၂၉။သက်ညှာခြင်းကင်းသော အစေခံတစ်ဦး၏ပုံဥပမာ
တစ်နေ့သောအခါတွင် ပေတရုသည် ကိုယ်တော်ယေရှုအား “ဆရာ ကျွန်ုပ်၏ညီအစ်ကိုများသည်ကျွန်ုပ်အား ပြစ်မှားစော်ကားကြလျှင်ထိုသူတို့အား အကြိမ်မည်မျှ ခွင့်လွှတ်ပေးရပါမည်နည်း။ ခုနှစ်ကြိမ်တိုင်အောင် ခွင့်လွှတ်ပေး ရမည်လား” ဟုမေးမြန်းလေသည်။ ကိုယ်တော်ယေရှုသည် “ခုနှစ်ကြိမ်ထဲသာမဟုတ်ဘဲ အကြိမ်ပေါင်းခုနှစ်ဆယ်ခုနှစ်လီမျှ သီးခံခွင့်လွှတ်ပေးခြင်းပြုရမည်” ဟုပြန်လည်ဖြေကြားခဲ့ပါသည်။ ဤကဲ့သို့ ပြောဆိုခြင်းသည် အမြဲတမ်းခွင့်လွှတ်ပေးရန်အတွက် ကိုယ်တော်ယေရှုက ပြောဆိုနေခြင်းဖြစ်ပါ သည်။ ထို့နောက် ကိုယ်တော်ယေရှုမှ ဤပုံပြင်အားပြောပြလေသည်။
ကိုယ်တော်ယေရှုက “ဘုရားရှင်၏နိုင်ငံတော်မှာ သူ၏အစေခံများနှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ဦးအဖြစ်အပျက်နှင့်တူ၏။ ထိုဘုရင်၌နှစ်ပေါင်းနှစ်သိန်းခန့်ပေးဆပ်ရမည့် အကြွေးပမာဏတင်သူအစေခံတစ်ဦးရှိလေသည်။”
သို့သော် ထိုအစေခံသည် “အကြွေးများအားပေးဆပ်နိုင်ခြင်းမရှိသဖြင့် ဘုရင်သည် ထိုလူနှင့်တကွသူ၏ မိသားစု များ၊ပစ္စည်းဥစ္စာများရောင်း၍အကြွေးဆပ်စေ” ဟုအမိန့်ချမှတ်လိုက်လေသည်။
အစေခံသည် ဘုရင်၏ရှေ့မှောက်တွင် ဝပ်တွားလျက် “ကျွန်တော်မျိုးအား ခေတ္တသည်းခံပေးတော်မူပါ၊ ကျွန်ုပ်ပေးဆပ်ရန်ရှိသည့် အကြွေးများအား ကျွန်ုပ်အကျေပေးဆပ်ပါမည်” ဟူ၍ ပြောကြားလိုက်ရာ ဘုရင်သည်အလွန်သနားစိတ်ဖြစ်ပေါ်သွား၍ ထိုအခိုင်းအစေ၏အကြွေးများ အားစာရင်းမှပယ်ဖျက်ပေးကာလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လေသည်။
သို့သော် အစေခံသည် ဘုရင်ထံမှ ထွက်လာစဉ်တွင် သူ့အား လေးလစာခန့်အကြွေးပေးဆပ်ရန်ရှိသော အစေခံတစ်ဦးအားတွေ့လေသည်။ ထိုအစေခံသည် အကြွေးရှိသော အစေခံအား ဖမ်းဆီး၍ “ငါ့ကိုပေးရန်ရှိသော အကြွေးအားဆပ်ပါ”ဟုအကြွေးတောင်းလေ၏။
အကြွေးတင်ရှိနေသောအစေခံသည်ဒူးထောက်လျှက် “ကျွန်ုပ်ကိုသည်းခံပေးပါ၊ အကြွေးများအားလုံးအား ကျွန်ုပ်ပေးဆပ်ပါမည်” ဟုတောင်းပန်လေသည်။သို့သော် ထိုအစေခံမှာ သူ့အပေါ်တွင်အကြွေးရှိသော အစေခံအား အကြွေးမဆပ်မချင်း ထောင်သွင်းအကျဉ်းချထားလေသည်။
“အခြားသောအစေခံများမှာ ထိုအဖြစ်အပျက်အားမြင်၍ အလွန်စိတ်ဆင်းရဲကာ အလုံးစုံ သောအကြောင်းအရာတို့အား ဘုရင်ကိုပြောပြလိုက်လေသည်။”
“ဘုရင်သည် ထိုအစေခံအားခေါ်၍ “ကျွန်ယုတ်၊ ငါ့အား သင်တောင်းပန်သောအခါ ငါသည် သင့်၏အကြွေးအားလုံးကိုစာရင်းမှပယ်ဖျက်ခဲ့၏။” သင့်အားငါသနားသလိုသင်သည်ကျွန်အချင်းချင်းသနားငဲ့ညှာခြင်းမရှိ"ဟုဆိုကာဘုရင်သည် အလွန်ဒေါသအမျက်ထွက်၍ ထိုအစေခံကိုသူ၏အကြွေးမကျေမချင်း ထောင်သွင်းအကျဉ်းချထားစေ။”ဟုမိန့်တော်မူလိုက်လေသည်။
ထို့နောက် ကိုယ်တော်ယေရှုက "သင်တို့သည်ညီအစ်ကိုအချင်းချင်း၊တစ်ယောက်၏အပြစ်ကိုတစ်ယောက်အမှန်တကယ် ခွင့်လွှတ်နိုင်ခြင်း မရှိလျှင် နိဗ္ဗာန်ရွှေမြို့တော် ၏အရှင်သခင်ဖြစ်တော်မူသောငါ၏ဖခမည်းတော်ကလည်း သင်တို့၏အပြစ်များအားပြေလွှတ်ခြင်းပြုမည်မဟုတ်” ဟူ၍ မိန့်တော်မူလိုက်လေသည်။
မဿဲကျမ်း ၁၈:၂၁-၃၅