၂၃။ အရှင်ယေရှု ဖွားမြင်ခြင်း
မာရိက အရမ်းဖြောင့်မတ်တဲ့ ယောသပ်ဆိုတဲ့လူနဲ့ စေ့စပ်ထားတယ်။ ဒီလိုမျိုးအချိန်မှာ ယောသပ်ကမာရိကိုယ်ဝန် ရှိလာတာကို ကြားတယ်။ ယောသပ်က ဒီကိုယ်ဝန်ဟာ သူနဲ့ရတဲ့ ကိုယ်ဝန် မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့်မာရိ အရှက်မရအောင် သူ့ကို တိတ်တိတ်လေး ကွာရှင်းဖို့ စဉ်းစားလိုက်တယ်။ မကွာရှင်းခင်မှာ ကောင်းကင်တမန်က အိပ်မက်ထဲမှာလာပြီး ယောသပ်ကို ပြောတယ်။
"မာရိကိုလက်ထပ်ဖို့ မကြောက်ပါနဲ့။ မာရိဗိုက်ထဲက ကလေးဟာ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ရတာဖြစ်တယ်။ မာရိဟာသား ယောက်ျားကိုမွေးဖွားလိမ့်မယ်။ အဲဒီကလေးကို ယေရှုလို့ နာမည်ပေးရမယ်" ဆိုပြီးပြောလိုက်တယ်။ ယေရှုရဲ့ အဓိပ္ပာယ်က ကယ်တင်သူ ဖြစ်တယ်။ သူဟာလူသားတွေကို အပြစ်ထဲက ကယ်တင်ဖို့ ရောက်လာတဲ့သူဖြစ်တယ်" လို့ ကောင်းကင်တမန်က ပြောလိုက်တယ်။
ယောသပ်ဟာမာရိကို သူ့မိန်းမအဖြစ် လက်ထပ်လိုက်တယ်။ ဒါပေမယ့်ယောသပ်ဟာ အဲဒီကလေးမမွေးခင်ထိ မာရိနှင့် မအိပ်ဘူး။
မာရိ ခလေးမွေးမယ့်အချိန်မှာ ရောမ အစိုးရတွေက လူတိုင်းကိုယ့်ဇာတိမြို့ကိုပြန်ပြီး သန်းခေါင်းစာရင်း သွားသွင်းရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ဒီတော့ ယောသပ်နဲ့မာရိကလည်း သူတို့နေတဲ့ နာဇရက်မြို့ ကနေ သူတို့ဘိုးဘေးတွေရဲ့ ဇာတိမြို့ဖြစ်တဲ့ ဗက်လင်မြို့ကို သန်းခေါင်စာရင်းသွင်းဖို့ ခရီးထွက်လာကြတယ်။ ဗက်လင်မြို့ဟာ သူတို့ဘိုးဘေးဖြစ်တဲ့ ဒါဝိဒ်ရဲ့ ဇာတိမြို့ဖြစ်တယ်။
သူတို့ဟာ ဗက်လင်မြို့ကိုရောက်တဲ့အခါမှာ တည်းခိုမယ့်နေရာမတွေ့ကြဘူး။ နောက်ဆုံးနွားတွေထားတဲ့ နွားတင်ကုတ် တစ်ခုဘဲ တွေ့တယ်။ ဒီတော့မာရိဟာ နွားတင်ကုတ်မှာဘဲ ကလေးကို မွေးပြီးနွားစခွက်မှာ ကလေးကို သိပ်ထားရတယ်။ အဲဒီကလေးကို ယေရှုလို့ နာမည်ပေးတယ်။
အဲ့ဒီညမှာ သိုးကျောင်းသားတချို့က မြို့အနားကွင်းပြင်တစ်နေရာမှာ သိုးကျောင်းကြတယ်။ ရုတ်တရက် အရမ်းတောက်ပတဲ့ အလင်းရောင်နဲ့အတူ ကောင်းကင်တမန်ပေါ်လာတော့ သူတို့အရမ်းကြောက်သွားကြတယ်။ ကောင်းကင်တမန်ကလည်း ‘မကြောက်ကြပါနဲ့။ မင်းတို့အတွက် သတင်းကောင်းပါတယ်။ ဗက်လင်မြို့မှာ မင်းတို့အတွက် ကယ်တင်ရှင်မွေးဖွားလာပြီ’ ဆိုပြီးပြောပြတယ်။
‘မင်းတို့ အဲ့ဒီခလေးကိုသွားရှာပါ။ ခလေးကိုအဝတ်နဲ့ပတ်ထားပြီးနွားစားခွက်ထဲမှာ သိပ်ထားတာတွေ့ရမယ်’ ဆိုပြီး ပြောလိုက်တယ်။ ရုတ်တရက်ကောင်းကင်မှာ ကောင်းကင် တမန်တွေအများကြီးပေါ်လာပြီး ဘုရားသခင်ကို ချီမွမ်းကြတယ်။ ‘ကမ္ဘာမြေပေါ်မှာလည်းဘုရားသခင်သားသမီး တွေငြိမ်သက်ခြင်းရှိပါစေ’လို့ ဆန္ဒပြု ပေးလိုက်တယ်။
မကြာခင်မှာ အဲဒီသိုးကျောင်းသားတွေက အရှင်ယေရှုရှိတဲ့နွားတင်းကုတ်ကိုရောက်လာတယ်။ ကောင်းကင်တမန်ပြောသလိုဘဲ နွားစားခွက်မှာ ခလေးငယ်ကိုတွေ့တောအရမ်းစိတ်လှုပ်ရှားကြတယ်။ မာရိကလည်း ဝမ်းသာတယ်။ သူတို့ကြားသမျှ မြင်သမျှ တစ်ခြားလူတွေကိုပြောပြပြီး ဘုရားသခင်ကိုချီးမွမ်းကြတယ်။
အဲဒီနောက်မှာ အရှေ့ပြည်ကပညာရှင်ကြီးတွေဟာ ကောင်းကင်မှာ အရမ်းထူးဆန်းတဲ့ ကြယ်ကြီးတစ်လုံးကို တွေ့တယ်။ ဂျူးပြည်မှာ ဘုရင်သစ်တစ်ပါး ဖွားမြင်ပြီ ဆိုတာသူတို့သတိထားမိ လိုက်တယ်။ အဲဒါကြောင့် ဘုရင်ကို ဖူးဖို့ခရီးဝေးက ထွက်လာကြတယ်။ ပညာရှင်ကြီးတွေဟာ ယေရှုနဲ့သူ့မိဘတွေရှိနေတဲ့ အိမ်ကို ရောက်လာခဲ့တယ်။
ပညာရှိတွေက ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ အရှင်ယေရှုနဲ့ သူ့ရဲ့အမေကို တွေ့တယ်။ ပြီးတော့ ယေရှုကို ပျပ်ဝပ်ကိုးကွယ်ကြတယ်။ တန်းဖိုးကြီးတဲ့လက်ဆောင်တွေပေးပြီးတော့ အိမ်ကို ပြန်သွားခဲ့ကြတော့တယ်။
အခြေပြုကျမ်းညွှန်း - ရှင်မဿဲ ၁ ၊ လုကာ ၂