၄၁။ ယေရှုသေခြင်မှရှင်ပြန်ထမြောက်ခြင်း
ရောမစစ်သေားတွေဟာ အရှင်ယေရှုကိုကားတိုင်ပေါ်တင်သတ်ပြီးတဲ့အခါ သူ့ကိုမယုံကြည်တဲ့ ယုဒခေါင်းဆောင်တွေက ပိလတ်ရှင်ဘုရင်ကို ဒီလူလိမ်ယေရှုက သုံးရက်မြောက်တဲ့နေ့မှာသေခြင်းက ပြန်ရှင်မယ်လို့ သူ့တပည့်တွေကို မှာခဲ့တယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို လာမခိုးနိင်အောင် သူ့ဂူကို အစောင့်တွေနဲ့သေသေချာချာထားပါလို့ ကြပ်ကြပ်မှာခဲ့တယ်။
ပိလတ်မင်းက အရှင်ယေရှုအလောင်းကို ဂူထဲမှာ ထည့်ပြီး ကျောက်တုံးကြီးနဲ့ ဂူဝကို ပိတ်ခိုင်းပြီးတော့ စစ်သားတွေကိုလည်း ဂူကို ကြပ်ကြပ်စောင့်ကြည့်ဖို့ မှာခဲ့တယ်။
အရှင်ယေရှုကို သဂြိုဟ်လို့လည်းပြီးသွားပြီ။ ပြီးတော့ ဥပုဒ်နေ့လည်းလွန်ရော အမျိုးသမီးတွေဟာ အမွေးနံ့သာတွေကို ကိုယ်စီယူခဲ့ပြီး အလောင်းကို လိမ်းပေးဖို့ ရောက်လာခဲ့တယ်။ ဂျူးလူမျိုးတွေဟာ ဥပုဒ်နေ့မှာ ဂူကို သွားခွင့်မရှိတဲ့အတွက် အဲ့ဒီနေ့အလွန်နံနက်စောစောကျမှ ဂူကို သွားခဲ့တာ ဖြစ်တယ်။
ရုတ်တရက်ချက်ချင်း မြေငလျင် လှုပ်ခတ်ပြီးတောက်ပတဲ့ အလင်းရောင်နဲ့အတူ ကောင်းကင်တမန်ဟာ အထက်က ရောက်ရှိလာတယ်။ သူဟာ ဂူဝမှာ ပိတ်ဆို့ထားတဲ့ ကျောက်တုံးကို လှိမ့်လိုက်ပြီး ကျောက်တုံး အပေါ်မှာ ထိုင်နေခဲ့ပါတယ်။ အစောင့်စစ်သားတွေဟာ သေလုမတတ် ကြောက်ရွှံ့ထိတ်လန့်ပြီးမြေပေါ်မှာ လဲကျပြီး မှင်သက်သွားကြတယ်။
အမျိုးသမီးတွေ သင်္ချိုင်းဂူလည်းရောက်ရော ကောင်းကင်တမန်က သူတို့ကို ‘မကြောက်ကြနဲ့။ အရှင်ယေရှုဟာ ဒီမှာ မရှိတော့ဘူး။ သူပြောခဲ့တဲ့အတိုင်း သူဟာ ပြန်ရှင်လာပြီ။ မယုံဘူးဆိုရင် ဒီမှာ လာကြည့်ပါ’ လို့ပြောခဲ့တယ်။ အမျိုးသမီးတွေဟာ ဂူထဲကြည့်လိုက်တော့ တကယ်ပဲ အရှင်ယေရှုရဲ့အလောင်း ကမရှိတော့ဘူး။
အဲ့ဒီနောက် ကောင်းကင်တမန်က အမျိုးသမီးတွေကို ‘သွားပါ။ အရှင် ယေရှုရဲ့ အနီးကပ်တပည့်တော် တွေကို ပြောပြပါ၊ အရှင်ယေရှုဟာ ပြန်ရှင်လာပြီ။ သူဟာဂါလိလဲနယ်ကို သွားနှင့်ထားလိမ့်မယ် လို့သွား ပြောပြပါ’ လို့ပြောခဲ့တယ်။
အမျိုးသမီးတွေဟာ ကြောက်လည်းကြောက်ပေမဲ့ အရမ်းလည်း ပျော်ရွှင်ခဲ့ကြတယ်။ သူတို့ဟာ အရှင်ယေရှုရဲ့တပည့်တော်တွေကို သတင်းကောင်းကို ပြောပြဖို့အတွက် ထွက်သွားခဲ့တယ်။
သူတို့သွားနေချိန်မှာပဲ အရှင်ယေရှုဟာသူတို့နဲ့အတူရောက်ရှိလာတယ်။ သူတို့ယေရှုကိုလည်းတွေ့ရော ပျပ်ဝတ်ကိုးကွယ်ခဲ့ကြတယ်။ အရှင်ယေရှုက ‘မကြောက်ကြပါနဲ့။ တပည့်တော်တွေကိုလည်း သွားပြောကြပါ။ ငါတို့ ဂါလိလဲမှာတွေ့ကြမယ်။ အဲ့ဒီကိုလာခဲ့’ ဆိုပြီးမှာလိုက်တယ်။
အခြေပြုကျမ်းညွှန်း - ရှင်မသဲ ၂၇ ၆၂-၂၈ ၁၅၊ ရှင်မာကု ၁၆ ၁-၁၁၊ ရှင်လုကာ ၂၄ ၁-၁၂၊ ယောဟန် ၂၀ ၁-၁၈