ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၉။ဘုရားရှင်၏ပဋိညာဉ်အသစ်

Frame 49-01

နတ်တမန်တော်တစ်ပါးသည် အမျိုးသမီးငယ်တစ်ဦးဖြစ်သော မာရိအား သူမသည်ဘုရားရှင်၏သား တော်ကို ဖွားမြင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ သူမသည် အပျိုစင်တစ်ဦးဖြစ်သော်လည်း သန့်ရှင်း သောဘုရားဝိညာဉ်တော်သည် သူမထံသို့သက်ရောက်ပြီး သူမအားကိုယ်ဝန်ရရှိစေတော်မူခဲ့ပါသည်။ သူမ သည် သားယောက်ျားတစ်ဦးဖွားမြင်ပြီး ထိုသားတော်အား ယေရှုဟုခေါ်တွင်စေပါသည်။ ထို့ကြောင့် ကိုယ် တော်ယေရှုသည် ဘုရားရှင်နှင့်လူသားနှစ်မျိုးစလုံးဖြစ်တော်မူလေသည်။

Frame 49-02

ကိုယ်တော်ယေရှုသည် မိမိကိုယ်ကို ဘုရားဖြစ်ကြောင်းပြသနိုင်ရန် အံ့ဩဖွယ်ရာများစွာတို့ကို ပြု တော်မူခဲ့သည်။ သူသည် ရေပေါ်တွင်လမ်းလျှောက်ပြီး မုန်တိုင်းများအား ရပ်တန့်စေခဲ့ပါသည်။ သူသည် လူမြောက်များစွာတို့ကို အနာရောဂါငြိမ်းစေခဲ့ပြီး မကောင်းဆိုးဝါးများစွာကိုလည်း နှင်ထုတ် ပေးခဲ့ပါသည်။ သူသည် သေဆုံးပြီးသူများကို ပြန်လည်အသက်ရှင်စေခဲ့ပြီး ပေါင်မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်ကို လူပေါင်းငါးထောင်ကျော်အား ကျွေးမွေးရန်အတွက် လုံလောက်သောအစာဖြစ်အောင် ‌ပြောင်းလဲဖန်တီးတော်မူခဲ့သည်။

Frame 49-03

ကိုယ်တော်ယေရှုသည် ကြီးမြတ်သောဆရာတစ်ဦးလည်းဖြစ်ခဲ့ပြီး သူသွန်သင်သမျှတို့သည်လည်းသင့်မြတ်မှန်ကန်တော်မူခဲ့သည်။ သူသည်ဘုရားရှင်၏သားတော်ဖြစ်သော‌ ကြောင့်လူတိုင်းက သူမိန့်ကြားသည့်အတိုင်းလိုက်နာသင့်ပါသည်။ သာဓကအနေဖြင့် လူတိုင်းအားမိမိ ကိုယ်ကိုချစ်ခင်သကဲ့သို့ သူတစ်ပါးကိုလည်းချစ်ခင်ရန်လိုအပ်သည်ဟု သွန်သင်ပေးတော်မူခဲ့ပါသည်။

Frame 49-04

ကိုယ်တော်ယေရှုက သင်တို့၏စည်းစိမ်ဥစ္စာအားလုံးတို့ထက် ဘုရားရှင်ကိုပို၍ချစ်ခင်သင့်သည်ကို လည်းသင်တို့အားသွန်သင်တော်မူခဲ့သည်။

Frame 49-05

ကိုယ်တော်ယေရှုသည် လောကီစည်းစိမ်တို့ထက် ဘုရားရှင်၏ နိဗ္ဗာန်ရွှေမြို့တော်သို့ဝင်ရခြင်းကပို၍ကောင်းမွန်ကြောင်းကိုလည်း မိန့်ကြားခဲ့ပါသည်။ နိဗ္ဗာန်ရွှေမြို့တော်အတွင်းသို့ ဝင်နိုင်ရန်အတွက် ဘုရားရှင်သည်သင်တို့၏အပြစ်များမှကယ်တင်ရ မည်ဖြစ်ပါသည်။

Frame 49-06

အချို့လူများသည် ကိုယ်တော်ယေရှုအားလက်ခံကြမည်ဖြစ်ကြောင်းမိန့်ဆိုထားသည်။ထိုလူများကို ဘုရားရှင်ကယ် တင်တော်မူပါလိမ့်မည်။ သို့သော် အချို့သောသူများကမူ ကိုယ်တော်အားငြင်းပယ်ကြ၏။ အချို့ သောသူများသည် မြေဆီလွှာကောင်းနှင့်တူပြီး ကိုယ်တော်ယေရှု၏ သတင်း ကောင်း များကို လက်ခံ၍ဘုရားရှင်သည်ထိုသူ တို့အားကယ် တင်တော်မူပါလိမ့်မည်။ သို့သော် အချို့လူများမှာလမ်းပေါ်ရှိမာသောမြေကဲ့သိုာခက်ထန်မာကျောကြသဖြင့် ဘုရားရှင် ၏နှုတ်ကပတ်တော်များသည်ထိုလမ်းပေါ်တွင် ကျရောက်သွားသော မျိုးစေ့ကဲ့သို့ဖြစ်သွားပြီး မည်သည့်အပင်မှပေါက်ပွားမည်မဟုတ်။ ထိုလူများသည် ကိုယ်တော်ယေရှု ၏သတင်းကောင်းများကို ငြင်းပယ်ကြသူများဖြစ်ပြီး ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့ တော်အတွင်းသို့ ဝင်ရောက် ရန်ငြင်းဆန်သူများလည်း ဖြစ်ကြပါသည်။

Frame 49-07

ဘုရားရှင်သည် ဒုစရိုက်သမားများအား ပို၍မေတ္တာထားသည်ဟုကိုယ်တော်ယေရှုက မိန့်တော်မူခဲ့ပါ သည်။ သူသည် ထိုသူများ၏အပြစ်များကိုခွင့်လွှတ်ပေးလိုပြီး ထိုလူများအားဘုရားသားသမီးများ ဖြစ်စေရန်ဆန္ဒတော်ရှိခဲ့သည်။

Frame 49-08

ကိုယ်တော်ယေရှုက ဘုရားရှင်သည်ဒုစရိုက် အပြစ်များအားရွံရှာမုန်းတီးသည်ကိုလည်း သွန်သင်တော်မူလေသည်။ အာဒံနှင့်ဧဝတို့သည်အပြစ်များကျူးလွန်ခဲ့ခြင်းကြောင့် သူ၏နောင်လာ နောင်သားများသည်လည်း အပြစ်များကျူးလွန်ခြင်းဖြစ်ပါသည်။ လောကီလူသားတိုင်းသည် အပြစ်များကိုကျူးလွန်ကြပြီး ဘုရားရှင်နှင့်ဝေးကွာနေပြီးလူတိုင်းသည် ဘုရားရှင်နှင့်ရန်သူများသဖွယ်ဖြစ်နေကြသည်။

Frame 49-09

သို့သော်ဘုရားရှင်သည် သူ၏သားတော်အား ယုံကြည်သူများကိုပြစ်ဒဏ်မသင့်စေရန်အ တွက် သူ၏သွေးသားရင်းချာဖြစ်တော်မူသောတစ်ပါးတည်းသောသားတော်အား စွန့်တော်မူသည်အထိချစ်ခင်တော်မူခဲ့လေသည်။ ထို့အပြင်ကိုယ်တော်ယေရှုကို ယုံကြည်သူတိုင်း သူနှင့်အတူထာဝရအသက်ရှင်နေထိုင် ရမည်ဖြစ်ပါသည်။

Frame 49-10

သင်တို့သည် မကောင်းမှုအားပြုလုပ်လေ့ရှိသူများဖြစ်သောကြောင့် သေထိုက်သူများဖြစ်ကြသည်။ ဘုရားရှင်သည် သင်တို့ကိုအပြစ်ပေးထိုက်သော်လည်း ဘုရားရှင်သည်ကိုယ်တော်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်တွင် သေစေတော်မူခြင်းဖြင့် ကျွန်ုပ်တို့အပြစ်အစားအပြစ်ပေးတော်မူခဲ့ပါသည်။

Frame 49-11

ကိုယ်တော်ယေရှုသည် မည်သည့်အခါကမျှ အပြစ်ကျူးလွန်ခြင်းပြုတော်မမူခဲ့ပါ။ သို့သော်သူသည်အဆိုးရွား ဆုံးပြစ်ဒဏ်ဖြင့်အဆုံးစီရင်ခြင်းကိုလက်ခံတော်မူခဲ့ပါသည်။ သူသည်သင်နှင့်ဤ ကမ္ဘာပေါ်တွင်ရှိသောလူများ၏အပြစ်များအားလုံးကိုယူဆောင်သွားသည့်အကောင်းဆုံးသောယဇ်ဖြစ်၏။ ကိုယ်တော်ယေရှုသည်မိမိ၏အသက်ကိုဇီဝိတဒါနအဖြစ်စွန့်လွှတ်တော်မူ၍ သူ့အားယုံကြည်သက်ဝင်သူများသည်အဆိုးဆုံးအပြစ်ဟူသမျှကို ခွင့်လွှတ်တော်မူမည်ဖြစ်သည်။။

Frame 49-12

သင်တို့သည်ကောင်းသောအရာများစွာကို ပြုလုပ်ခဲ့သော်လည်း ဘုရားရှင်ကသင်တို့ အားကယ်တင်ခြင်းပြုမည်မဟုတ်ပါ။ ဘုရားရှင်နှင့်မိတ်သဟာယပြုနိုင်ရန် သင်ကိုယ်တိုင်လုပ်နိုင်သောအရာ တစ်ခုမှမရှိပါ။ ထိုအစားသင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ပေးသွားပြီး ဘုရားရှင်က သေခြင်းမှရှင်ပြန်ထမြောက်သော ဘုရားရှင်၏သားတော်ဖြစ်သူကိုယ်တော်ယေရှုအား ယုံ ကြည်မှသာ ဘုရားရှင်က သင်တို့၏အပြစ် များအား ခွင့်လွှတ်တော်မူပါလိမ့်မည်။

Frame 49-13

ကိုယ်တော်ယေရှုအား ယုံကြည်၍အရှင်အဖြစ်လက်ခံသူတိုင်းကို ဘုရားရှင်ကကယ်တင်တော်မူပါလိမ့် မည်။ သို့သော် ကိုယ်တော်ယေရှုအား ယုံကြည်ခြင်းမရှိသူများအား ဘုရားရှင်ကကယ်တင် ခြင်းပြုမည်မဟုတ်ပေ။ သင်သည် ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ယောကျ်ားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း၊ အသက်ကြီးခြင်း၊ အသက်ငယ်ခြင်း၊ သင်မည်သည့်နေရာတွင်နေထိုင်ခြင်း စသည်တို့သည် အရေးပါ ခြင်းမရှိပေ။ ဘုရားရှင်သည် သင့်အားချစ်ခင်ပြီး သင်နှင့်မိတ်သဟာယပြုနိုင်ရန်အတွက် ကိုယ်တော်ယေရှု အားယုံကြည်စေလိုပါသည်။

Frame 49-14

ကိုယ်တော်သည်သူ့ကိုကိုယုံကြည်ရန်နှင့် ရေနှစ်မင်္ဂလာခံယူရန်အတွက် သင့်အားဖိတ်ခေါ်လျှက်ရှိသည်။ ကိုယ်တော်ယေရှုသည် မေရှိယဖြစ်ပြီး ဘုရားရှင်၏ တစ်ဦးတည်းသောသားတော်ဖြစ်သည်ကို ယုံကြည်ပါသလား။ သင့်ကိုယ်သင်အပြစ်ရှိသူအပြစ်သား တစ်ဦးအဖြစ် ခံယူပြီးသင်၏ပြစ်မှုများအတွက် ဘုရားရှင်ထံမှသင့်လျော်သောပြစ်မှုများကို ခံယူသင့် သည်ဟု ထင်ပါသလား။ သင်၏အပြစ်များအား အဝေးသို့ယူဆောင်သွားရန်အတွက် ကိုယ်တော်ယေ ရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ပေးခဲ့သည်ကို ယုံကြည်ပါသလား။

Frame 49-15

သင်သည် ကိုယ်တော်ယေရှုကို ယုံကြည်ပြီးသင့်အတွက်ကိုယ်တော်ယေရှုလုပ်ဆောင်ပေးခဲ့သော အရာများအား ဝန်ခံလိုက်လျှင် စာတန်သည် သင့်အားအုပ်စိုးနိုင်လိမ့်မည်မဟုတ်။ ဘုရားရှင်က သင့်အားသမ္မာတရားများဖြင့်အုပ်စိုးတော်မူပါလိမ့်မည်။။ ဘုရားရှင်သည် သင်၏အပြစ်များကို မပြု လုပ်နိုင်ရန်တားဆီးတော်မူပြီးသင့်အားဖြောင့်မတ်မှန်ကန်သောဘတအသက်တာအားပေးအပ်တော်မူပါလိမ့်မည်။

Frame 49-16

သင်သည် ကိုယ်တော်ယေရှု၏နောက်လိုက်တစ်ဦးဖြစ်ပြီးလျှင် ကိုယ်တော်ယေရှုပြုလုပ်ခဲ့သောအ ရာများကြောင့် ဘုရားရှင်က သင်၏အပြစ်များအား ခွင့်လွှတ်ပြီးသားဖြစ်ပါသည်။ ယခုအခါတွင် ဘုရား ရှင်သည် သင့်အားရန်သူတစ်ယောက်ကဲ့သို့မပြုဘဲရင်းနှီးသောအဆွေခင်ပွန်းတစ်ဦးအဖြစ် သတ်မှတ်တော်မူပါလိမ့်မည်။

Frame 49-17

သင်သည်ဘုရားရှင်၏မိတ်ဆွေနှင့်ကိုယ်တော်ယေရှု၏ အစေခံတစ်ဦး ဖြစ်လျှင် ကိုယ်တော်ယေရှု၏သွန်သင်ချက်များကိုလိုက်နာလိမ့် မည်။ သင်သည် ကိုယ်တော်ယေရှု၏နောက်လိုက်တစ်ဦးဖြစ်နေသော်လည်း စာတန်မာရ် နတ်သည် သင့်အားအပြစ်များကျူးလွန်ရန် မြှူဆွယ်လိမ့်မည်ဖြစ်ပါသည်။ သို့သော်ဘုရားရှင်သည် ပြုတော်မူမည်ဟုပြောသောအရာတိုင်းအား အမြဲပြုမူ၏။ သင်၏အပြစ်များအား ဝန်ခံလျှင် ခွင့်လွှတ်ပေးတော်မူမည်ဟုပြောကြားခဲ့ပါသည်။ သူသည် သင့်အား အပြစ်ဒုစရိုက်များကိုဆန့်ကျင်တိုက်ခိုက်နိုင်ရန်အတွက် ခွန်အားပေးတော်မူလိမ့်မည်။

Frame 49-18

ဘုရားရှင်သည် သင်တို့အားဆုတောင်းရန်နှင့် သူ၏နှုတ်ကပါတ်တော်များအား လေ့လာရန်ပြော ကြားခဲ့ပါသည်။ သူသည် သင့်အားအခြားသောကိုယ်တော်ယေရှု၏နောက်လိုက်တပည့်တော်များနှင့် အတူတကွ ဝတ်ပြုဆုတောင်းရန်မိန့်တော်မူခဲ့ပါသည်။ သင်သည်လည်းဘုရားရှင်၏သမ္မာတရားများအား အခြားသူများကိုပြောပြသင့်ပါသည်။ သင်သည်ဤအရာအားလုံးအား လုပ် ဆောင်လျှင် ကိုယ်တော်ယေရှုနှင့်ခိုင်မြဲစွာမိတ်သဟာယပြုလာနိုင်ပါလိမ့်မည်။

ရောမ ၃:၂၁_၂၆, ၅:၁_၁၁ ;ယောဟန် ၃:၁၆ ; မာကု ၁၆:၁၆:ကောလောသဲ ၁:၁၃_၁၄ ; ၂ ကော ၅:၁၇ _ ၂၁ ; ၁ယော ၁:၅ _၁၀