၂၉။ သနားကြင်နာခြင်းမရှိသောအစေခံ
တစ်နေ့မှာ ပေတရုက သခင်ယေရှုကို “ သခင် ၊ ညီအစ်ကို တစ်ယောက်ယောက်ဟာ ကျွန်တော့််ကို ပြစ်မှားရင် ကျွန်တော်က ဘယ်နှစ်ကြိမ်လောက် ခွင့်လွတ်ရမလဲ။ ခုနှစ်ကြိမ်ထက်ပိုပြီးခွင့်လွှတ်ရမလား” လို့ မေးလျှောက်တယ်။ ယေရှုက “ခုနှစ်ကြိမ်ပဲမဟုတ် ၊အကြိမ်ခုနှစ်ဆယ်ခုနှစ်ဆယ် လီ ခွင့်လွတ်ရမယ်” ဆိုပြီး ပြန်ဖြေတယ်။ ဒီအကြောင်းမှာ ကျွန်တော်တို့ဟာ တစ်ပါးသူတွေကို အစဉ်အမြဲခွင့်လွတ်သင့်တဲ့အကြောင်းကို ဆိုလိုတာဖြစ်တယ်။ အဲဒီနောက်ယေရှုက အောက်မှာပါတဲ့ ပုံပြင်ကို ပြောပြ ခဲ့တယ်။
ကောင်းကင်နိုင်ငံတော်ဟာ ကိုယ့်အစေခံတွေရဲ့ စာရင်းကိုစစ်ဆေးဖို့ အလိုရှိတဲ့မင်းကြီးတစ်ပါးနဲ့ တူတယ်။ သူ့ရဲ့အစေခံတစ်ယောက်ဟာ နှစ်ပေါင်းနှစ်သိန်းရဲ့ လုပ်အားခနဲ့ညီမျှတဲ့ အကြွေးရှိတယ်။
အစေခံဟာ အကြွေးအားလုံကို မဆပ်နိုင်တဲ့အခါ မင်းကြီးဟာ ကိုယ့်ရဲ့အကြွေးကိုဆပ်နိုင်ဖို့ အစေခံနဲ့သူ့မိသားစုကို ကျွန်အဖြစ်ရောင်းစေ ဆိုပြီးစီရင်တော့တယ်။
အစေခံဟာ မင်းကြီးရဲ့ ရှေ့တော်မှောက်မှာဒူးထောက်ပြီး “ ကျွန်တော့်ကိုသည်းခံတော်မူပါ ပေးစရာရှိတဲ့ အကြွေးအားလုံးကိုပြန်ပြီးတော့ဆပ်ပါ့မယ်” ဆိုပြီး အနူးအညွတ်တောင်းပန်တော့တယ်။ အဲဒီအခါမင်းကြီးဟာ အစေခံကိုသနားစိတ်ရှိတဲ့အတွက် “မင်းရဲ့အကြွေးအားလုံးကိုပေးဆပ်ဖို့လွတ်စေ” လို့စီရင်ပြီးမှ အဲဒီအစေခံကိုလွှတ်လိုက်တယ်။
ဒါပေမဲ့အစေခံဟာ မင်းကြီးဆီကနေပြီးမှထွက်သွားတဲ့အခါ သူ့ကို လေးလစာနဲ့ညီတဲ့ အကြွေးတင်သူ အပေါင်းအဖော် အစေခံတစ်ယောက်ကိုတွေ့တယ်။ အစေခံဟာ သူရဲ့အပေါင်းဖော်ဆီကသူ့ကို ပေးဖို့ရှိတဲ့ အကြွေးအားလုံးကို အတင်းတောင်းတယ်။
သူ့ရဲ့အပေါင်းအဖော်အစေခံကလည်း ဒူးထောက်ပြီး “ ကျွန်တော့်ကို သည်းခံပါ။ ပေးစရာရှိတဲ့အကြွေး အားလုံးကိုပြန်ပြီးဆပ်ပေးပါ့မယ်” လို့တောင်းပန်တယ်။ ဒါပေမဲ့ ခွင့်မလွှတ်ဘဲ ၊ သူ့အပေါင်းအသင်း အစေခံကို အကြွေးအားလုံးမဆပ်နိုင်သေးချိန် ထောင်ထဲမှာချုပ်ထားတယ်။
အခြား အစေခံတွေက အဲဒါတွေကိုမြင်တဲ့အခါ အရမ်းစိတ်ပျက်သွားကြတယ်။ အဲဒီလူတွေက မင်းကြီးဆီကိုသွားပြီး ဖြစ်သမျှအားလုံးကိုပြောပြတော့တယ်။
မင်းကြီးဟာ အစေခံကိုခေါ်ပြီး “ မိုက်လိုက်တဲ့ အစေခံ မင်းဟာ ငါ့ကိုတောင်းပန်တဲ့အတွက် အကြွေးအားလုံးကို ငါလွှတ်ပြီးပြီ၊ မင်းလည်းပဲ အခြားလူကို အဲဒီလို လုပ်သင့်တယ်” လို့ ပြန်ပြောပြီး မင်းကြီးဟာ အရမ်းဒေါသထွက်တဲ့အတွက် “အကြွေးအားလုံးမဆပ်နိုင်သေးချိန် ထောင်ထဲမှာချုပ်ထား” လို့ဆိုပြီးစီရင်တယ်။
အဲဒါကြောင့် သခင်ယေရှုက “ ကောင်းကင်ဘုံမှာရှိတော်မူတဲ့အဖ ၊ ခမည်းတော်ဟာ သင်တို့ရဲ့စိတ်နှလုံးထဲက မိမိညီအစ်ကို တစ်ဉီးဉီးကို ခွင့်မလွတ်ရင်၊ အဲဒီသူအပေါ် မှာ ခွင့်မလွတ်ဘဲနေတော်မူမယ်” ဆိုပြီး ပြောတယ်။
အခြေပြုကျမ်းညွှန်း - ရှင်မဿဲ ၁၈: ၂၁ - ၃၅