မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၁၁။ ဖြတ်ကျော်ခြင်း

Frame 11-01

ဘုရားသခင်က တကယ်လို့ သင်ဟာ အစ္စရေးလူမျိုးတွေကို ထွက်ခွာသွားခွင့် မပြုခဲ့ရင် လူ သားဦး တိရိစ္ဆာန် သားဦးတွေ အားလုံးကို ကွက်မျက်မယ်လို့ ဖါရော ဘုရင်ကို သတိပေး ခဲ့တယ်။ အဲဒီလို သတိပေးတာကို ဖါရောဘုရင်ကြားခဲ့ပေမဲ့လည်း ဘုရားသခင်ကို မနာခံခဲ့ဘူး။

Frame 11-02

ဘုရားသခင်ဟာ သူ့ကို ယုံကြည်သူတွေရဲ့ သားဦးတွေကို ကယ်တင်ဖို့ အတွက် နည်းလမ်းကို ပြင်ဆင်ပေးခဲ့တယ်။ အဲဒါကတော့ သူတို့ မိသားစုတစ်စုဆီမှာ အနာအဆာ မရှိတဲ့ သိုးတွေကို ရွေးပြီး ပူဇော်ခိုင်းတာပဲ ဖြစ်တယ်။

Frame 11-03

ဘုရားသခင်က အစ္စရေးတွေကို မှာလိုက်တာက သိုးရဲ့အသွေးတွေကို အိမ်တံခါး ထုတ်၊ အိမ်တံခါး တိုင် တွေမှာ သုတ်ရမယ်။ သိုးအသားကို ချက်ပြီး တဆေးမပါတဲ့ မုန့်နဲ့ မြန်မြန်စားရမယ်။ စားတဲ့ အခါမှာလည်း အီဂျစ်ပြည်က ထွက်ဖို့ အဆင်သင့် ဖြစ်နေရမယ်။

Frame 11-04

ဘုရားသခင်က သူတို့ကို ခိုင်းစေခဲ့တဲ့အတိုင်း အစ္စရေးလူမျိုးတွေက လုပ်ဆောင်ခဲ့ကြ တယ်။ သန်းခေါင်ယံ အချိန်မှာ ဘုရားသခင်ဟာ အီဂျစ်ပြည် တစ်ပြည်လုံးကို ဖြတ်သွားပြီး သားဦးတွေ အားလုံးကို ကွက်မျက်ခဲ့တယ်။

Frame 11-05

အစ္စရေး လူမျိုးတွေရဲ့ အိမ်တံခါး ထုတ်၊ တံခါး တိုင်တိုင်းမှာ အသွေးသုတ်ထားတာကြောင့် ဘုရားသခင်က မစီရင်ဘဲ ကျော်ဖြတ်သွားခဲ့တယ်။ အိမ်ထဲမှာ ရှိတဲ့ သူတွေအားလုံး လုံခြုံခဲ့ ကြတယ်။ သိုးသူငယ်ရဲ့ အသွေးကြောင့် သူတို့အားလုံး လွတ်မြောက်ခဲ့တာ ဖြစ်တယ်။

Frame 11-06

အီဂျစ်လူတွေက ဘုရားကို မယုံခဲ့ဘူး၊ ဘုရားစကားလည်းနားမထောင်ခဲ့ဘူး၊ အဲဒါကြောင့် ဘုရားသခင်ဟာ သူတို့အိမ်တွေကို ကျော်မသွားခဲ့ဘူး။ သူတို့ရဲ့ သားဦးတွေအကုန်လုံးကို ကွက်မျက်ခဲ့တယ်။

Frame 11-07

ဖါရောဘုရင်က စပြီး အချုပ်သားပါမကျန် အီဂျစ်လူတွေရဲ့ သားဦးတွေ အကုန်လုံး သေခဲ့ကြ တယ်။ အဲဒီအဖြစ်ဆိုးကြီးကြောင့် အီဂျစ်မှာရှိတဲ့ လူအများကြီးဟာ ငိုကြွေးမြည်တမ်း ခဲ့ကြ တယ်။

Frame 11-08

အဲဒီညမှာပဲ “အစ္စရေးလူတွေကို ခေါ်ပြီး အီဂျစ်ပြည်ကနေ အခုချက်ခြင်း ထွက်သွား” ဆိုပြီး ဖါရောဘုရင်က မောရှေနဲ့ အာရုံတို့ကို ပြောခဲ့တယ်။ အီဂျစ်လူမျိုးတွေကလည်း ချက်ခြင်းထွက်သွားဖို့ တောင်းဆိုခဲ့ကြတယ်။.

အခြေပြုကျမ်းညွှန်း - ထွက်မြောက်ရာကျမ်း ၁၁:၁-၁၂:၃၂။