၂၈။ လူငယ်သူဌေးအကြောင်း
တနေ့တော့လူငယ်သူဌေးလေးတစ်ယောက် အရှင်ယေရှုဆီရောက်လာပြီး ကောင်းမြတ်တဲ့ဆရာ ထာ၀ရအသက်ကိုရဖို့ကျွန်တော်ဘာလုပ်ရမလဲဆရာ လို.မေး တော့ အရှင်ယေရှုက ဘာ.ကြောင့် ကောင်းမြတ်တဲ့ဆရာ လို့တင်စားရတာလဲ။ ဘုရားသခင် တစ်ပါးပဲကောင်းမြတ်တယ်လေ လို့ ပြန်ပြောတယ်။ ဘုရားသခင်ရဲ့ တရားတော်မြတ်ကိုဘဲ နာခံကျင့်သုံးပါ။ဒါမှ မင်း ထာ၀ရအသက်ကိုရမယ် လို့ပြန်မိန့်တော်မူခဲ့တယ်။
ဒါဖြင့်ရင် နာခံကျင့်သုံးတဲ့နည်းလမ်းအတွက် ကျွန်တော့်မှာ ဘာလိုနေလဲ လို့ အရှင်ယေရှုကိုပြန်မေးတဲ့ခါ၊ အရှင်ယေရှုကသူ့အသက်ကိုမသတ်နဲ့၊သူတစ်ပါးသားမယားကိုမပြစ်မှား နဲ့၊ မလိမ်မညာနဲ့၊မခိုးနဲ့၊မိဘကိုရိုသေပါ၊မိမိ၀န်းကျင်ကလူကို မိမိကိုယ်ကိုချစ်သလို ချစ်ရမယ် လို့ပြောခဲ့တယ်။
ဒါနဲ့ လူငယ်လေးက ဒီတရားတော်တွေဟာ ကလေးဘ၀က စလိုက်လျှောက်ခဲ့ပြီးပြီ ထာ၀ရအသက်ရအောင်ဘာလိုသေးလို့လဲ လို့ပြောတော. ယေရှုက သူ့ကိုကြည့်ပြီး ချစ်စရာကောင်းတဲ့လူမှန်းသတိထားမိတယ်။
အရှင်ယေရှုကလဲ မင်း စုံလင်သူတစ်ယောက်ဖြစ်ချင်ရင် မင်းပိုင်တဲ့ပစ္စည်းတွေအားလုံးကို သွားရောင်းလိုက်။ အဲဒီငွေတွေနဲ့ ဆင်းရဲသားတွေကိုသွားပေးပါ ပြီးတော့မှ ငါ့နောက်ကိုလိုက်ခဲ့ လို့ပြန်ပြောတယ်။
အရှင်ယေရှုပြောတဲ့စကားကို လူငယ်သူဌေးလေးကြားတော့စိတ်ပျက်သွား တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပစ္စည်းတွေကိုမပေးချင်ဘူး။ ဒါ့ကြောင့်အရှင်ယေရှုဆီကနေထွက်သွားတယ်။
အဲဒီအချိန်မာ အရှင်ယေရှုကသူ့တပည့်တော်တွေကို ပြောတာက သူဌေးတွေ ကောင်းကင်နိုင်ငံ ရောက်ဖို့ တကယ်ခက်တယ်။ ကုလားအုတ်က အပ်နဖါး ပေါက်ထဲ၀င်တာက ပိုလွယ်အုန်းမယ် ။
အရှင်ယေရှုပြောတဲ့စကားကို တပည့်တော်တွေကြားကြတော့လန့်ဖြန့်ကုန်ကြတယ်၊၊ ဒါဖြင့် ဘယ်သူတွေကယ်တင်ခြင်းရနိုင်တော့မလဲ လို့ တအံ့တသြဖြစ်ကြတယ်။
အရှင်ယေရှုကလဲ တပည့်တော်တွေကိုကြည်.ပြီး ပြောတာက “မဖြစ်နိုင်ဘူးဆိုတာ လူမှာဘဲရှိတယ် ဘုရားမှာ မရှိဘူး”။
ပေတရုက အရှင်ယေရှုကို “ကိုယ်တော် ကျုပ်တို.ကရှိသမျှစွန့်ခဲ့ပြီး နောက်တော်ကို လိုက်ရတာ၊ ဘာအကျိုးရှိမှာမို့လို့လဲ။”
ဒီအချိန်မှာ အရှင်ယေရှုပြောတာက “ငါ့ကြောင့် ကိုယ့်ရဲ့ အိမ်၊ လယ်ယာ၊ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ နဲ့ ရှိရှိမျှ ပစ္စည်းတွေကို စွန့်ရင် အဆတစ်ရာထက်မကအကျိုးကျေးဇူးတွေနဲ့အတူ ထာ၀ရအသက်ကိုလဲရအုန်းမယ်။ ဒါ့ကြောင့်အရင်ရောက်တဲ့လူတွေနောက်ကျပြီး နောက်ကျတဲ့လူတွေ အရင်ရောက်မှာဖြစ်တယ်။”
အခြေပြုကျမ်းညွှန်း - မသဲ ၁၉:၁၆-၃၀, မာ ၁၀:၁၇-၃၁ , လု ၁၈ : ၁၈-၃၃