ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၆။ဘုရားရှင်က ဣဇာက်အား ချီးမြှင့်မြောက်စားတော်မူခြင်း

Frame 06-01

အာဗြံဟံအသက်အရွယ်အလွန်အိုမင်းလာသောအခါတွင် သူ၏သားဣဇက်သည်လည်း အရွယ်ရောက်လာပြီဖြစ်သည်။ ထိုအခါ အာဗြံဟံသည် သူ၏အခိုင်းအစေတစ်ဦးအား ဆွေမျိုးသားချင်းများရှိသော ၎င်းတို့ဇာတိသို့ ဣဇက်အတွင် ဇနီးမယားရှာ၍ ခေါ်ဆောင်လာရန် စေလွှတ်လိုက်သည်။

Frame 06-02

အာဗြံဟံ၏ ဆွေမျိုးသားချင်းများနေထိုင်ရာသို့ ခရီးရှည်ကြီးသွားပြီးသောအခါတွင် ဘုရားရှင်သည် ထိုအစေခံတို့အား ရေဗက္ကထံသို့ရောက်စေရန် လမ်းပြတော်မူလေသည်။ သူမသည် အာဗြံဟံ၏ညီဖြစ်သူနှင့် မြေးမတော်စပ်လေသည်။

Frame 06-03

ရေဗက္ကသည် သူမ၏မိသားစုအား စွန့်ခွာ၍ ထိုအစေခံတို့နှင့်အတူ ဣဇက်၏အိမ်သို့ လိုက်ပါရန် သဘောတူလိုက်လေသည်။ ဣဇက်သည်လည်း သူမအားရောက်ရောက်ချင်းပင် ထိမ်းမြားလက်ထပ်လိုက်လေသည်။

Frame 06-04

အချိန်ကြာမြင့်သောအခါ အာဗြံဟံကွယ်သွားခဲ့ပြီးနောက်တွင် သူ၏သားဖြစ်သူ ဣဇက်အား ဘုရားရှင်သည် ကောင်းချီးမင်္ဂလာများပေးလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏ကတိစကားများထဲမှ အာဗြံဟံအား မျိုးရိုးစဉ်ဆက် မရေမတွက်နိုင်အောင် ရရှိစေမည်ဟူသော ကတိစကားတစ်ခုလည်း ပါဝင်သည်။ သို့သော်လည်း ဣဇက်၏ဇနီးဖြစ်သူ ရေဗက္ကမှာ သားသမီးမမွေးဖွားသေးပေ။

Frame 06-05

‘ဣဇာက်’သည် ‘ရေဗက္က’အတွက် ဘုရားရှင်ထံတွင် ဆုတောင်းပေးလေသည်။ ဘုရားရှင်သည် ရေဗက္ကအား ကလေးအမွှာ ပူးကိုယ်ဝန်ဆောင်ရသောအခွင့် ကိုပေးတော်မူလေသည်။ ထိုအမွှာပူးကလေးနှစ်ဦးသည် ရေဗက္က၏ ဝမ်းထဲ၌ ရုန်းကန်နေကြသောကြောင့် ရေဗက္ကကဘုရားရှင်အားမည်သို့ဖြစ်လာမည်ကို မေးလျှောက်လေသည်။

Frame 06-06

ဘုရားရှင်က ရေဗက္ကအား သင်သည် "သားနှစ်ဦးဖွားမြင်လိမ့်မည်၊ သူတို့၏မျိုးဆက်သည် ကွဲပြားသောနိုင်ငံနှစ်နိုင်ငံဖြစ်သွားပြီး သူတို့အချင်းချင်း ပြိုင်ဆိုင်ကြရလိမ့်မည်။ သို့သော် သင်၏သားအကြီးထံမှ ပေါ်ပေါက်လာသောတိုင်းနိုင်ငံသည် သင်၏သားငယ်ထံမှ ပေါ်ပေါက်လာသောတိုင်းနိုင်ငံအား ဦးညွှတ်ရလိမ့်မည်ဟု ပြောကြားလိုက်သည်။

Frame 06-07

ရေဗက္က၏ကလေးများ မွေးဖွားသောအချိန်တွင် သားအကြီးသည် နီရဲ၍ အမွှေးများသဖြင့် ထိုကလေးအား ဧသောဟုအမည်ပေးလေသည်။ ထို့နောက်သားငယ်သည် ဧသော၏ခြေဖနောင့်အား ကိုင်၍မွေးဖွားလာသောကြောင့် ယာကုပ်ဟုအမည်ပေးလေသည်။

ကမ္ဘာဦးကျမ်း ၂၄း၁-၂၅း၂၆