ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၃။ အသင်းတော်စတင်ခြင်း

Frame 43-01

ကိုယ်တော်ယေရှု နိဗ္ဗာန်ရွှေမြို့တော်သို့ ပြန်သွားပြီးအချိန်တွင် ကိုယ်တော်ယေရှု၏တပည့်နောက်လိုက် များသည် ကိုယ်တော်ယေရှုကမိန့်ကြားခဲ့သည့်အတိုင်း ယေရုရှလင်မြို့တွင် ဆက်လက်နေထိုင်ခဲ့ ကြသည်။ ထိုနေရာတွင်ရှိသောယုံကြည်သူတို့သည်အတူတစ်ကွစုရုံးပြီး အဆက်မပြတ်ဝတ်ပြုဆု တောင်းကြလေသည်။

Frame 43-02

နှစ်စဉ်နှစ်တိုင်းပြုလုပ်သောပဿခါပွဲတော်ကျင်းပပြီး၍ရက်ငါးဆယ်ခန့်အကြာတွင် ဂျူးလူမျိုးများသည် ပင်တေကုတ္တေပွဲတော် ဟုခေါ်သော အလွန်အရေးကြီးသောနေ့တစ်နေ့ကို ကျင်းပခဲ့ကြသည်။ ပင်တေကုတ္တေ ဆိုသည်မှာ ဂျူးလူမျိုးများ ကဂျုံကောက်ပဲသီးနှံရိတ်သိမ်းပွဲကျင်းပခြင်းဖြစ်လေသည်။ ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဂျူးလူမျိုးများသည် ထိုနေ့တွင် ပင်တေကုတ္တေပွဲတော်ကိုကျင်းပရန် ယေရုရှလင်တွင်လာရောက်စုဝေးကြလေသည်။ ဤနှစ်တွင်ကျရောက်သော ပင်‌တေကုတ္တေပွဲတော်သည် ကိုယ်တော်ယေရှုနိဗ္ဗာန်ရွှေမြို့တော်သို့ကြွသွားပြီး တစ်ပတ်အကြာတွင် ကျရောက် ခြင်းဖြစ်ပါသည်။

Frame 43-03

ယုံကြည်သူများသည်အိမ်တစ်အိမ်တွင်အတူတကွစုရုံးနေသောအချိန်တွင် ရုတ်တရက်ပြင်းထန်သောလေတိုက်သံကဲ့သို့ အသံများဆူညံသွားလေသည်။ ယုံကြည်သူများ၏ ခေါင်းပေါ် တွင် မီးကဲ့သို့သောအရာများပေါ်လာပါသည်။ ထိုသူတို့သည် ဘုရားဝိညာဉ်တော်နှင့် ပြည့်စုံနေပြီး ဘုရားရှင်အားတခြားသော ဘာသာစကားများဖြင့် ချီးမွမ်းကြလေသည်။ သူတို့သည် ဤဘာသာစကားများ ကို မသိကြသော်လည်း ဤဘာသာစကားမှာ ဘုရားဝိညာဉ်တော်က သူတို့ကိုထိုသို့ပြောနိုင်စေရန် ပြုလုပ်ပေးတော်မူထားခြင်းဖြစ်လေသည်။

Frame 43-04

ယေရုရှလင်မြို့တော်တွင် နေထိုင်သောလူများက ထိုအသံများကိုကြားသောအခါတွင်စုံစမ်းရန်စုဝေးရောက်ရှိလာကြသည်။ သူတို့သည်ယုံကြည်သူတို့ကြေငြာဟောပြောသောဘုရားရှင်၏ ကြီးမြတ်တော်မူသောအမှုတော်များအကြောင်းကို ကြားသိခဲ့ကြရလေသည်။ ထိုလူအုပ်ကြီးထဲတွင်လူမျိုးပေါင်းစုံပါဝင်နေလေသည်။တပည့်တော်များသည် အစ္စရေးလူမျိုးများဖြစ်ကြပြီးအာရမိတ်ခေါ် ဂရိဘာသာစကားတို့ကို ပြောကြားသူများဖြစ်သော်လည်း လူတစ်ဦးချင်းစီသည် သူတို့ပြောကြားသည်များကိုသူတို့၏မိခင်ဘာသာစကားအတိုင်း နားလည်နေကြသောကြောင့်အလွန်အံ့ဩနေကြလေသည်။

Frame 43-05

အချို့သောလူများက ထိုတပည့်တော်များကို အရက်မူးနေကြသည်ဟု ပြောကြသည်။ သို့သော်ပေတရုသည် မတ်တပ်ထရပ်လိုက်၍ “ နားထောင်ကြပါ၊ ဤလူများမှာ မူးနေကြသည်မဟုတ်ပါ။ ထိုအစား သင်တို့အခုတွေ့မြင်နေရခြင်းမှာ ရှေးဖြစ်ဟောပညာရှိ ယောလက ဘုရားရှင်ကနောက်ဆုံးနေ့တွင် ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းတော်မူမည်ဟူ၍ ပြောကြားခဲ့သည့်အတိုင်းဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။”ဟု ပြောကြားလိုက်လေသည်။

Frame 43-06

“အစ္စရေးတွင်ရှိသော ပြည်သူပြည်သားအပေါင်းတို့ ကိုယ်တော်ယေရှုသည် သူမည်သူဆိုသည်ကို ပြသရန်အတွက် များစွာသော အံ့ဩဖွယ်ရာများကို လုပ်ဆောင်ပြသခဲ့ခြင်းဖြစ်ပါသည်။ သူသည် ဘုရားရှင်၏ တန်ခိုးအစွမ်းများဖြင့် များစွာသော အံ့ဩဖွယ်ရာများကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော်သင်တို့သည် ဤအံ့ဖွယ်အရာများကိုမြင်ရသော်လည်းထိုအရှင်အား လက်ဝါးကပ်တိုင်ပေါ်သို့ တင်၍သတ်ခဲ့ကြသည်။”

Frame 43-07

“ကိုယ်တော်ယေရှုသေဆုံးသွားခဲ့သော်လည်း ဘုရားရှင်က ကိုယ်တော်ယေရှုကို သေခြင်းမှပြန်လည်ရှင်ပြန် ထမြောက်စေတော်မူခဲ့သည်။ ဤအချက်မှာ ရှေးဖြစ်ဟောပညာရှိ များရေးသားခဲ့သော “ ကြီးမြတ်တော်မူသောအရှင်သည်သူ့အားသင်္ချိုင်းဂူထဲတွင် ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်”ဟူသော အကြောင်းအရာသည် မှန်ကန်လာပြီဖြစ်သည်။ ဘုရားရှင်က ကိုယ်တော်ယေရှုကို သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်စေသည်ကို ကျွန်ုပ်တို့မျက်မြင်သက်သေပင်ဖြစ်သည်။”

Frame 43-08

“အဖဘုရားရှင်သည် ကိုယ်တော်ယေရှုကို သူ၏ လက်ယာတော်ဘက်တွင် စံပယ်ရန်ချီးမြှင့်တော်မူပြီးနောက်၊ဘုရားရှင် ၏ကတိတော်အတိုင်း ကျွန်ုပ်တို့အပေါ်တွင်ဘုရားဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူလေပြီ။ သင်တို့တွေ့မြင်နေရသောအရာများသည် ဘုရားဝိညာဉ်တော်သွန်းလောင်းနေခြင်းပင်ဖြစ်သည်။”

Frame 43-09

“သင်တို့သည်ကိုယ်တော်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်သို့တင်၍သတ်လိုက်ကြသည်။ သိူ့သော်သင်တို့ သေချာစွာ သိထားရမည့်အရာမှာ ဘုရားရှင်သည် ကိုယ်တော်ယေရှုအားအရာအားလုံးတို့၏ အရှင်သခင်အဖြစ်လည်းကောင်း မေရှိယအရှင်အဖြစ်လည်းကောင်းဖြစ်စေတော်မူခဲ့လေသည်။”

Frame 43-10

ပေတရုပြောသောအကြောင်းအရာများကို နားထောင်နေသောလူများသည် ဤစကားများကြောင့် များစွာဝမ်းနည်းကြေကွဲသွားခဲ့ရလေသည်။ ထို့ကြောင့်သူတို့သည် ပေတရုနှင့်နောက်လိုက်များအား"ညီအစ်ကိုတို့ ကျွန်ုပ်တို့မည်ကဲ့သို့ လုပ်ဆောင်ရပါမည်နည်း။”ဟုမေးမြန်းကြလေသည်။

Frame 43-11

ပေတရုက ထိုသူတို့အား “သင်တို့အားလုံးသည် ဘုရားရှင်က သင်တို့အပြစ်များကိုခွင့်လွှတ်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့်သင်တို့သည် အပြစ်များအတွက် နောင်တသံဝေဂရပြီး တစ်ဦးချင်းစီက ယေရှုခရစ်၏နာမတော်ဖြင့် ရေနစ်မင်္ဂလာပြုခြင်းခံရပါမည်။ ထို့နောက်ဘုရားရှင်သည် သင်တို့ကို ဘုရားဝိညာဉ်တော်အားဆု လက်ဆောင်အဖြစ်ပေးအပ်တော်မူလိမ့်မည်။”

Frame 43-12

လူသုံးထောင်ခန့်သည် ပေတရုပြောသည်များကို ယုံကြည်ပြီး ကိုယ်တော်ယေရှု၏တပည့်တော် များဖြစ်လာကြသည်။ သူတို့သည် ရေနှစ်မင်္ဂလာခံယူကြပြီး ယေရုရှလင်တွင်ရှိသော အသင်းတော်ဝင်များ ဖြစ်လာကြလေသည်။

Frame 43-13

ယုံကြည်သူများသည် တပည့်တော်များဆုံးမသွန်သင်ချက်များကိုစဉ်ဆက်မပြတ်နားထောင်ကြလေသည်။ သူတို့သည် မကြာခဏ အတူတွေ့ဆုံပြီး အတူတကွစားသုံးကြကာ ဘုရားဝတ်ပြုချီးမွှမ်းကြလေသည်။ သူတို့တွင်ရှိသောအရာအားလုံးကိုလည်း တစ်ဦးနှင့်တစ်ဦး မျှဝေသုံးစွဲကြလေသည်။ မြို့ထဲတွင်ရှိသောလူများသည် သူတို့ကိုအမြင်ကြည်လာကာတစ်ရက်ထက် တစ်ရက်ပို၍ ယုံကြည်သူများတိုးပွားလာလေသည်။

တမန်တော်ကျမ်း အခန်း ၂