ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၁၈၊ကွဲပြားနေသော နိုင်ငံတော်

Frame 18-01

ဒါဝိဒ်ဘုရင် နှစ်လေးဆယ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် သူသေဆုံးပြီးချိန်တွင် သူ၏သားရှောလမုန်သည် ဣသရေလအား စတင်အုပ်ချုပ်လေသည်။ ဘုရားရှင်သည် ရှောလမုန်အား အလိုချင်ဆုံးဆုကိုတောင်းလျှောက်စေတော်မူလေသည်။ ရှောလမုန်ကလည်မိမိအားး ဉာဏ်ပညာအထူး ကြွယ်ဝစေရန် ပြုလုပ်ပေးတော်မူပါဟုလျှောက်ထားလေသည်။ ဘုရားရှင်သည် ထိုလျှောက်ထား ချက်အား ကျေနပ်နှစ်သက်တော်မူပြီး ရှောလမုန်အား ကမ္ဘာပေါ်တွင် ဉာဏ်ပညာအထက်မြက်ဆုံး သူတစ်ယောက်ဖြစ်စေရန် ပြုလုပ်ပေးတော်မူလေသည်။ ရှောလမုန်သည် များစွာသောအရာတို့ကို သင်ယူတတ်မြောက်ပြီး အလွန်ဉာဏ်ပညာရှိသော အုပ်ချုပ်သူတစ်ဦးဖြစ်လာပါသည်။ ဘုရားရှင်သည် သူ့အားအလွန်ကြွယ်ဝချမ်းသာသောသူတစ်ယောက် ဖြစ်စေရန်လည်းချီးမြှင့်ပေးတော်မူလေသည်။

Frame 18-02

ရှောလမုန်သည် ဣသရေလတွင် ဖခင်ဒါဝိဒ်၏ အကြံအစည်များနှင့် ၎င်းစုဆောင်းထားသော ကုန်ကြမ်းပစ္စည်းများကိုသုံးကာ ဗိမာန်တော်တည်ဆောက်လေတော့သည်။ ဘုရားရှင်အား လူတို့ကိုးကွယ်ဆည်းကပ်ရာတွင် တွေ့ဆုံရာတဲတော်နေရာအစား ထိုဗိမာန်တော်တွင် ပူဇော်ကိုးကွယ်ကြလေသည်။ ဘုရားရှင်သည် သူ၏လူများနှင့် အတူနေထိုင်နိုင်ရန် ထို ဗိမာန်တော်တွင်ကြွရောက် စံမြန်းတော်မူလေသည်။

Frame 18-03

သို့သော် ရှောလမုန်သည် တိုင်းတစ်ပါးအမျိုးသမီးများကို ချစ်ခင်ပြီး ဇနီးမယားပေါင်း တစ်ထောင်နီးပါးကို ရယူခြင်းဖြင့် သူသည်ဘုရားရှင်အား ဆန့်ကျင်ခဲ့လေသည်။ တိုင်းတစ်ပါးမှမြောက်များစွာသောအမျိုးသမီးများသည်သူတို့ကိုးကွယ်သည့် ဘုရားအမျိုးမျိုးအား သူတို့နှင့်အတူယူဆောင်လာပြီး ဆက်လက်ကိုးကွယ်ခဲ့ကြလေသည်။ ရှောလမုန် အိုမင်းလာသောအခါတွင်လည်း သူတို့၏ ဘုရားများကို ကိုးကွယ်ကြလေသည်။

Frame 18-04

ဘုရားရှင်သည် ထိုအကြောင်းများကြောင့် ရှောလမုန်အား အမျက်တော်ထွက်သဖြင့် ရှောလမုန်သေဆုံးပြီးနောက်တွင် ဣသရေလအား နှစ်ခြမ်းခွဲကာ အပြစ်ပေးမည်ဟု မိန့်တော်မူခဲ့သည်။

Frame 18-05

ရှောလမုန် သေဆုံးပြီးနောက် သူ၏သား ရောဗောင်ဘုရင်ဖြစ်လာသဖြင့် ဣသရေလတွင်ရှိသော လူအများကလည်း သူ့အားဘုရင်အဖြစ် အသိအမှတ်ပြုကြလေသည်။ သူတို့သည် ရှောလမုန်ဘုရင်ကြီး လက်ထက်တွင် အခွန်များအလွန်ကောက်ပြီး အလုပ်များအလွန်ခိုင်းသည်ဟု ရောဗောင်အား ညည်းတွားပြောကြားကြပြီး သူတို့အား အလုပ်များလျှော့ခိုင်းစေရန် လျှောက်တင်ကြလေသည်။

Frame 18-06

ရောဗောင်က “သင်တို့သည် ကျွန်ုပ်ဖခင် ရှောလမုန်က သင်တို့အား အလုပ်အလွန်ခိုင်းသည်ဟု ပြောကြသည်။ သို့သော် ကျွန်ုပ်သည် သူ့ထက်ပို၍ သင်တို့အား အလုပ်ခိုင်းစေမည်ဖြစ်ပြီး၊ သူလုပ်ခဲ့တာထက်ပို၍ အဆိုးဝါးဆုံးဒုက္ခကိုဖြစ်စေမည်” ဟု အလွန်ရူးမိုက်စွာ ပြောကြားလိုက်လေသည်။

Frame 18-07

သူဤကဲ့သို့ပြောသည်ကို ကြားသောအခါ လူအများစုက သူ့အားပုန်ကန်ကြသဖြင့် လူမျိုးစုဆယ်မျိုးသည် သူ့ထံမှ ထွက်ခွာသွားသဖြင့် သူ့ထံ၌ လူမျိုးစုနှစ်စုသာ ကျန်ရှိနေခဲ့လေသည်။ ကျန်ရှိသော လူမျိုးစုနှစ်စုကလည်း သူတို့ကိုယ် သူတို့ ယုဒ၏နိုင်ငံတော်ဟု သတ်မှတ်ကြလေသည်။

Frame 18-08

ကျန်လူမျိုးစုဆယ်မျိုးသည် ယေရောဗောင် ဟုခေါ်သော လူတစ်ဦးအား သူတို့၏ဘုရင်အဖြစ်တင်မြှောက်လိုက်လေသည်။ ထိုလူမျိုးစုများသည် မြောက်ပိုင်းတွင် တည်ရှိကြပြီး သူတို့ကိုယ်သူတို့ဣသရေလ၏ နိုင်ငံတော်ဟု သတ်မှတ်ကြလေသည်။

Frame 18-09

ရောဗောင်သည် ဘုရားရှင်အား ဆန့်ကျင်ကာ လူအများကိုလည်း အပြစ်များ ကျူးလွန်ခဲ့လေသည်။ သူသည် သူ၏လူမျိုးများကိုးကွယ်ရန်အတွက် ရုပ်တုနှစ်ခုထုပေးထားသဖြင့် သူတို့သည် ဘုရားရှင်အား ကိုးကွယ်ရန် ယေရုရှလင်ရှိ ဗိမာန်တော်သို့ သွားရောက်ခြင်း မပြုကြတော့ပေ။

Frame 18-10

ယုဒနိုင်ငံတော်နှင့် ဣသရေလတို့သည် ရန်သူများဖြစ်လာကြပြီး မကြာခဏအချင်းချင်းတိုက်ခိုက်ကြလေတော့သည်။

Frame 18-11

ဣသရေလ၏ နိုင်ငံတော်အသစ်တွင် ဘုရင်အားလုံးမှာ ဆိုးသွမ်းသောသူများဖြစ်ကြလေသည်။ထိုဘုရင်များသည်လည်း ဘုရင်ဖြစ်ချင်သော ဣသရေလလူမျိုးများ၏ သတ်ဖြတ်ခြင်းကိုခံကြရလေသည်။

Frame 18-12

ဘုရင်များအားလုံးနှင့် ဣသရေလတွင် ရှိသောလူများအားလုံးတို့မှာ ရုပ်တုများ ကိုးကွယ်ကြလေသည်။ သူတို့သည် ဤကဲ့သို့လုပ်ဆောင်ခဲ့ကြချိန်တွင် မကြာခဏ ပြည့်တန်ဆာများနှင့် အိပ်ကြကာ တစ်ခါတစ်ရံတွင် ကလေးငယ်များကိုပင် သူတို့၏ရုပ်တုများအား ယစ်ပူဇော်ပသကြလေသည်။

Frame 18-13

ယုဒ၏ ဘုရင်များမှာ ဘုရင်ဒါဝိဒ်၏ မျိုးနွယ်များဖြစ်ကြ၍ အချို့သော ဘုရင်များမှာ ကောင်းမွန်စွာ အုပ်ချုပ်ကြပြီး ဘုရားရှင်အားဝတ်ပြုကိုးကွယ်ခြင်းပြုကြ၍ အများစုသောဘုရင်များမှာ မကောင်းသောသူများဖြစ်ကြလေသည်။ ၎င်းတို့သည် ဆိုးရွားစွာ အုပ်ချုပ်ခဲ့ကြပြီး ရုပ်တုများအားလည်း ကိုးကွယ်ခဲ့ကြသည်။ အချို့သောဘုရင်များမှာ ဘုရားအတုများအား ၎င်းတို့၏ကလေးများကိုပင် ယဇ်ပူဇော်ခြင်း ပြုလုပ်ခဲ့ကြလေသည်။ ယုဒရှိလူအများတို့သည် ဘုရားရှင်အား ဆန့်ကျင်ပြီး အခြားသောနတ်ဘုရားများအား ကိုးကွယ်ခဲ့ကြလေသည်။

၁ ဓမ္မရာဇဝင် ၁-၆; ၁၁-၁၂