၄၂။ ကိုယ်တော်ယေရှု နိဗ္ဗာန်ရွှေမြို့တော်သို့ပြန်လည်ကြွမြန်းတော်မူခြင်း
ကိုယ်တော်ယေရှုအား ဘုရားရှင်ကသေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်တော်မူသောနေ့တွင် သူ၏ တပည့်တော်နှစ်ဦးမှာ အနီးအနားရှိမြို့တစ်မြို့သို့ သွားရောက်နေခဲ့ကြလေသည်။ သူတို့သည် လမ်းလျှောက် ရင်းကိုယ်တော်ယေရှု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြောကြားနေခဲ့ကြလေသည်။ သူတို့သည် ကိုယ်တော်ယေရှုကို မေရှိယဖြစ်ပါစေဟု မျှော်လင့်ခဲ့ကြသော်လည်း ကိုယ်တော်ယေရှုမှာ သတ်ဖြတ် ခြင်းခံလိုက်ရသည်။ ယခုအခါတွင် ကိုယ်တော်ယေရှုအသက်ပြန်ရှင်နေပြီဟု အမျိုးသမီးများက ပြောနေကြပါသည်။ သူတို့သည်မည်သည့်အရာကို ယုံကြည်ရမည်မှန်း မသိတော့ပါ။
ကိုယ်တော်ယေရှုသည် သူတို့နားသို့ ချဉ်းကပ်သွားပြီး သူတို့နှင့်အတူ လမ်းလျှောက်လာ သော်လည်း သူတို့မှာကိုယ်တော်ယေရှုကို မမှတ်မိကြပေ။ ကိုယ်တော်ယေရှုသည် သူတို့ကို မည်သည့်အကြောင်းအားပြောကြားနေကြသနည်းဟု မေးမြန်းလိုက်ပါသည်။ သူတို့သည်ကိုယ်တော်ယေရှု အား ပြီးခဲ့သောရက်အနည်းငယ်မှ ဖြစ်ပေါ်ခဲ့သော ကိုယ်တော်ယေရှုအကြောင်းအားလုံးကို ပြောပြ လိုက်ကြပါသည်။ သူတို့သည်ယေရုရှလင်တွင် ဖြစ်ခဲ့သောအကြောင်းများကို မသိသောတိုင်းတစ်ပါး သားတစ်ဦးဟု ကိုယ်တော်ယေရှုအား ထင်မှတ်နေကြပါသည်။
ထို့နောက်ကိုယ်တော်ယေရှုသည် ဘုရားရှင်၏နုတ်ကပတ်တော်တွင်ဖော်ပြထားသောမေရှိယအကြောင်း များကိုသူတို့အား ရှင်းပြလေ သည်။ လူယုတ်မာများက မေရှိယအားဒုက္ခဆင်းရဲများ ခံစားစေပြီး သေစေကြလိမ့်မည် ဟူ၍ ရှေ့ဖြစ်ဟောပညာရှိပရောဖတ်များက ပြောကြားခဲ့ပြီးဖြစ်သည်။ သို့သော်ထိုရှေ့ဖြစ်ဟောပညာရှိပရောဖတ်များကပင် သူသည် တတိယနေ့တွင် ပြန်လည်ရှင်ပြန်ထမြောက်လိမ့်မည်ဟူ၍လည်း ပြောကြားခဲ့ကြလေသည်။
သူတို့သည် ထိုလူနှစ်ဦးတည်းခိုလိုသောမြို့သို့ရောက်သောအခါတွင် ညနေစောင်းနေပြီဖြစ်လေသည်။သူတို့သည် ကိုယ်တော်ယေရှုအား သူတို့နှင့်အတူတည်းခိုရန် ဖိတ်ခေါ်လိုက်သောကြောင့် ကိုယ်တော်ယေရှုသည် သူတို့နှင့်အတူအိမ်ထဲသို့ ဝင်ရောက်သွားလေသည်။ သူတို့သည် ညစာစားရန်ထိုင်လိုက်ကြသည်။ ကိုယ်တော်ယေရှုသည် ပေါင်မုန့်တစ်လုံးကိုကိုင်ပြီး ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်အား ချီးမွမ်းကာ ချိုးဖဲ့လိုက်လေသည်။ ချက်ချင်းပင်သူတို့သည် ကိုယ်တော်ယေရှုအားမှတ်မိသွားကြလေသည်။သို့ရာတွင်ကိုယ်တော်ယေရှုသည် သူတို့၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုလူနှစ်ဦးသည် အချင်းချင်း “သူသည်ကိုယ်တော်ယေရှုဖြစ်သည်။ ထို့ကြောင့်သူကကျွန်ုပ်တို့ကိုဘုရားရှင်၏ နှုတ်ကပတ်တော်အကြောင်း ရှင်းပြနေသောအခါတွင် အလွန်အမင်းစိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။”ဟူ၍ ပြောကြားလိုက်ပါသည်။ ချက်ခြင်းပင်သူတို့သည် ယေရုရှလင်သို့ပြန်သွားကြလေ သည်။ သူတို့သည် ယေရုရှလင်သို့ပြန်လည်ရောက်ရှိသောအခါ အခြားတပည့်တော်များကို “ကိုယ်တော် ယေရှုအသက်ရှင်နေပါသည်။ ကျွန်ုပ်တို့ သူ့အားတွေ့မြင်ခဲ့ပြီးဖြစ်လေသည်”ဟူ၍ ပြောကြားလိုက် ပါသည်။
တပည့်တော်များစကားပြောနေသောအချိန်တွင် ကိုယ်တော်ယေရှုသည် သူတို့နှင့်အတူ အခန်းထဲသို့ကြွရောက်တော်မူခဲ့လေသည်။ ကိုယ်တော်ယေရှုက “သင်တို့ငြိမ်းချမ်းကြပါစေ”ဟူ၍ မိန့်တော်မူလိုက်ပါသည်။ တပည့်တော်များသည် ကိုယ်တော်ယေရှုကို သရဲတစ္ဆေဟု ထင်ကြသော်လည်း ကိုယ်တော်ယေရှုက" မင်းတို့ဘာကြောင့် ကြောက်နေကြတာလဲ၊ငါယေရှုဆိုတာကိုဘာကြောင့် မယုံကြတာလဲ၊ငါရဲ့ ခြေထောက်တွေလက်တွေကို ကိုင်ကြည့်ကြပါ ၊သရဲတွေမှာ ငါ့လိုခန္ဓာကိုယ်မျိုးမရှိကြပါ”ဟူ၍ ပြောကြားလိုက်ပါသည်။ ကိုယ်တော်ယေရှုသည် ထိုနည်းဖြင့် သူသည်သရဲမဟုတ်ကြောင်းကို ပြသလိုက်ပါသည်။ ထို့နောက်သူသည် စားစရာတစ်ခုတောင်းသောအခါ သူ၏တပည့်များက ငါးအနည်းငယ်ပေးလိုက်ရာ ကိုယ်တော်ယေရှုသည် ထိုငါးကို စားသုံးတော်မူလေသည်။
ကိုယ်တော်ယေရှုက “ငါသည်ဘုရားရှင်၏နှုတ်ကပတ်တော် တွင်ဖော်ပြထားသည့်အတိုင်းဖြစ်လာလိမ့်မည်။ထိုသို့သောအဖြစ်အပျက်တို့သည် ဖြစ်ကိုဖြစ်လာလိမ့်မည်ဟု ငါမင်းတို့ကို ပြောခဲ့သည်”ဟု ပြောကြားလိုက်ပါသည်။ ထို့နောက်ယေရှုသည် သူတို့ကို ဘုရားရှင်၏နှုတ်ကပတ်တော်များအား ပိုမိုနားလည်လာစေရန် လုပ်ဆောင်ပေးခဲ့သည်။ ကိုယ်တော် ယေရှုသည် “အကြားအမြင်ရပရောဖတ်တို့က မေရှိယဖြစ်သော ငါသည် ဒုက္ခဝေဒနာခံစားရ၍ သေလိမ့်မည်။ ထို့နောက် တတိယမြောက်သောနေ့တွင် သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်လာလိမ့်မည်ဟုရှေးယခင်ကပင် ရေးသားထားလေသည်”ဟု မိန့်တော်မူလိုက်လေသည်။
“ ငါ၏တပည့်တော်များသည် ဘုရားရှင်၏နှုတ်ကပတ်တော်များကို ဖြန့်ဝေကြလိမ့်မည် ဟူ၍လည်း ရှေ့ဖြစ်ဟောပညာရှိများကရေးသားထားခဲ့သည်။ သူတို့သည် လူတိုင်းမိမိတို့၏ဒုစရိုက် အ ပြစ်များအတွက် နောင်တသံဝေဂရစေရန် ပြောကြားကြလိမ့် မည်။ထိုသို့ နောင်တသံဝေဂရကြလျှင် သူတို့၏အပြစ်များကို ဘုရားရှင်က ခွင့်လွှတ်ပေးတော်မူလိမ့်မည်။ငါ၏ တပည့်တော်များသည် နှုတ်ကပတ်တော်တရားများကို ယေရုရှလင်မှစတင် ပြီး နေရာတိုင်းတွင်ရှိသော လူတို့ထံသို့သွား၍ ဖြန့်ဝေကြလိမ့် မည်။ သင်တို့သည် ကျွန်ုပ်ပြုလုပ်ခဲ့သမျှ၊ပြောခဲ့သမျှတို့အတွက် မျက်မြင်သက်သေများပင်ဖြစ်ကြ၏။"ဟုမိန့်တော်မူလေသည်။
နောက်ရက်လေးဆယ်အတွင်းတွင် ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်များထံသို့ အကြိမ်ပေါင်း များစွာ ကြွလာခဲ့သည်။ တစ်ခါတွင် လူငါးရာရှေ့တွင်ကြွလာခဲ့သည်။ သူ၏တပည့်တော်များကို များစွာသောနည်းတို့ဖြင့် သူ့အသက်ရှင်လျှက်ရှိကြောင်း ပြသတော်မူခဲ့ပြီး ဘုရားရှင်၏ နိဗ္ဗာန်ရွှေမြို့တော်အကြောင်းကို လည်းဟောပြောသွန်သင်တော်မူခဲ့လေသည်။
ကိုယ်တော်ယေရှုသည် သူ၏တပည့်တာ်များကို “ဘုရားရှင်က ငါ့ကိုနိဗ္ဗာန်ရွှေမြို့တော်နှင့် ကမ္ဘာပေါ်တွင်ရှိသော လူတိုင်းအပေါ်တွင် အုပ်ချုပ်ခွင့်ပေးပြီးသားဖြစ်သည်။ ထို့ကြောင့်ငါသည် သင်တို့ကို အခြားလူများကိုလည်းငါ၏ တပည့်တော်များဖြစ်လာစေရန်အတွက်စေလွတ်ခြင်းဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ရန် သင်တို့သည် သူတို့ကို အဖဘုရားသခင် ၊သားတော်နှင့်ဘုရားဝိညာဉ်တော်တို့၏ အမည်နာမတော်နှင့် ရေနှစ်မင်္ဂလာပြုပေးရမည်။ ငါ သင်တို့အား အမိန့်ပေး ထားသည့်အတိုင်း သင်တို့သည် သူတို့ကိုသင်ကြားပေးရမည်။ ငါသင်တို့နှင့် အမြဲအတူရှိနေမည်ဖြစ်ကြောင်း သတိရပါ”ဟု မိန့်တော်မူလိုက်လေသည်။
ကိုယ်တော်ယေရှုသေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်တော်မူပြီး ရက်လေးဆယ်အကြာတွင် ကိုယ်တော်ယေရှုက သူ၏တပည့်တော် များကို “ငါ၏အဖဘုရားရှင်သည် သင်တို့အား တန်ခိုးအစွမ်းတော်များမပေးခင်အချိန်အထိ ယေရုရှလင်တွင်နေကြပါ။ ဘုရားရှင်သည် ဘုရားဝိညာဉ်တော်ကို သင်တို့အပေါ်သို့ သက်ရောက်စေတော်မူပါလိမ့်မည်။”ဟူ၍ မိန့်တော်မူလိုက်ပါသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် နိဗ္ဗာန်ရွှေမြို့တော်သို့ ကြွမြန်းတော်မူရာမိုးတိမ်တိုက်တစ်ခုကသူတို့၏မြင်ကွင်းမှပျောက်ကွယ်သွားစေရန်ဖုံးလွှမ်းလိုက်လေသည်။ ကိုယ်တော်ယေရှုသည် နိဗ္ဗာန် ရွှေမြို့တော်တွင် အရာအားလုံးအပေါ်သို့အုပ်စိုးတော်မူရန် ဘုရားရှင်၏ လက်ယာဘက်တွင် စံမြန်းတော်မူလေသည်။
မဿဲ ၂၈ : ၁၆ _ ၂၀ ; မာကု ၁၆ : ၁၂ _ ၂၀ ; လုကာ ၂၄:၁၃ _၅၃; ယောဟန် ၂၀:၁၉_၂၃; တမန်တော် ၁:၁_၁၁