ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၅။ကိုယ်တော်ယေရှုအား စာတန်မာရ်နတ်မှ သွေးဆောင်ဖြားယောင်းခြင်း

Frame 25-01

ကိုယ်တော်ယေရှု ရေနှစ်မင်္ဂလာခံယူပြီး ချက်ချင်းပင် ဘုရားရှင်၏ဝိညာဉ်တော်သည်သူ့အား တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေသည်။ ကိုယ်တော်ယေရှုသည် ထိုနေရာတွင် ရက်ပေါင်းလေး ဆယ်ကြာ နေထိုင်ခဲ့ပါသည်။ ထိုကာလအတွင်း သူသည် အစာရှောင်နေစဉ် စာတန်မာနတ် သည် ကိုယ်တော်ယေရှုအား အပြစ်ပြုမိစေရန်သွေးဆောင်ဖြားယောင်းရန် လာရောက်ခဲ့လေသည်။

Frame 25-02

ရှေးဦးစွာ စာတန်မာရ်နတ်သည် ကိုယ်တော်ယေရှုအား “သင်သည် ဘုရားရှင်၏သားတော်ဖြစ်ပါက ဤကျောက်တုံးများကို ပေါင်မုန့်ဖြစ်စေပြီးစားသုံးလိုက်ပါ” ဟုပြောကြားလိုက်လေသည်။

Frame 25-03

သို့သော် ကိုယ်တော်ယေရှုသည် စာတန်မာနတ်အား “လူများသည် အစားအစာအားဖြင့်သာအသက်ရှင်ရမည်မဟုတ်၊ ဘုရားရှင်မိန့်မှာထားသော နှုတ်ကပါတ်တော်ဖြင့်လည်းအသက်ရှင်ရမည်ဟု နှုတ်ကပါတ်တော်လာ ကျမ်းစာထဲတွင် ရေးသားဖော်ပြထားပါသည်” ဟုပြောကြားလိုက်ပါသည်။

Frame 25-04

ထို့နောက် စာတန်မာနတ်သည် ကိုယ်တော်ယေရှုအား ဗိမာန်တော်၏ထိပ်ဖျားသို့ ခေါ်ဆောင် သွားခဲ့ပြီး “သင်သည် ဘုရား၏သားတော်ဖြစ်ပါက မြေကြီးပေါ်သို့ခုန်ချလိုက်ပါ။ အဘယ်ကြောင့်ဆို သော် ဘုရားရှင်၏နတ်စေတမန်များသည် သင်၏ခြေကို ကျောက်ခဲနှင့် မထိမခိုက်မိစေရန် ပွေ့ချီထားကြမည်ဟု ရေးသားထားသောကြောင့်ဖြစ်သည်” ဟူ၍ပြောကြားလိုက် လေသည်။

Frame 25-05

သို့သော် ကိုယ်တော်ယေရှုသည် စာတန်မာရ်နတ်ခိုင်းသည့်အတိုင်းမလုပ်ဘဲ “ဘုရားရှင်က သင်တို့၏အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်အား စမ်းသပ်ခြင်းမပြုရ"ဟု လူတိုင်းအားမိန့်ကြားထားပါသည်၊ ဟု ပြောကြားလိုက်လေသည်။

Frame 25-06

ထို့နောက် စာတန်မာရ်နတ်သည် ကမ္ဘာပေါ်၌ရှိသော တိုင်းနိုင်ငံများအားလုံးအား ကိုယ်တော်ယေရှုကို ပြသလိုက်လေသည်။ စာတန်မာရ်နတ်သည် ကိုယ်တော်ယေရှုအား ထိုနိုင်ငံများမည်မျှအင်အားကြီး၍ မည်မျှကြွယ်ဝချမ်းသာကြောင်းကိုလည်း ပြသလေသည်။ စာတန်မာရ်နတ်သည် ကိုယ်တော်ယေရှုအား “သင်သည် ငါ့အား ရှိခိုးဦးညွတ်လျှင် ဤအရာအလုံးစုံကိုငါ ပေးမည်” ဟုဆိုလေသည်။

Frame 25-07

ကိုယ်တော်ယေရှုက “စာတန်မာရ်နတ်၊ ငါ့ထံမှဝေးရာကိုထွက်သွားပါ။ သင်၏ဘုရားကိုဝတ်ပြုရှိခိုးရမည်။ဘုရားရှင်ကိုသာလျှင် ချီးမွမ်းပါဟုဘုရားနှုတ်ကပတ်တော်တွင်လူတို့အားပညတ်တော်မူ၏” ဟူ၍ ပြန်လည်ပြောကြား လိုက်လေသည်။

Frame 25-08

စာတန်မာရ်နတ်သည်ကိုယ်တော်ယေရှုကိုသွေးဆောင်ဖြားယောင်း၍မရသဖြင့်အဝေးသို့ထွက်ခွာသွားလေသည်။ ထို့နောက် နတ်စေတမန်များလာရောက်၍ ကိုယ်တော်ယေရှုအား ပြုစုစောင့်ရှောက်ကြလေသည်။

မဿဲ၄:၁-၁၁;မာကု၁;၁၂-၁၃;လုကာ၄း၁-၁၃