၃၀။ကိုယ်တော်ယေရှုမှလူပေါင်းငါးထောင်ကို ကျွေးမွေးတော်မူခြင်း
ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်များကိုလူများအား ဟောပြောသွန်သင်ပေးနိုင်စေရန်ကျေးရွာအနှံ့အပြားသို့စေလွှတ်တော်မူလေသည်။ သူတို့သည် ကိုယ်တော်ယေရှုရှိသော နေရာသို့ပြန်လည် ရောက်ရှိလာသောအခါတွင် သူတို့၏လုပ်ဆောင်ချက်များအားပြန်လည်တင်ပြကြလေသည်။ထို့နောက်ကိုယ်တော်ယေရှုသည်သူတို့အားရေအိုင်တစ် ဖက်ကမ်းရှိ တိတ်ဆိတ်ငြိမ်သက်သောနေရာသို့ သွားရောက်အနားယူရန်ဖိတ်ခေါ်တော်မူလေသည်။ထို့ကြောင့် သူတို့သည် လှေတစ်စီးပေါ်သို့တက်၍ ရေအိုင်၏တစ်ဖက်ကမ်းသို့ဖြတ်ကူးကြလေသည်။
သို့သော် ကိုယ်တော်ယေရှုနှင့်သူ၏တပည့်တော်များလှေဖြင့် ထွက်ခွာသွားကြသည်ကို လူအများကတွေ့မြင်ကြလေသည်။ ထိုလူများသည် ကိုယ်တော်ယေရှုတို့ထက်အရင်ရောက်နှင့်နေစေရန် ရေအိုင်တစ်ဖက်ကမ်းသို့ကမ်းစပ်မှ ပတ်၍အပြေး အလွှားသွားကြလေသည်။ ကိုယ်တော်ယေရှုနှင့်သူ၏ တပည့် တော်များရောက် ရှိသောအခါတွင် ကြီးမားသောလူအုပ်ကြီးကသူတို့ထက်ဦးစွာရောက်နေပြီးသူတို့အားစောင့်ကြိုလျှက်ရှိနေကြလေသည်။
ထိုလူအုပ်ကြီးတွင်အမျိုးသမီးနှင့်ကလေးငယ်များအားမရေတွက်ဘဲအမျိုးသားဦးရေငါးထောင်ကျော်ပါဝင်ပါသည်။ကိုယ် တော် ယေရှုသည် သိုးထိန်းမရှိသော သိုးငယ်လေးများနှင့်တူသည့်ထိုလူများအပေါ်တွင် သနားဂရုဏာစိတ်အလွန်ဖြစ်ပေါ်လာပြီး ထိုသူတို့အားဆုံးမ သွန်သင်တော်မူပြီး၊မကျန်း မာသူတို့အားအနာရောဂါများကင်းငြိမ်းစေတော်မူလေသည်။
ထိုနေ့ညနေမစောင်းမီအချိန်တွင် တပည့်တစ်ဦးက ကိုယ် တော်ယေရှုအား “အချိန်လည်းနှောင်းနေပါပြီ၊ အနီးနားတစ်ဝိုက်တွင်လည်း မြို့ရွာများမရှိပါ။ ထိုလူများတစ်ခုခုသွားရောက်စားသုံးနိုင်ရန် စေလွှတ်တော်မူပါ”ဟု လျှောက်တင်လိုက်ပါသည်။
သို့သော် ကိုယ်တော်ယေရှုသည်တပည့်တော်များအား “သင်တို့သူတို့ကို စားစရာတစ်ခုခုကျွေးလိုက်ပါ” ဟု မိန့်ကြားလိုက်ရာ တပည့်တော်များက “ကျွန်ုပ်တို့၌ ပေါင်မုန့်ငါးလုံးနှင့် ငါးအသေးနှစ်ကောင်သာရှိသဖြင့်ဒီလူအုပ်ကြီးအား မည်သို့ကျွေးနိုင်ပါမည်နည်း” ဟု မေးလျှောက်လေသည်။
ကိုယ်တော်ယေရှုသည်တပည့်တော်များအား ထိုလူအုပ်ကြီးကို တစ်ဖွဲ့တွင် လူအယောက်ငါးဆယ်စီ မြက်ခင်းပြင်ပေါ်၌ ထိုင်စေရန်စေခိုင်းလိုက်လေသည်။
ထို့နောက် ကိုယ်တော်ယေရှုသည် ထိုပေါင်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့သို့ မျှော်ကြည့်ကာ ယခုအစားအစာအတွက် ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်တို့ကိုချီးမွမ်းတော်မူလေသည်။
ထို့နောက် ကိုယ်တော်ယေရှုသည် ပေါင်မုန့်များနှင့်ငါးများကို အပိုင်းပိုင်းဖဲ့လိုက်ပြီး သူ၏တပည့်များမှတစ်ဆင့် လူများအားဝေငှပေးစေသည်။ တပည့်များသည် အစားအစာများအား လိုက်လံဝေငှပေးကြရာမုန့်များကုန်ခမ်းသွားခြင်းမရှိဘဲ လူတိုင်းစိတ်ကျေနပ်သည်အထိအဝအလင်စားသုံးရလေသည်။
ထို့နောက်တပည့်များသည် စားသုံးခြင်းမပြုရသေးဘဲ ပိုလျှံနေသည့် အစားအစာများအား လိုက်လံသိမ်းဆည်းကြရာ၊ ခြင်းတောင်ကြီးးတစ်ဆယ့်နှစ်တောင်း ခန့်ပိုလျှံနေ ခဲ့လေသည်။ ထိုအစားအစာများအားလုံးသည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။
မဿဲ ၁၄:၁၃-၂၁; မာကု ၆:၃၁-၄၄; လုကာ ၉:၁၀-၁၇; ယောဟန် ၆:၅-၁၅