ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၆။ကိုယ်တော်ယေရှု၏နောက်လိုက်တော်ဖြစ်လာသောရှောလု

Frame 46-01

ကိုယ်တော်ယေရှုအား ယုံကြည်ခြင်းမရှိသည့်ရှောလုဆိုသောလူငယ်တစ်ဦးရှိခဲ့လေသည်။ သူသည် ငယ်စဉ်က သတေဖန်အားသတ်ခဲ့သော သူများ၏ဝတ်ရုံများကို စောင့်ကြပ်ပေးခဲ့ရဖူးလေသည်။ ထို့နောက် တွင် သူသည်လည်း ယုံကြည်သူများအား နှိပ်စက်ညှင်းဆဲလေသည်။ သူသည် ယေရှုရှလင်တွင် ယော ကျ်ားနှင့်မိန်းမများကို တစ်အိမ်တက်တစ်အိမ်ဆင်း ဖမ်းဆီး၍ထောင်ထဲသို့ထည့်ပြီး အကျဉ်းချထားလေ သည်။ ထို့နောက် သာသနာရေးဆိုင်ရာမဟာနာယကကြီးသည် ရှောလုအား ဒမာသတ်မြို့သို့သွားခွင့်ပြု လိုက်ပြီး ကိုယ်တော်ယေရှုအားယုံကြည်သူများကို သူ့ထံသို့ဖမ်းဆီးခေါ်ဆောင်လာရန် မှာကြားလိုက်ပါ သည်။

Frame 46-02

ထို့ကြောင့် ရှောလုသည် ဒမာသတ်မြို့သို့ သွားရောက်လေသည်။ သူမြို့သို့ရောက်ခါနီးအချိန်တွင် သူ၏ဘေးပတ်ပတ်လည်တွင်ကောင်းကင်မှတောက်ပသောအလင်းတန်းသည် ထွန်းးလင်းနေပြီး သူသည်မြေကြီးပေါ်သို့လဲကျသွားခဲ့လေသည်။ ရှောလုသည် တစ်စုံတစ်ဦးက “ရှောလု ရှောလု မင်းငါ့ကိုဘာ ကြောင့်ညှဉ်းဆဲရသလဲ” ဟူ၍ မေးမြန်းသောအသံကို ကြားလိုက်ပါသည်။ ရှောလုက “အရှင်ကဘယ် သူလဲ” ဟုမေးမြန်းသဖြင့် ကိုယ်တော်ယေရှုက “ငါကားသင်နှိပ်စက်ညှဉ်းဆဲသောယေရှုဖြစ် တယ်” ဟူ၍မိန့်တော်မူလေသည်။

Frame 46-03

ရှောလုပြန်ထလာသောအခါတွင် သူသည်မျက်စိမမြင်ရတော့သဖြင့် သူ၏သူငယ်ချင်းများမှ သူ့ကို ဒမာသတ်မြို့သို့ခေါ်ဆောင်သွားခဲ့ပါသည်။ ရှောလုသည် သုံးရက်တိုင်တိုင်မည်သည့်အစားအသောက်ကိုမျှမသုံးဆောင်နိုင်ခဲ့ပေ။

Frame 46-04

ဒမာသတ်မြို့တွင် အာနနိဟုခေါ်သော တပည့်တစ်ဦးရှိလေသည်။ ဘုရားရှင်သည် ထိုလူအား “မင်း ရှောလုအိမ်သို့သွားပြီး မင်းရဲ့လက်ကိုရှောလုအပေါ်တင်လိုက်မှ သာရှောလုရဲ့မျက်လုံးပြန်မြင်လာလိမ့်မယ်” ဟူ၍မိန့်ကြားလေသည်။ သို့သော် အာနနိက “အရှင် ထိုလူဟာယုံကြည်သူများအား ညှဉ်းဆဲနေသည်ကို ကျွန်ုပ်ကြားဖူးပါ၏”။ဟုပြန်လည်လျှောက်တင်လိုက်လေသည်။ ဘုရားရှင်က “ယုဒလူမျိုးများနဲ့အခြားသောလူများ ယုံကြည် မှုရှိလာရန် ရှောလုအား ငါရွေးချယ်ထားတဲ့အတွက် မင်းသွားလိုက်ပါ” ဟူ၍မိန့်ကြားလေသည်။

Frame 46-05

ထို့ကြောင့် အာနနိ သည်ရှောလုထံသို့သွား၍ သူ၏လက်များအား ရှောလုအပေါ်သို့တင်ကာ “သင်လမ်းတွင်တွေ့ခဲ့ရသော ကိုယ်တော်ယေရှုက သင့်ကိုသန့်ရှင်းသော ဘုရားဝိညာဉ်တော်နှင့်ပြည့်စေခြင်းငှာလည်းကောင်း၊သင်၏မျက်လုံးပြန်မြင်စေရန်လည်းကောင်းငါ့အားသင့်ထံသို့စေလွှတ်လိုက်၏” ဟုပြောကြားလိုက်လေသည်။ ချက်ခြင်း ဆိုသလိုပင် ရှောလုသည် အမြင်အာရုံများ ပြန်လည်ရရှိပြီး အာနနိသည် သူ့အားရေနှစ်မင်္ဂလာပြုပေး လိုက်လေသည်။ ထို့နောက် ရှောလုသည် အစားအသောက်များ ပြန်လည်စားနိုင်၍ကျန်းမာသန်စွမ်းလာခဲ့လေသည်။

Frame 46-06

ချက်ခြင်းပင် ရှောလုသည် ဒမာသတ်မြို့တွင်ရှိသော ယုဒလူမျိုးများအား ကိုယ်တော်ယေရှုအကြောင်း ကိုစတင်ဟောပြောလေတော့သည်။ သူက “ကိုယ်တော်ယေရှုသည်ဘုရားရှင်၏သားတော်ဖြစ်သည်” ဟူ ၍ပြောလေသည်။ ရှောလုသည် ယခင်ကယုံကြည်သူများကိုသတ်ရန်ကြိုးစားခဲ့သူဖြစ်သော်လည်း ယခုအခါတွင် ကိုယ်တော် ယေရှုအားယုံကြည်သူတစ်ယောက်ဖြစ်နေခြင်းကြောင့် ယုဒလူမျိုးများက အလွန်အံ့ဩသွားခဲ့ကြပါသည်။ ရှောလုသည် ကိုယ်တော်ယေရှုသည် မေရှိယဖြစ်သည်ဟုယုဒလူမျိုးများနှင့်ဆွေးနွေးငြင်းခုန်ခြင်းများပြုလုပ်လေသည်။သူကကိုယ်တော်ယေရှုသည်မေရှိယဖြစ်ကြောင်းသက်သေထူခဲ့သည်။

Frame 46-07

ရက်ပေါင်းများစွာကြာပြီးနောက် ယုဒလူမျိုးများသည်ရှောလုအားသတ်ရန်အတွက် အကြံအစည်တစ်ခု ပြုလုပ်လေတော့သည်။ သူတို့သည် ရှောလုအားသတ်ရန်အတွက် မြို့တံခါးများတွင်အစောင့်အကြပ်များ စေလွှတ်ထားလေတော့သည်။ သို့သော်ရှောလုသည် ထိုအကြံအစည်များကို ကြား၍ သူ၏မိတ်ဆွေများအကူအညီဖြင့်ထွက်ပြေးလွတ်မြောက်သွားလေသည်။ တစ်ညတွင်သူ၏မိတ်ဆွေများကသူ့ကိုခြင်းတောင်းတွင်ထည့်၍မြို့တံတိုင်းအောက်သို့ချပေးကြလေသည်။ရှောလုသည် ဒမာသတ် မြို့မှထွက်ပြေးလွတ်မြောက်သွားပြီး ကိုယ်တော်ယေရှုအကြောင်းအားဆက်လက်ဟောပြောလေတော့ သည်။

Frame 46-08

ရှောလုသည်ယေရုရှလင်သို့သွားပြီး အခြားသောတပည့်တော်များနှင့် သွားရောက်တွေ့ဆုံလေသည်။ သို့သော်သူတို့သည် ရှောလုအားကြောက်လန့်နေကြလေသည်။ ထို့နောက် ဗာနဗဟုခေါ်သော ယုံကြည် သူတစ်ဦးသည် ရှောလုအားတပည့်တော်များထံသို့ ခေါ်ဆောင်သွားလေတော့သည်။ ရှောလုသည် ဒမာသတ်မြို့တွင် ရဲဝံ့စွာဖြင့် ကိုယ်တော်ယေရှုအကြောင်းအားဟောပြောခဲ့သည်ကို ဗာနဗက တပည့်တော် များအား ပြောပြလေသည်။ ထို့နောက်တွင် တပည့်တော်များသည် ရှောလုအား လက်ခံလိုက်ကြ သည်။

Frame 46-09

ယေရုရှလင်၌ နှိပ်စက်ညှင်းဆဲခံရ၍ အဝေးသို့ထွက်ပြေးလွတ်မြောက်လာသော ယုံကြည်သူအ ချို့တို့သည် အန္တိအုတ်မြို့သို့သွားကာ ကိုယ်တော်ယေရှုအကြောင်းအား ဟောပြောကြလေသည်။ အန္တိအုတ်မြို့တွင်ရှိသော လူအများစုမှာယုဒလူမျိုးများ မဟုတ်ကြပါ။ သို့သော်ပထမဆုံးသောအကြိမ်အ ဖြစ် ယုဒလူမျိုးမဟုတ်သော ယုံကြည်သူများဖြစ်လာခဲ့ကြပါသည်။ ဗာနဗနှင့် ရှောလုတို့သည် ထိုနေရာ တွင်ရှိသော ယုံကြည်သူအသစ်များကို ကိုယ်တော်ယေရှု၏အကြောင်းအား သင်ကြားပေးရန်နှင့်အသင်းတော်ပို၍ ခိုင်မြဲလာစေရန်ဟောပြောကြလေသည်။ အန္တိအုတ်တွင်ရှိသော ကိုယ်တော်ယေရှုအား ယုံ ကြည်သူများကို ခရစ်ယာန်ဟုရှေးဦးစွာခေါ်ဆိုလာကြသည်။

Frame 46-10

တစ်နေ့သောအခါတွင် ကိုယ်တော်ယေရှုအားယုံကြည်သူများက အစာရှောင်ဆုတောင်းခြင်းပြုလုပ် နေကြစဉ်တွင် သန့်ရှင်းသောဘုရားဝိညာဉ်တော်က“ဗာနဗနှင့်ရှောလုတို့သည် သူတို့အား ငါလုပ်ခိုင်းသည့်အရာများကို လုပ်ကိုင်ခဲ့ကြပြီးဖြစ်သည်” ဟုမိန့်ကြားလေသည်။ ထို့ကြောင့် အန္တိအုတ်ရှိဘုရား ကျောင်းမှ လူများသည် ဗာနဗနှင့်ရှောလုတို့၏အပေါ်သို့ သူတို့၏လက်များကိုတင်၍ ဆုတောင်းပေးကြ လေသည်။ ထို့နောက် သူတို့နှစ်ဦးကို ကိုယ်တော်ယေရှုအကြောင်းအား အခြားနေရာများတွင်သွားရောက် ဟောပြောရန်စေလွှတ်လိုက်ပါသည်။ ဗာနဗနှင့်ရှောလုတို့သည် လူပေါင်းများစွာကို သွန်သင်ပေး သဖြင့် များစွာသောလူတို့က ကိုယ်တော်ယေရှုအားယုံကြည်လာခဲ့ကြပါသည်။

တမန်တော်ကျမ်း ၈:၃ ; ၉:၁ _၃၁; ၁၁:၁၉_၂၆ ; ၁၃ : ၁ _ ၃