၄၀။ အကွပ်မျက်ခံရတဲ့ အရှင်ယေရှု
စစ်သားတွေဟာ အရှင်ယေရှုကို ကို လှောင်ပြောင်ပြီးတဲ့နောက်မှာ သူ့ကိုကားတင် သတ်ဖို့အတွက်ခေါ်သွားကြတယ်။ ခေါ်သွားတဲ့အခါ သူ့ကို တင်သတ်မဲ့ ကားတိုင်ကိုလည်း ထမ်းစေခဲ့ပါတယ်။
စစ်သားတွေဟာ အရှင်ယေရှုကို ဦးခေါင်းခွံအရပ်လို့ခေါ်တဲ့ ဂေါလဂေါသဆီကို ခေါ်သွားကြတယ်။ သူလက်နဲ့ခြေကို ကားတိုင်မှာ ရိုက်ထားတယ်။ အရှင်ယေရှုက ‘သူတို့ဟာ သူတို့လုပ်တဲ့ လုပ်ရပ်ကို မသိလို့ သူတို့လုပ်တဲ့အပြစ်ကို ခွင့်လွတ်ပေးတော်မူပါ’ ဆိုပြီးသူ့ဖခမည်းတော်ကို တောင်းပန်ပေးခဲ့တယ်။ ပိလတ်မင်းက အရှင်ယေရှုရဲ့ အသတ်ခံရတဲ့ လက်ဝါးကားတိုင်ပေါ်မှာ ‘ဂျူးတို့ရဲ့ ဘုရင်’ ဆိုတဲ့ စာတန်းကို ရေးခိုင်းပြီး လက်ဝါးကားတိုင်ပေါ်မှာ ရိုက်ထားခဲ့ကြတယ်။
စစ်သားတွေက အရှင်ယေရှုရဲ့အဝတ်အစားကို စရေးတံချကြတယ်။ ရှေးကဘုရားစကားပြောပေးတဲ့ ပုဂ္ဂိုလ်တွေ ပြောခဲ့တဲ့အတိုင်း အခုပြည့်စုံလာတာကို တွေ့လာရတယ်။ ‘သူတို့ဟာ ငါ့ဝတ်ရုံတော်ကို စရေးတံချကြလိမ့်မယ်။’
သူခိုးနှစ်ယောက်ကြားမှာ အရှင်ယေရှုကိုထားပြီး ကွပ်မျက်ကြတယ်။ သူတို့အထဲက တစ်ယောက်ကတော့ အရှင်ယေရှုကို ကဲ့ရဲ့ပြီး အခြားတစ်ယောက်ကတော့ ကဲ့ရဲ့တဲ့လူကို ‘ဘုရားကိုမကြောက်ဘူးလား။ ငါတို့က အပြစ်ရှိပေမဲ့ ဒီလူက အပြစ်မရှိဘူး။’ လို့ပြောပြီး အရှင်ယေရှုဘက်ကို လှည့်ပြီး ‘ကိုယ်တော်ရဲ့ နိုင်ငံတော်မှာ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို သိမှတ်ပေးပါ’လို့ပြောလိုက်တယ်။ အရှင်ယေရှုကသူ့ကို ‘ဒီနေ့ပဲ ပါရသိသုဘုံမှာ ငါနဲ့အတူရှိလိမ့်မယ်’ လို့ပြောခဲ့တယ်။
လူအုပ်ကြီးထဲက ဂျူးဘာသာရေးခေါင်းဆောင်နဲ့ အခြားလူတွေက အရှင်ယေရှုကို လှောင်ရယ်ကြတယ်။ ‘ခင်ဗျားဟာ ဘုရားသားတကယ်ဟုတ်တယ်ဆိုရင် ကားတိုင်ပေါ်ကဆင်းပြီးကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ။ ကယ်တင်နိုင်ရင် ကျွန်တော်တို့ ယုံကြည်မယ်။’
နေ့လည်းပိုင်းလောက်ကစပြီးနေရာတိုင်းမှာ အမှောင်ထုဖုံးလွမ်းသွားတယ်။ အဲ့ဒီ အမှောင်ထုက သုံးနာရီလောက်ကြာအောင် မှောင်နေတယ်။
အရှင်ယေရှုက ‘အမှုပြီးပြီ၊ ဘုရားရဲ့လက်ထဲကို ကျွန်တော့်ဝိညာဉ်ကို အပ်နှံလိုက်ပါတယ်’ လို့အသံကျယ်ကြီးနဲ့ ပြောပြီးနောက်မှာ ခေါင်းငိုက်စိုက်ကျပြီး သူ့ဝိညာဉ်ကို အပ်နှံလိုက်တော့တယ်။ အရှင်ယေရှု အသက်ကုန်သွားတာနဲ့ ငလျင်လှုပ်တယ်။ ဘုရားရှိတဲ့ နေရာကို မသွားနိုင်အောင် ကာထားတဲ့ ဗိမာန်တော်က ကန့်လန်ကာလည်း အထက်ကနေ အောက်အထိ နှစ်ခြမ်းကွဲသွားတယ်။
အရှင်ယေရှု အသေခံတဲ့အတွက် လူတွေဟာဘုရားဆီကိုလာဖို့လမ်းပွင့်ခဲ့တယ်။ အရှင်ယေရှုကို စောင့်ကြည့်တဲ့ စစ်သားတွေက အဖြစ်အပျက်တွေကို မြင်ပြီး ‘ဒီလူဟာ အပြစ်မရှိဘူး။ ဘုရားသခင်ရဲ့ သားတော်စစ်စစ်ပဲ’ လို့ ဝန်ခံခဲ့ကြတယ်။
အရှင်ယေရှုကို မေရှိယကယ်တင်ရှင်လို့ ယုံကြည်တဲ့ ဂျူးခေါင်းဆောင် ယောသပ်နဲ့ နိကောဒင်ဟာ အရှင်ယေရှုရဲ့ ရုပ်ကလပ်ကို ပိလတ်မင်းဆီကတောင်းကြတယ်။ ပြီးတော့ အရှင်ယေရှုရဲ့ ရုပ်ကလပ်ကို အဝတ်နဲ့ ပတ်ပြီး ကျောက်သင်္ချိုင်းဂူထဲမှာ ထည့်တယ်။ ပြီးတော့ ကျောက်တုံးကြီးနဲ့ လှိမ့်ပြီး ပိတ်ထားလိုက်ကြတယ်။
အခြေပြုကျမ်းညွှန်း - မဿဲ၂၇: ၂၇-၆၁၊ မာကု ၁၅: ၁၆- ၄၇၊ လု ၂၃: ၂၆- ၅၆၊ ယော ၁၉: ၁၇- ၄၂