ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၈။မေရှိယအဖြစ်ကတိပေးတော်မူခြင်းခံရသောကိုယ်တော်ယေရှု

Frame 48-01

ဘုရားရှင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းလိုက်သောအခါတွင် အရာအားလုံးသည် ပြီးပြည့်စုံခဲ့သည်။ အပြစ်ဟူ၍မရှိခဲ့။အာဒမ်နှင့်ဧဝတို့သည် တစ်ဦးကိုတစ်ဦးချစ်ကြပြီး ဘုရားရှင်အား လည်း ချစ်ခင်မြတ်နိုးခဲ့ကြသည်။ မကျန်းမာခြင်း၊ သေဆုံးခြင်းဟူ၍လည်းမရှိပါ။ဤနည်းလမ်းသည်ဘုရားရှင်ကကမ္ဘာကြီးကိုဖြစ်စေလိုသည့်နည်းလမ်းဖြစ်သည်။

Frame 48-02

စာတန်သည် ဧဝကိုလှည့်ဖြားလိုသောကြောင့်ဥယျာဉ်ထဲတွင်မြွေအသွင်ဖြင့်စကားပြောဆိုခဲ့ပါသည်။ ထို့နောက် သူမ နှင့်အာဒမ်သည်ဘုရားရှင်ကိုဆန့်ကျင်၍ အပြစ်များကျူးလွန်ခဲ့ပါသည်။ သူတို့အပြစ်များ ကျူးလွန်ခဲ့သောကြောင့် ကမ္ဘာပေါ်တွင်လူတိုင်းသေဆုံးကြရသည်။

Frame 48-03

အာဒမ်နှင့်ဧဝတို့သည် ဘုရားရှင်ပေါ်တွင်ဆိုးရွားသောအပြစ်လွန်ကျူးမိသောကြောင့် ဘုရားရှင်၏ရန်သူများဖြစ်သွားကြလေသည်။ ဤအကျိုး ရလဒ်ကြောင့် လူတိုင်းအပြစ်ရှိကြ၏။လူတိုင်းမွေးဖွားချိန်မှစ၍ ဘုရားရှင်၏ရန်သူ များဖြစ်ကြရ၏။ ဘုရားရှင်နှင့်လူများကြားတွင် ငြိမ်းချမ်းရေးမရှိတော့ပေ။ သို့သော်ဘုရားရှင်သည် ငြိမ်းချမ်းရန်အလိုတော်ရှိခဲ့သည်။

Frame 48-04

ဧဝ၏မျိုးဆက်တစ်ဦးက စာတန်၏ဦးခေါင်းကိုနင်းခြေမည်ဖြစ်၍ စာတန်သည် ထိုလူ၏ ဖနောင့်ကိုကိုက်လိမ့်မည်ဟူ၍ ဘုရားရှင်က ကတိပေးတော်မူခဲ့သည်။ အခြားနည်းဖြင့်ဆိုလျှင် စာတန်သည် မေရှိယအားသတ်ပစ်မည်ဖြစ်သော်လည်း ဘုရားရှင်သည်သူ့ကိုပြန်လည်အသက်ရှင်ရန်ထမြောက်စေတော်မူလိမ့်မည်။ မေရှိယသည် စာတန်၏အစွမ်းများအားလုံးကို ယူဆောင်သွားလိမ့်မည်။ နှစ်ပေါင်းများစွာကြာသောအခါတွင် ထိုမေရှိယသည် ကိုယ်တော်ယေရှုဖြစ်ကြောင်း ဘုရားရှင်ကပြသတော်မူ ခဲ့လေသည်။

Frame 48-05

ဘုရားရှင်သည် ကျရောက်စေမည်ဖြစ်သော ရေကြီးမှုမှ ကယ်တင်နိုင်ရန် နောဧနှင့် သူ၏မိသားစုကို သင်္ဘောတစ်စီးဆောက်စေတော်မူခဲ့သည်။ ဘုရားရှင်သည် သူ့အားယုံကြည်သူတို့ကို ဤသို့ကယ်တင်တော်မူခဲ့သည်။ ထိုနည်းတူစွာပင် လူတိုင်းသည် အပြစ်များကျူးလွန်ထားသောကြောင့် သေခြင်းနှင့်ထိုက်တန်စေပါသည်။ သို့သော် ဘုရားရှင်သည်သူ့အား ယုံကြည်သူအားလုံးအား ကယ်တင်ရန် ကိုယ်တော်ယေရှုအား စေလွှတ်တော်မူခဲ့လေသည်။

Frame 48-06

နှစ်ရာပေါင်းများစွာကဘာသာရေးခေါင်းဆောင်များသည် ဘုရားရှင်အားယဇ်ပူဇော်ပသ မှုများစွာပြုလုပ်ခဲ့ပါသည်။ ဤသည်မှာ လူများကအပြစ်များကို ကျူးလွန်ခဲ့သည့်အတွက်ဘုရားရှင်၏ အပြစ်ပေးမှုကို ထိုက်တန်သည်ဟုခံစားကြရသောကြောင့် ဖြစ်ပါသည်။ သို့သော် ထိုယဇ်ပူဇော်မှုများဖြင့် သူတို့၏အပြစ်များကို ခွင့်လွှတ်ပေးအောင်မလုပ်နိုင်ပေ။ ကိုယ်တော်ယေရှုသည်မြင့်မြတ်တော်မူသော သာသနာရေးဆိုင်ရာမဟာနာယကမင်းကြီးဖြစ်လေသည်။ ထိုဘာသာရေးခေါင်းဆောင်များ မပြုလုပ်ပေးနိုင်ခဲ့သောအရာများကိုကိုယ်တော် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ သူသည် လူတိုင်း၏အပြစ်များကို ခွင့်လွှတ်ပေးနိုင်ရန်အတွက် မိမိအသက်ကိုဇီဝိတဒါနအဖြစ်ဘုရားရှင်အားပူဇော်ခဲ့လေသည်။ ကျွန်ုပ်တို့၏ အပြစ်များအတွက်သူ့ထံသို့သာ ကျရောက်စေရန် ဘုရားရှင်အပြစ်ပေးသည်ကိုခံယူတော်မူခဲ့လေသည်။ ဤအကြောင်းများကြောင့် ကိုယ်တော်ယေရှုသည် ကြီးမြတ်ပြည့်စုံသောမဟာနာယကတစ်ပါးဖြစ်ပါသည်။

Frame 48-07

ဘုရားရှင်သည် အာဗြဟံအား “ကျွန်ုပ်သည် သင်မှတစ်ဆင့်ကမ္ဘာပေါ်တွင်ရှိသော တိုင်းနိုင်ငံအသီးသီးမှလူမျိုးတိုင်းကို ကောင်းချီးပေးမည်” ဟူ၍ပြောကြားလိုက်ပါသည်။ ကိုယ်တော် ယေရှုသည် အာဗြဟံ၏မျိုးဆက်တစ်ဦးဖြစ်ပါသည်။ ဘုရားရှင်သည် ကိုယ်တော်ယေရှုအား ယုံကြည်သူတိုင်းကို အပြစ်များမှ ကယ်တင်ပေးခြင်းဖြင့်လူများကို အာဗြဟံမှတစ်ဆင့် ကောင်းချီးပေးတော်မူခဲ့သည်။ ဤလူများသည် ကိုယ်တော်ယေရှုအား ယုံကြည်သောအခါတွင် ဘုရားရှင်သည် သူတို့ကိုအာဗြဟံ၏မျိုးဆက်များဟု သတ်မှတ်တော်မူလေသည်။

Frame 48-08

ဘုရားရှင်သည် အာဗြဟံအား ၎င်းကိုယ်တိုင်သူ၏သားအားယဇ်ပူဇော်ရန် မိန့်ကြားတော်မူခဲ့လေသည်။ သို့ သော်ဘုရားရှင်သည် သူ၏သားဣဇာက်အစား သိုးတစ်ကောင်အား ပူဇော်ရန်အာဗြဟံကိုပေး ခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိတို့အပြစ်များအတွက်သေထိုက်၏။ သို့သော် ဘုရားရှင် သည် ကျွန်ုပ်တို့ကိုယ်စား ယဇ်ပူဇော်ရန်အတွက် ကိုယ်တော်ယေရှု၏အသက်အားဇီဝိတဒါနအဖြစ်စွန့်လွှတ်တော်မူစေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ယေရှုအား ဘုရားရှင်၏သိုးဟုခေါ်ခြင်း ဖြစ်ပါသည်။

Frame 48-09

ဘုရားရှင်သည် အီဂျစ်ပြည်သို့နောက်ဆုံးဘေးဒဏ်ဆိုးကိုမပြုမီဣသရေလမိသားစုတိုင်း အား သိုးတစ်ကောင်စီသတ်စေခဲ့ပါသည်။ ထိုသိုးသည် မည်သည့်အပြစ်အနာအဆာမှမရှိရပါ။ ထို့နောက် ထိုသိုး၏သွေးများကို ၎င်းတို့၏အိမ်တံခါးဘေးနှစ်ဘက်နှင့်အပေါ်တွင် သုတ်လိမ်းစေခဲ့ ပါသည်။ ဘုရားရှင်သည် ထိုသိုး၏သွေးကို မြင်သောအခါတွင် ထိုအိမ်များရှိ ပထမဆုံးမွေးသော သားဦးများကို မသေစေဘဲ ကျော်သွားခဲ့လေသည်။ ဤကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို ဘုရားရှင်က ပသခါပွဲတော်ဟုခေါ်လေသည်။

Frame 48-10

ကိုယ်တော်ယေရှုသည် ပသခါပွဲတော်မှ သိုးနှင့်တူပါသည်။ သူသည် မည်သည့်အခါတွင်မှ အပြစ်လုပ် ခြင်းမရှိသောကြောင့် သူနှင့်ပက်သတ်၍မည်သည့်အရာမှ မှားယွင်းနေခြင်းမရှိပါ။ သူသည် ပသခါပွဲတော် ကျရောက်ချိန်တွင် အသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ မည်သူမဆို ကိုယ်တော်ယေရှုအား ယုံကြည်သောအခါ တွင် ကိုယ်တော်ယေရှု၏အသွေးတော်ဖြင့် ထိုလူများ၏အပြစ်များအား ပေးဆပ်တော်မူခဲ့သည်။ထိုယုံကြည်သူများအားပြစ်ဒဏ်စီရင်ခြင်းမပြုဘဲဘုရားရှင်သည်ကျော်လွန်တော်မူလေသည်။

Frame 48-11

ဘုရားရှင်သည် ဣသရေလလူမျိုးများနှင့်ပဋိညာဉ်တစ်ခုပြုလုပ်ခဲ့ခြင်းမှာဤလူမျိုးအားဘုရားရှင်ကရွေးကောက်တော်မူထားသောကြောင့်ဖြစ်သည်။သို့သော် ဘုရားရှင်သည် လူတိုင်းအတွက် ပဋိညာဉ်အသစ်တစ်ခုပြုတော်မူခဲ့သည်။ မည်သည့်လူမျိုးမဆို ပဋိညာဉ်အသစ်အားလက်ခံလျှင် ဘုရားရှင်၏အနွယ်တော်ဖြစ်လေသည်။ သူသည် ကိုယ်တော်ယေရှုအား ယုံကြည် ခြင်းကြောင့် ဤကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ပါသည်။

Frame 48-12

မောရှေသည် ဘုရားရှင်၏နှုတ်ကပါတ်တော်များကိုကြီးမားသောတန်ခိုး စွမ်းအားဖြင့် ပြောပြခဲ့သူတစ်ဦးဖြစ်ပါ သည်။ သို့သော် ကိုယ်တော်ယေရှုသည် ထိုသူများထဲမှ အကြီးမြတ်ဆုံးရှေ့ဖြစ်ဟောပညာရှင် တစ်ဦးဖြစ်သည်။သူသည် ဘုရားရှင်လည်းဖြစ်သောကြောင့် သူပြုမူခဲ့သော အပြုအမူများအားလုံးနှင့် စကားလုံးတိုင်း သည် ဘုရားရှင်၏နှုတ်ကပတ်တော်အတိုင်းသာပြုမူခဲ့လေသည်။ထို့ကြောင့်ကျမ်းစာရေးသူများကကိုယ်တော်ယေရှုအားဘုရားရှင်၏နှုတ်ကပတ်တော်ဟုခေါ်ဝေါ်ကြခြင်းဖြစ်လေသည်။

Frame 48-13

ဘုရားရှင်က ဘုရင်ဒါဝိဒ်၏နောင်လာနောက်သားများသည် ဘုရားရှင်၏မျိုးဆက်များကို အုပ်ချုပ်ရ လိမ့်မည်ဟု ကတိတော်ပေးခဲ့ပါသည်။ ကိုယ်တော်ယေရှုသည်ဘုရားရှင်၏သားတော်မေရှိယဖြစ်ပြီး၊ထာဝရစိုးစံတော်မူမည့် ဒါဝိဒ်၏အဆက်အနွယ် ဖြစ်တော်မူသည်။

Frame 48-14

ဒါဝိဒ်ဘုရင်မှာ ဣသရေလ၏ဘုရင်ဖြစ်သော်လည်း ကိုယ်တော်ယေရှုမှာ စကြာဝဠာ တစ်ခုလုံး၏ဘုရင်ဖြစ်လေသည်။ သူသည်နောင်တစ်ဖန်ပြန်လည်ကြွမြန်းလာပြီး တရားမျှတမှု ၊ငြိမ်း ချမ်းမှုတို့နှင့်အတူ ထာဝရအုပ်ချုပ်သွားမည့်သူဖြစ်ပါသည်။

ကမ္ဘာဦးကျမ်း ၁_၃,၆,၁၄,၂၂ ; ထွက်မြောက်ရာ ၁၂,၂၀,၂ ဓမ္မရာဇဝင် ၇ ဟေဗြဲ ၃ : ၁_၆, ၄:၁၄_၅,၁၀,၇:၁_၈:၁၃,၉:၁၁_၁၀:၁၈ ဗျာဒိတ်ကျမ်း ၂၁