ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၁။ ဖန်ဆင်းတော်မူခြင်း

Frame 01-01

ဤအကြောင်းအရာများသည် ဘုရားရှင်ကအရာအားလုံအား အစဦးပိုင်းတွင်မည်သို့ဖန်ဆင်းတော်မူခဲ့သည်ကိုဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားရှင်သည် စကြ ဝဠာကြီးနှင့် အရာအားလုံးတို့ကိုခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားရှင်သည်ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပေးခဲ့စဉ်က မည်သည့်အရာမှမရှိသေးသဖြင့် ကမ္ဘာသည်မှောင်မိုက်နေသည့်ဟင်းလင်းပြင်ဖြစ်နေခဲ့သည်။ သို့သော်ဘုရားရှင်၏ဝိညာဉ်တော်သည်ကမ္ဘာ့ရေမျက်နှာ ပြင်ပေါ်တွင်တည်ရှိနေခဲသည်။

Frame 01-02

ထို့နောက်ဘုရားရှင်က"ဤကမ္ဘာမှာ အလင်းရောင်ရှိစေ"ဟုဗျာဒိတ်တော်ပေးလိုက်သည်။ ထို့ကြောင့်ဤကမ္ဘာပေါ်တွင် အလင်းရောင်ရှိလာခဲ့သည်။ ဘုရားရှင်သည်ထို အလင်းရောင်ကောင်းမွန်သည်ကိုရှုမြင်ပြီး ‘နေ့’ဟုခေါ်ခဲ့သည်။အလင်း‌ရောင်အားအမှောင်ထဲမှခွဲထုတ်လိုက်ပြီး၊ထိုအမှောင်အား'ည'ဟုခေါ်လိုက်လေသည်။ ဘုရားရှင်သည် အလင်းရောင်အား ဖန်ဆင်းခြင်း၏ ပထမဆုံးနေ့တွင်ဖန်ဆင်းတော်မူခဲ့ပါသည်။

Frame 01-03

ဖန်ဆင်းခြင်း၏ဒုတိယနေ့တွင် ဘုရားရှင်က "ရေပေါ်အထက်တွင်မိုးမျက်နှာကျက်တစ်ခုရှိစေ"ဟုဗျာဒိတ်တော်ပေးလိုက်သည်။ထိုအခါတွင် မျက်နှာကျက်တစ်ခုရှိလာခဲ့ပြီးဘုရားရှင်ကထို အရာကို"မိုး ကောင်းကင်"ဟုခေါ်ခဲ့သည်။

Frame 01-04

တတိယမြောက်နေ့တွင် ဘုရားရှင်သည်"ရေများအားတစ်နေရာတွင်စုဝေးစေပြီး ကုန်းမြေပေါ် ပေါက်စေ"ဟုဗျာဒိတ်တော်ပေးခဲ့လေသည်။ ဘုရားရှင်သည်ကုန်းမြေအား "ကမ္ဘာမြေကြီး"ဟုခေါ်ဝေါ်ခဲ့ပြီး ရေများကို "ပင်လယ်များ "ဟု ခေါ်ဝေါ်ခဲ့သည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများပြည့်စုံကောင်းမွန်သည်ကိုမြင်တွေ့တော်မူလေသည်။

Frame 01-05

ထို့နောက်ဘုရားရှင်သည် "ကမ္ဘာမြေကြီးအား သစ်ပင်နှင့်ပန်းပင်မျိုးစုံကို ပေါက်ရောက်စေ"ဟုဗျာဒိတ်တော် ပေးခဲ့လေသည်။ ထို့နောက်သစ်ပင်၊ပန်းပင်များဖြစ်ပေါ်လာခဲ့သည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများကောင်းမွန်သည်ကိုမြင်တွေ့တော်မူလေသည်။

Frame 01-06

ဖန်ဆင်းခြင်း၏စတုတ္ထမြောက်နေ့တွင် ဘုရားရှင်သည် "ကောင်းကင်ယံ၌ အလင်းရောင်များ ရှိစေဟုဗျာဒိတ်တော်ပေးလိုက်သောအခါနေ၊ လနှင့်ကြယ်တာရာများကိုပါ ပေါ်ပေါက်စေခဲ့သည်။ ဘုရားရှင်သည်ထိုအရာတို့အား ကမ္ဘာမြေကြီးအတွက်အလင်းရောင်ပေးရန်၊နေ့၊ည၊ရာသီဥတုများနှင့် သက္ကရာဇ်များအားမှတ်သားရန် ဖန်ဆင်းတော်မူခဲ့ပါသည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများ ကောင်းမွန်သည်ကိုရှုစားတော်မူလေသည်။

Frame 01-07

ပဉ္စမမြောက်နေ့တွင် ဘုရားရှင်သည် "ရေထဲတွင်သက်ရှိသတ္တဝါများဖြင့်ပြည့်စေပြီး ကောင်းကင်ယံ၌ ငှက်များအားပျံသန်းစေ"ဟုဗျာဒိတ်တော်ပေးလိုက်ပါသည်။ ဤနည်းဖြင့်ဘုရားရှင်သည် ရေထဲတွင်ကူးခတ်လှုပ်ရှားသည့် ရေသတ္တဝါများနှင့်ငှက်များကိုလည်းပျံသန်းအောင်ဖန်ဆင်းတော်မူခဲ့‌လေသည်။ ဘုရားရှင်သည် ထိုအရာတို့ကောင်းမွန်သည်ကိုရှုစားတော်မူပြီး ၎င်းတို့အားကောင်းချီးမင်္ဂလာများပေးခဲ့လေသည်။

Frame 01-08

ဖန်ဆင်းခြင်း၏ဆဌမမြောက်နေ့တွင် ဘုရားရှင်သည် "ကုန်းနေသတ္တဝါများစွာ ပေါ်ပေါက်စေ" ဟုဗျာဒိတ်တော်ပေးခဲ့လေသည်။ ထို့နောက် ဘုရားရှင်ဗျာဒိတ်တော်‌‌‌ပေးသည့်အတိုင်းဖြစ်ပေါ်ခဲ့ပြီး အချို့မှာ မွေးမြူရေး တိရိစ္ဆာန်များဖြစ်၍ အချို့မှာမြေကြီးပေါ်တွင်တွားသွားသတ္တဝါများဖြစ်ကာ အချို့မှာတောရိုင်းတိရစ္ဆာန်များဖြစ်ကြသည်။ ထို့နောက်ဘုရားရှင်သည် ဤအရာတို့ကောင်းမွန်တော်မူသည်ကိုတွေ့မြင်တော်မူလေသည်။

Frame 01-09

ထို့နောက်ဘုရားရှင်က "ငါတို့နှင့်ပုံသဏ္ဍာန်တူလူသားအားဖန်ဆင်းစေ၊ ထိုသူတို့သည် ကမ္ဘာကြီးနှင့်တိရစ္ဆာန်အားလုံး အပေါ်၌ အုပ်ချုပ်ကြီးစိုးစေ" ဟု ဗျာဒိတ်တော်ပေးခဲ့လေသည်။

Frame 01-10

ထိုအခါဘုရားရှင်သည် မြေမှုန်အချို့အားယူ၍လူ ယောကျ်ားပုံသဏ္ဍာန်ပြုလုပ်ကာဇီဝအသက်ကိုမှုတ်သွင်းတော်မူခဲ့ပြီး ထိုလူသား၏အမည်မှာ "အာဒမ်"ဖြစ်လေသည်။ ဘုရားရှင်သည်‘အာဒမ်’နေထိုင်ရန်အတွက်ကြီးမားသောဥယျာဉ်တစ်ခုအား ဖန်ဆင်းပေးတော်မူ‌လေသည်။အာဒမ်ကိုထိုဥယျာဉ်အား ကြည့်ရှုစောင့်ရှောက်ရန်စေခိုင်းထားလေသည်။

Frame 01-11

ထိုဥယျာဉ်၏အလယ်တွင် ဘုရားရှင်သည် အသက်၏သစ်ပင်နှင့် ကောင်းခြင်းဆိုးခြင်းအားသိနိုင်သည့် အသိဉာဏ်သစ်ပင်ဟူ၍ထူးခြားဆန်းပြားသောသစ်ပင်နှစ်ပင်အား စိုက်ပျိုးထားခဲ့လေသည်။ ဘုရားရှင်သည် ‘အာဒမ်’အား ကောင်းခြင်းဆိုးခြင်းအားသိနိုင်သော အသိဉာဏ်သစ်ပင်မှလွဲ၍ မည်သည့်သစ်ပင်မှမဆို စားသုံးခွင့်ပြုတော်မူလေသည်။ ဤသို့တားမြစ်ထားသည့်အပင်မှအသီးကိုစားသုံးလျှင် သေလိမ့်မည်ဟုပညတ်ထားခဲ့လေသည်။

Frame 01-12

ထို့နောက်ဘုရားရှင်သည် "လူသားတစ်ဦးတည်းအထီးကျန်နေရခြင်းမှာ မကောင်းပါတကား"ဟုမြွက်ဆိုတော်မူလိုက်လေသည်။မည်သည့် တိရိစ္ဆာန်မှလည်း ‘အာဒမ်’ ၏ကူဖော်လောင်ဖက်မဖြစ်နိုင်ပေ။

Frame 01-13

ထို့ကြောင့်ဘုရားရှင်သည် ‘အာဒမ်’အားနှစ်ခြိုက်စွာအိပ်ပျော်စေခဲ့ပြီး ‘အာဒမ်’၏နံရိုးတစ်ချောင်းကို ယူ၍ မိန်းမအဖြစ်ဖန်ဆင်းကာ အာဒမ်ထံသို့ ခေါ်ဆောင်တော်မူလာခဲ့သည်။

Frame 01-14

‘အာဒမ်’သည်သူမအားမြင်ရသောအခါ “နောက်ဆုံးတွင်ဤတစ်ယောက်သည် ကျွန်ုပ်နှင့်တူပြီး သူမသည်ယောကျာ်းထံမှဆင်းသက်လာသောကြောင့်သူမအားမိန်းမဟုခေါ်မည်။”ဟုပြောလိုက်လေသည်။ ထို့ကြောင့် ယောက်ျားများသည် ၎င်း၏မိဘများအားစွန့်ခွါ၍ မိန်းမနှင့်စုံဖက်ကြခြင်းဖြစ်သည်။

Frame 01-15

ဘုရားရှင်သည်ယောက်ျားနှင့်မိန်းမကိုသူ၏ပုံသ ဏ္ဌာန်အတိုင်းဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်သည် သူတို့အားကောင်းချီးပေး၍ "သားသမီးများ၊မြေးများ မြောက်များစွာမွေးကာ ဤကမ္ဘာမြေအားဖြည့်ဆည်းစေ"ဟု မိန့်တော်မူခဲ့သည်။ ထို့နောက်ဘုရားရှင်သည် ၎င်းပြုလုပ်ခဲ့သော အရာများအားလုံး ကောင်းမွန်သည်ကိုတွေ့ရှိခဲ့ပြီး အရာအားလုံးတို့အား အလွန်ကျေနပ်ခဲ့ပါသည်။ ဤအရာအားလုံးသည် ဖန်ဆင်းခြင်း၏ ဆဌမမြောက်နေ့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Frame 01-16

သတ္တမမြောက်နေ့သို့ရောက်ရှိသောအခါတွင် ဘုရားရှင် သည်မိမိဖန်ဆင်းခြင်းအမှုအလုံးစုံ ပြီးမြောက်ခဲ့လေသည်။ သူသည်ထိုသတ္တမမြောက်နေ့ကိုသန့်ရှင်းမြင့်မြတ်သောနေ့အဖြစ် ကောင်းချီးမင်္ဂလာ‌ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့တွင်ဖန်ဆင်းခြင်းအားလုံးအား ရပ်နားလိုက်သောနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားရှင်သည် စကြာဝဠာနှင့် တကွအရာအားလုံးကို ဖန်ဆင်း‌‌တော်မူခဲ့လေသည်။

ကမ္ဘာဦးကျမ်း ၁-၂