-11

အရှင်ယေရှုနဲ့ သူ့တပည့်တွေက ဂေသရှေမန်ဥယာဉ်ကို ရောက်သွားတယ်။ အရှင်ယေရှုက သူ့တပည့်တွေကို စုံစမ်းခြင်းမခံရဖို့ ဆုတောင်းခိုင်းတယ်။ ပြီးတော့ အရှင်ယေရှုက သူတစ်ယောက်တည်း ဆုတောင်းဖို့ထွက်သွားတယ်။

Frame 38-12

အရှင်ယေရှုက သုံးကြိမ်ဆုတောင်းတယ်။ “ အဖ ဖြစ်နိုင်ရင် ဒီဒုက္ခခွက်ဖလား ကနေလွဲလို့ရရင် လွဲပေးပါ ဒါပေမဲ့ လူတွေအပြစ်ကလွတ်အောင်လုပ်နိုင်တဲ့ တခြားနည်းလမ်းမရှိရင်တော့ အဖရဲ့အလိုတော်အတိုင်း ဖြစ်ပါစေ”ဆိုပြီးဆုတောင်းတယ်။ အရှင်ယေရှုဟာ အရမ်းစိတ်အားငယ်ပြီး နွမ်းနယ်နေတဲ့အတွက် သူ့ရဲ့ ချွေးတွေက သွေးလို စီးကျလာတယ်။ ဘုရားသခင်က ကောင်းကင်တမန်ကိုစေလွတ်ပြီးအရှင်ယေရှုကို အားပေးခိုင်းတယ်။

Frame 38-13

အရှင်ယေရှုဟာ ဆုတောင်းပြီး တဲ့အခါတိုင်းသူ့တပည့်တွေဆီပြန်လာကြည့်တယ်။ ဒါပေမယ့် သူ့တပည့်တွေက အိပ်ပျော်နေကြတယ်။ သုံးကြိမ်မြောက်လာကြည့်တဲ့အခါမှာတော့ အရှင်ယေရှုက သူ့တပည့်တွေကို “ထကြထကြငါ့ကို အပ်နှံမယ့်အချိန်ရောက်ပြီ” လို့ပြောတယ်။

Frame 38-14

အဲ့ချိန်မှာ ယုဒရှကာရုတ်ဟာဘာသာရေးခေါင်းဆောင် တွေ၊ စစ်သားတွေ၊ အတူ ဓါးတွေလှံတွေအများကြီးကိုင်ပြီး ရောက်လာကြတယ်။ အဲ့ဒီအချိန်မှာ ယုဒရှကာရုတ်က အရှင်ယေရှုအနားကိုလာပြီးတော့ အရှင်ယေရှုကို ‘ဆရာ’ လို့နှုတ်ဆက်ပြီး နမ်းလိုက်တယ်။ အဲလိုလုပ်ပြတာဟာ ဘာသာရေးခေါင်းဆောင်တွေက အရှင်ယေရှုကို သိအောင်လို့ပေါ့။ အရှင်ယေရှုက “ယုဒ မင်းရဲ့အနမ်းနဲ့ ငါ့ကို သစ္စာဖောက်တာလား”လို့ ပြောလိုက်တယ်။

Frame 38-15

စစ်သားတွေက အရှင်ယေရှုကို ဖမ်းလိုက်တဲ့အခါမှာ ပေတရုက သူ့ရဲ့ဓါးကိုဆွဲထုတ်ပြီးတော့ ဘာသာရေးခေါင်းဆောင်နောက် ပါလာတဲ့ သူတို့ရဲ့တပည့်တစ်ယောက်ရဲ့ နားရွက်ကို ဖြတ်လိုက်တယ်။ အဲ့ချိန်မှာ အရှင်ယေရှုက “ဓါးကို ပြန်ထားပါ။ ငါ့ကိုကာကွယ်ဖို့အတွက်ငါ့အဖေကို ကောင်းကင်တမန်တွေစေလွတ်ခိုင်းလို့ရတယ်။ ဒါပေမဲ့ ငါ့အဖေရဲ့အလိုတော်အတိုင်း လိုက်နာရမယ်”လို့ပြောလိုက်တယ်။ ပြီးတော့ နားရွက်ပြတ်သွားတဲ့သူကို ပြန်ပြီး ကောင်းသွား အောင်လုပ်ပေးလိုက်တယ်။ အရှင်ယေရှုကိုဖမ်းခေါ်သွားတဲ့အချိန်မှာ သူ့တပည့်တွေအားလုံးဟာ ထွက်ပြေးသွားကြတယ်။

အခြေပြုကျမ်းညွှန်း - မဿဲ ၂၆: ၁၄-၅၆၊ မာကု ၁၄: ၁၀-၅၀၊ လု ၂၂: ၁-၅၃၊ ယောဟန် ၁၂: ၆၊ ၁၈: ၁-၁၁