ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၃။ကိုယ်တော်ယေရှုအား ဖွားမြင်တော်မူခြင်း

Frame 23-01

မာရိသည် ယောသပ်ဟု အမည်ရှိသော ရိုးသားဖြောင့်မတ်သူတစ်ဦးနှင့် စေ့စပ်ထားလေသည်။ ယောသပ်သည် မာရိတွင် ကိုယ်ဝန်ရှိနေသည်ကို ကြားသောအခါ ထိုကလေးသည် သူ၏ကလေး မဟုတ်မှန်း သိလေသည်။ သို့သော် သူသည် မာရိအား အရှက်မကွဲစေလိုသောကြောင့် သူမအပေါ်တွင် ဂရုဏာသက်စွာဖြင့် စေံစပ်ထားခြင်းအားတိတ်တဆိတ်ဖျက်သိမ်းပေးရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် သူထိုသို့မပြုမီ နတ်စေတမန်တစ်ဦးက သူ၏အိပ်မက်ထဲတွင်ဤသို့မိန့်ဆိုလေသည်။

Frame 23-02

ထိုနတ်စေတမန်က “ယောသပ်၊ မာရိအား သင်၏ဇနီးမယားအဖြစ်လက်ခံရန် အတွက်မစိုးရိမ်ပါနှင့်။ သူမ ကိုယ်ဝန်ဆောင်ထားသောကလေးသည် မြင့်မြတ်သောဘုရားဝိဉာဉ်တော်တန်ခိုးအစွမ်းဖြင့်ပဋိသန္ဓေရရှိထားခြင်းဖြစ်ပါ သည်။ သူမသည် သားတော်တစ်ဦးအား ဖွားမြင်ပါလိမ့် မည်။ သူ့ကို ယေရှုဟု အမည်ပေးပါ။ (ထိုအဓိပ္ပာယ်မှာ'ယာဝေ' ကယ်တင်တော်မူသောဘုရားရှင်ဟုအဓိပ္ပာယ်ရသည်) အဘယ်ကြောင့်ဆိုသော် သူသည် လူများအား သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်” ဟု မိန့်ကြားခဲ့ပါသည်။

Frame 23-03

ထို့ကြောင့် ယောသပ်သည် မာရိအား ထိမ်းမြားလက်ထပ်ပြီး သူ၏အိမ်သို့ ခေါ်ဆောင်သွားလေသည်။ သို့သော် သူသည် သူမကလေးမွေးဖွားပြီးချိန်အထိ သူနှင့်အတူတူအိပ်စက်ခြင်းမပြုခဲ့ပေ။

Frame 23-04

မာရိ၌ကိုယ်ဝန်အရင့်အမာရှိလာသောအခါတွင် သူမနှင့်ယောသပ်သည် ဗက်လင်မြို့သို့ ခရီးဝေးသွားကြရလေသည်။ အဘယ်ကြောင့်ဆိုသော် ဣသရေလတွင်ရှိသော ရောမအစိုးရဝန်ထမ်းများက လူများအားလုံးကိုရေတွက်၍ သန်းခေါင်စာရင်းကောက်ယူလိုသောကြောင့် ဖြစ်သည်။ သူတို့သည် လူတိုင်းအား သူတို့၏ဘိုးဘေးဘီဘင်များ နေထိုင်ရာနေရာသို့ သွားစေခဲ့သည်။ ဘုရင်ကြီး ဒါဝိဒ်သည် ဗက်လင်မြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူသည်မာရိနှင့်ယောသပ်တို့ နှစ်ဦးစလုံး၏ ဘိုးဘေးဘီဘင်ဖြစ်သည်။

Frame 23-05

မာရိနှင့်ယောသပ်တို့သည် ဗက်လင်မြို့သို့ သွားခဲ့ကြသည်။ သို့သော် သူတို့အတွက် တိရိစ္ဆာန်အချို့ထားသည့်နေရာမှ လွဲ၍ တည်းခိုစရာနေရာမရှိခဲ့ပေ။ မာရိသည် သူမ၏ကလေးအား ထိုနေရာတွင် မွေးဖွားလိုက်လေသည်။ သူမသည် ကလေးငယ်ထားစရာနေရာမရှိသောကြောင့် နွားစားခွက်ထဲတွင် သိပ်ထားလိုက်ပြီး သူတို့သည် ကလေးအား ယေရှုဟု အမည်ပေးလိုက်လေသည်။

Frame 23-06

ထိုညတွင် အနီးအနားရှိ လယ်ကွင်းထဲ၌ သိုးများကိုထိန်းကျောင်းနေသော သိုးထိန်းအချို့ရှိလေသည်။ ရုတ်တရက်ဆိုသလိုပင် တောက်ပနေသောနတ်စေတမန်တစ်ပါးပေါ်လာသဖြင့် သူတို့သည်အလွန် ထိတ်လန့်သွားကြလေသည်။ နတ်စေတမန်က “မကြောက်ကြနှင့်၊ငါသည်မေရှိယအရှင် ၊ဗက်လင်မြို့တွင် ဖွားမြင်တော်မူကြောင်းသတင်းကောင်းကိုလာရောက်ပြော ကြားခြင်းဖြစ်သည်"ဟုမိန့်ကြားလိုက်ပါသည်။

Frame 23-07

“ထိုခလေးအား သွားရောက်ရှာဖွေပါ။ သူ့အားအနှီးနှင့် ပတ်လျက် နွားစာခွက်ထဲတွင် လဲလျောင်းနေသည်ကို သင်တို့တွေ့မြင်ရမည်ဖြစ်သည်” ဟု မိန့်ကြားလေသည်။ ချက်ခြင်းပင် ကောင်းကင်ကြီးသည် နတ်စေတမန်များနှင့် ပြည့်နှက်သွားပြီး “နိဗ္ဗာန်ရွှေမြို့တော်တွင်ရှိသော ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်အပေါင်းအားကျွန်ုပ်တို့ချီးမွမ်းပါ၏။ဤကမ္ဘာပေါ်တွင်ဘုရားရှင်အလိုတော်ရှိသောသူအပေါင်းအားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ” ဟု ဘုရားရှင်အားချီးမွမ်းကြလေသည်။

Frame 23-08

ထို့နောက် နတ်စေတမန်များ ထွက်ခွာသွားကြသောအခါသိုးကျောင်းသားများသည်လည်း ၎င်းတို့၏သိုးများအားချန် ထားခဲ့ပြီး ကလေးငယ်အား ရှာဖွေကြပါသည်။ သူတို့သည် မကြာမီအချိန်တွင် သူငယ်တော်ယေရှုရှိရာနေရာသို့ ရောက်လာကြပြီး နတ်စေတမန်က ၎င်းတို့အား ပြောကြားထားသည့်အတိုင်း နွားစာခွက်ထဲတွင်သိပ်ထားသည်ကို တွေ့မြင်ကြရလေသည်။ သူတို့သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် သူတို့၏သိုးများရှိသော လယ်ကွင်းများဆီသို့ ပြန်သွားကြလေသည်။ သူတို့သည် သူတို့တွေ့မြင်ကြားသိရသမျှအတွက် ဘုရားရှင်အား ချီးမွမ်းကြလေသည်။

Frame 23-09

ဝေးကွာလှသော အရှေ့တိုင်းနိုင်ငံတွင် လူအချို့သည် ကြယ်တာရာများလေ့လာရာ၌ အလွန်ထူးချွန်ကြသည်။ သူတို့သည် ကောင်းကင်ယံတွင် ထူးခြားသောကြယ်ကြီးတစ်လုံးအား တွေ့မြင်ခဲ့ရာ သူတို့က ထိုအရာသည် ယုဒလူမျိုးများ၏ ဘုရင်အသစ်ကို မွေးဖွားခြင်းအဓိပ္ပါယ်ဖြစ်သည်ဟုပြောကြပါသည်။ ထိုကလေးအား သွားရောက်ဖူးမျှော်ရန် ဆုံးဖြတ်ခဲ့ပြီး သူတို့၏နိုင်ငံမှ ခရီးထွက်လာခဲ့ကြလေသည်။ ခရီးဝေးစွာသွားပြီးနောက်၎င်းတို့သည် ဗက်လင်မြို့သို့ရောက်ရှိလာပြီး သူငယ်တော်ယေရှုနှင့် သူ၏ မိဘများနေထိုင်သော အိမ်ကို ရှာဖွေတွေ့ရှိသွားကြလေသည်။

Frame 23-10

ထိုသူများသည် သူငယ်တော်ယေရှုအား သူ၏အမေနှင့်တွေ့သောအခါ ရှိခိုးဦးညွတ်ဂါရဝပြုကြလေသည်။ ထို့နောက် သူတို့သည် သူငယ်တော်ယေရှုအား တန်ဖိုးကြီးသော လက်ဆောင်ပဏ္ဍာများဖြင့် ပူဇော်၍ သူတို့၏ ဌာနေသို့ပြန်သွားကြလေသည်။

မဿဲ ၁ ; လုကာ ၂