၄၂။ ကောင်းကင်ကို ပြန်တက်သွားတဲ့ အရှင်ယေရှု
အရှင်ယေရှု ရှင်ပြန်ထမြောက်တဲ့နေ့မှာ သူ့ရဲ့ တပည့်တော်နှစ်ယောက်ဟာ အနီးအနားမှာရှိတဲ့ မြို့တစ်မြို့ကို ခရီးသွားကြတယ်။ သွားရင်းနဲ့ သူတို့ဟာ အရှင်ယေရှုအကြောင်း ဖြစ်ပျက်ခဲ့သမျှကို ပြောနေကြတယ်။ သူတို့က အရှင်ယေရှုကို မေရှိယအဖြစ် မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အရှင်ယေရှုဟာ အသတ်ခံခဲ့ရတယ်။ အခုကျတော့ အမျိုးသမီးတွေက အရှင်ယေရှု အသက်ပြန်ရှင်လာပြီ လို့ ပြောနေပြန်ပြီ။ သူတို့ ဘာကို ယုံရမှန်း အသိကြတော့ဘူး။
အရှင်ယေရှုက သူတို့ဆီကို ချဉ်းကပ်လာပြီး အတူလမ်းလျှောက်ကြပေမယ့် သူတို့ အရှင်ယေရှုကို မမှတ်မိကြဘူး။ ဘာအအကြောင်းကို ပြောနေကြတာလဲလို့ အရှင်ယေရှုက မေးတော့ သူတို့က “ လွန်ခဲ့တဲ့ ရက်ပိုင်းလေးက အရှင်ယေရှုမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ အဖြစ်အပျက်အကြောင်းကို ပြောနေကြတာ”လို့ ပြန်ပြောတယ်။ သူတို့က အရှင်ယေရှုကို ယေရုရှင်လင်မြို့မှာ ဖြစ်ခဲ့တာတွေကို မသိသေးတဲ့ ဧည့်သည် တစ်ယောက်လို့ ထင်နေတယ်။
အရှင်ယေရှုက မေရှိယအကြောင်းနဲ့ ပက်သက်ပြီး ဘုရားသခင်ရဲ့ စကားတော်ဟာ ဘာလည်း ဆိုတာ သူတို့ကို ရှင်းပြတယ်။ ပရောဖက်တွေပြောခဲ့တဲ့ မေရှိယဟာ နာကျင်မှုတွေနဲ့ အတူအသတ်ခံရမယ်၊ ဒါပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ ပြန်ရှင်မယ်ဆိုတဲ့အကြောင်းကို သူတို့ကို ထပ်ပြီး သတိပေးတယ်။ အဲလိုနဲ့ အဲဒီလူနှစ်ယောက်ဟာ သူတို့သွားချင်တဲ့ မြို့ကို ရောက်တဲ့အချိန်မှာ နေတောင် တော်တော်စောင်းနေပြီ။
အဲဒီ တပည့်တော်နှစ်ယောက်ဟာ အရှင်ယေရှုကို သူတို့နဲ့အတူ တည်းခိုဖို့ ပြောတော့ အရှင်ယေရှုကလည်း လိုက်သွားတယ်။ ညနေစာစားဖို့အချိန်ရောက်တဲ့အခါမှာ အရှင်ယေရှုက မုန့်တလုံးကို ကောက်ယူလိုက်တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပြီးတော့ မုန့်ကို ဖဲ့လိုက်တယ်။ အဲဒီအချိန်မှာပဲ ချက်ခြင်းပဲ သူတို့က အရှင်ယေရှုဆိုတာကို သိသွားကြတယ်။ တချိန်တည်းမှာပဲ အရှင်ယေရှုက သူတို့အနားကနေ ပျောက်သွားတယ်။
သူတို့နှစ်ယောက်က “သူဟာ အရှင်ယေရှုပဲ၊ ဒါ့ကြောင့် ငါတို့ကို ဘုရားသခင်ရဲ့ စကားတော်အကြောင်းကို ရှင်းပြတဲ့အခါ ငါတို့ နှလုံးသားတွေက တောက်လောင်နေတာ”ဆိုပြီး အချင်းချင်းပြောကြတယ်။ အဲဒါနဲ့ ချက်ခြင်းပဲ သူတို့ ယေရုရှလင်မြို့ကို ပြန်သွားကြတယ်။ ပြီးတော့ တပည့်တော်တွေကို “အရှင်ယေရှုဟာ အသက်ရှင်တယ်၊ ငါတို့သူ့ကို မြင်ခဲ့ကြတယ်” လို့ ပြန်ပြောကြတယ်။
အဲဒီလို တပည့်တော်တွေ စကားပြောနေတဲ့ အချိန်မှာ အရှင်ယေရှုက ရုတ်တရက် သူတို့ရှိတဲ့ အခန်းထဲမှာ ပေါ်လာပြီးတော့ “မင်းတို့မှာ ငြိမ်သက်ခြင်း ရှိပါစေ”လို့ ပြောတယ်။ တပည့်တော်တွေက သူ့ကို တဆ္စေ လို့ ထင်နေကြတယ်။ အဲဒီအခါ အရှင်ယေရှုက “မင်းတို့ဘာလို့ ကြောက်ပြီး သံသယရှိနေကြတာလဲ၊ ငါ့လက်တွေကို ကြည့်၊ တဆ္စေဆိုတာ ငါ့လိုခန္ဓာကိုယ်မရှိဘူး” လို့ ပြောတယ်။ ပြီးတော့ သူဟာ တဆ္စေမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် စားစရာတစ်ခုကို တောင်းတယ်။ သူတို့က ချက်ပြီးသား ငါးကို ပေးတော့ အရှင်ယေရှုက စားပြတယ်။
အရှင်ယေရှုက “ဘုရားသခင်ရဲ့ စကားတွေထဲမှာ ငါ့အကြောင်းရေးထားသမျှ တွေဟာ ပြည့်စုံမယ်လို့ ငါပြောခဲ့တယ်မဟုတ်လား” ဆိုပြီး ပြောတယ်။ အဲဒီနောက် အရှင်ယေရှုက သူ့ရဲ့ စကားကို နားလည်နိုင်ဖို့ သူတို့ရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့တယ်။ ပြီးတော့ အရှင်ယေရှုက “မေရှိယဟာ နာကျင်မှုတွေနဲ့ အသတ်ခံရမယ်၊ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်မယ်ဆိုတာ ရေးသားခဲ့တယ်”
ပြီးတော့ “ငါ့ရဲ့ တပည့်တော်တွေက လူတွေကို သူတို့အပြစ်ကနေ ခွင့်လွတ်ခြင်းရဖို့အတွက် နောင်တရကြပါ ဆိုပြီး ကြွေးကြော်လိမ့်မယ် လို့လည်း ရေးထားခဲ့တယ် သူတို့ဟာ ဒါကို ယေရုရှလင်ကနေ စလုပ်မယ်၊ ပြီးတော့ အနယ်နယ်အရပ်ရပ်ကို သွားလိမ့်မယ်။ မင်းတို့ဟာ ဒီအရာတွေအတွက် သက်သေဖြစ်တယ်”လို့ ပြောပြတယ်။
အဲဒီနောက် ရက်ပေါင်း- ၄၀ အတောအတွင်း အရှင်ယေရှုဟာ တပည့်တော်တွေရှေ့မှာ အကြိမ်ကြိမ် ပေါ်လာတယ်။ တကြိမ်မှာတော့ လူ ၅၀၀ ထက်မနည်းတဲ့ လူတွေရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့ တပည့်တော်တွေကို သူအသက်ရှင်ကြောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ပြပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်းကို သူတို့ကို သင်ပေးတယ်။
အရှင်ယေရှုက “ကောင်းကင်နဲ့မြေကြီးမှာ ရှိသမျှအာဏာကို ငါပိုင်တယ်၊ ဒါကြောင့် သွားပြီး လူမျိုးအားလုံးကို ငါ့တပည့်ဖြစ်စေကြ၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ဗတ္တိဇံကို ပေးကြ၊ ပြီးမှ မင်းတို့ကို ငါမိန့်မှာခဲ့သမျှ အားလုံးကို သူတို့လည်း နာခံနိုင်ဖို့အတွက် သွန်သင်ပေးကြ၊ မင်းတို့နဲ့အတူ ငါအမြဲရှိမယ်ဆိုတာကို သတိရကြပါ” လို့ ပြောခဲ့တယ်။
အရှင်ယေရှု ရှင်ပြန်ထမြောက်ပြီး ရက် ၄၀မှာ သူ့ရဲ့ တပည့်တော်တွေကို “သန့်ရှင်းသော ဝိညာဉ်တော်ဟာ မင်းတို့အပေါ်ရောက်လာတဲ့အချိန်မှာ ဘုရားသခင်က မင်းတို့ကို တန်ခိုးပေးတဲ့အချိန်ထိ ယေရုရှလင်မြို့မှာ စောင့်နေကြ”လို့ ပြောတယ်။ အဲဒီလိုပြောပြီးတော့ အရှင်ယေရှုဟာ ကောင်းကင်ပေါ်ကို တက်သွားတယ်၊ မိုးတိမ်တွေက သူတို့မြင်ကွင်းကို ကွယ်လိုက်တယ်။ အရှင်ယေရှုဟာ အရာအားလုံးကို စီရင်ဖို့ ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်နေတယ်။
အဲဒီနောက် ရက်ပေါင်း- ၄၀ အတောအတွင်း အရှင်ယေရှုဟာ တပည့်တော်တွေရှေ့မှာ အကြိမ်ကြိမ် ပေါ်လာတယ်။ တကြိမ်မှာတော့ လူ ၅၀၀ ထက်မနည်းတဲ့ လူတွေရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့ တပည့်တော်တွေကို သူအသက်ရှင်ကြောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ပြပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်းကို သူတို့ကို သင်ပေးတယ်။