ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၇၊ဖိလိပ္ပိမြို့တွင်းရှိ ပေါလုနှင့်သိလ

Frame 47-01

ရှောလုသည် ရောမအင်ပါယာအတွင်း ခရီးလှည့်လည်စဉ်တစ်လျှောက်လုံးတွင် 'ပေါလု'ဟူသော ရောမအမည်ကို စတင်သုံးစွဲခဲ့သည်။ တစ်နေ့သောအခါတွင် ပေါလုနှင့် သူ၏ သူငယ် ချင်းဖြစ်သူ 'သိလ'တို့သည် ကိုယ်တော်ယေရှုအကြောင်း သတင်း ကောင်းကို ဖိလိပ္ပိမြို့ထဲသို့ဝင်၍ ပြောကြားရန်အတွက်သွား ရောက်ကြပါသည်။ သူတို့သည် မြို့အပြင်ဘက်မြစ်အနီးရှိ လူအများ စုရုံး၍ ဘုရားဝတ်ပြုဆုတောင်းနေကြသောနေရာရှိ'လုဒိ'ဟုခေါ်သော ကုန်သည်အမျိုးသမီးတစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ သူမသည် ဘုရားရှင်အား အလွန်ကြည်ညိုကိုးကွယ်သူဖြစ်ပါသည်။

Frame 47-02

ဘုရားရှင်သည် 'လုဒိ'အား ကိုယ်တော်ယေရှုအကြောင်းသတင်း စကားများကို ယုံကြည်လက်ခံနိုင်ရန် ပြုလုပ်ပေးထားပါသည်။ 'ပေါလု'နှင့်'သိလ'သည် သူမနှင့်သူမ၏မိသားစုများအား ရေနှစ် မင်္ဂလာ ပြုလုပ်ပေးလိုက်ပြီး သူမ၏အိမ်တွင် နေထိုင်ရန်ဖိတ်ခေါ်သဖြင့် သူမ၏အိမ်တွင်နေထိုင်ခဲ့ကြပါသည်။

Frame 47-03

'ပေါလု'နှင့်'သိလ'တို့သည် ဣသရေလ လူမျိုးများ ဘုရားဝတ်ပြုဆုတောင်းသောနေရာတွင် မကြာခဏလူအများနှင့် တွေ့ဆုံခဲ့ကြပါသည်။ သူတို့သည် နေ့စဉ်ထိုနေရာသို့လမ်းလျှောက်သွားတိုင်း မကောင်းဆိုးဝါးပူးကပ်နေသူ အစေခံအမျိုးသမီးတစ်ဦးသည် သူတို့နောက်သို့အမြဲလိုက်ပါလာပါသည်။ ထိုအမျိုးသမီးသည် မကောင်းဆိုးဝါး၏အစွမ်းဖြင့် လူတို့၏အနာဂတ်ရှေ့ဖြစ်များ ဟောပြောပေးပြီး သူ၏သခင်အတွက် ငွေကြေးမြောက်များစွာရှာဖွေပေးပါသည်။

Frame 47-04

ထို အစေခံမိန်းခလေးက “ဒီလူတွေဟာ အမြင့်မြတ်ဆုံးဘုရား ရှင်ရဲ့ ကျေးကျွန်များဖြစ်ပါတယ်။ သင်တို့ကယ်တင်ခြင်းခံရမယ့်နည်းလမ်းကို သူတို့ကပြောပြနေခြင်းဖြစ်ပါတယ်” ဟူ၍ သူတို့လမ်းလျှောက်လာသောအချိန်တွင် မကြာခဏစူးစူးဝါးဝါးအော်ဟစ် ပြောဆိုနေသဖြင့် ပေါလုမှာစိတ်အနှောက်အယှက် ဖြစ်လာလေသည်။

Frame 47-05

နောက်ဆုံးတစ်နေ့တွင် ထိုအစေခံမိန်းခလေး စူးစူးဝါးဝါးအော် ဟစ်သောအချိန်၌ 'ပေါလု'သည် သူမဘက်သို့လှည့်ပြီး “ကိုယ် တော်ယေရှုရဲ့ နာမတော်နဲ့သူမခန္ဓာ ကိုယ်ထဲကထွက်လာပါ"ဟူ၍ မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်သဖြင့် ထိုမကောင်းဆိုးဝါးသည် အစေခံမိန်းခလေးထံမှ ထွက်ခွာသွားလေသည်။

Frame 47-06

အစေခံမိန်းခလေးသည် ထိုမကောင်းဆိုးဝါးမရှိတော့သည့်အခါအနာဂတ်များကို ကြိုတင်သိမြင်နိုင်ခြင်း မရှိတော့သည်ကို သူတို့နားလည်သဘောပေါက်သွားကြသဖြင့် သူမအား ပိုင်ဆိုင်သောသခင်က အလွန်ဒေါသထွက်လေသည်။သူမသည် လူများအားသူတို့ဘာဖြစ်လိမ့်မည်ဆိုသည့် အနာဂတ်အား ပြောကြားနိုင်ခြင်းမရှိ တော့သဖြင့် သူ၏သခင်အားငွေကြေးရှာဖွေပေးနိုင်ခြင်း မရှိတော့သောကြောင့်ဖြစ်သည်။

Frame 47-07

ထို့ကြောင့် ထိုအစေခံမလေး၏ပိုင်ရှင်သည် ပေါလုနှင့်သိလတို့ကို ရောမအာဏာပိုင်များထံသို့ ခေါ်သွားပြီး ရိုက်နှက်ကာထောင်ထဲသို့ထည့်လိုက်ကြပါသည်။

Frame 47-08

သူတို့သည် 'ပေါလု'နှင့်သိလအား လုံခြုံရေးအများဆုံးရှိသော အချုပ်ထောင်ဖက်ခြမ်းတွင် ထားကြပြီး ၎င်းတို့၏ခြေထောက်များအား သစ်သားထိပ်တုံးကြီးနှင့်ပင် ချုပ်နှောင်ထားပါသည်။ သို့သော်လည်း ညလယ်ပိုင်းအချိန်တွင် 'ပေါလု'နှင့်'သိလ'တို့သည် ဘုရားရှင်အား သီချင်းများဖြင့် ချီးမွမ်းပူဇော်ကြလေသည်။

Frame 47-09

ရုတ်တရက်တွင် ပြင်းထန်သောမြေငလျင်တစ်ခုဖြစ်ပေါ်လာပြီး ထောင်တံခါးများအားလုံး ပွင့်ထွက်သွား၍ ထောင်သားများတွင် ချည်နှောင်ထားသောသံကြိုးများလည်း ပြုတ်ထွက်သွားလေသည်။

Frame 47-10

ထို့နောက် ထောင်မှူးအိပ်ယာနိုးသွားချိန်တွင် ထောင်တံခါးများပွင့်နေသည်ကိုတွေ့ခဲ့ပြီး ထောင်သားများအားလုံး ထွက်ပြေးလွတ် မြောက်သွားပြီဟု ထင်မှတ်သွားလေသည်။ ထောင်သားများ လွတ်မြောက်သွားခြင်းကြောင့် သူအား ရောမအာဏာပိုင်များက ကွက်မျက်ကြလိမ့်မည်ဟုထင်သဖြင့် သူ့ကိုယ်သူ သတ်သေရန် ပြုလုပ်ခြင်းအား 'ပေါလု'က တွေ့မြင်လိုက်ပြီး “ရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုနာကျင်အောင် မလုပ်ပါနဲ့။ ကျွန်ုပ်တို့အားလုံးဒီနေရာမှာရှိနေပါတယ်” ဟူ၍အော်ဟစ်ပြောကြားလိုက်လေသည်။

Frame 47-11

ထိုထောင်မှူးသည် တုန်ရီလျက်'ပေါလု'နှင့်'သိလ'ထံသို့လာကာ “ကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘယ်လိုလုပ်ရမလဲ” ဟူ၍မေးမြန်းလိုက်သောအခါ 'ပေါလု'က “အရှင်သခင်ဖြစ်သောကိုယ်တော်ယေရှုအား ယုံကြည်လိုက်ပါ။ သင်နဲ့သင့်မိသားစု ကယ်တင်ခြင်းခံရပါလိမ့်မယ်” ဟူ၍ပြန်လည်ဖြေကြား လိုက်လေသည်။ ထို့နောက် ထောင်မှူးသည် 'ပေါလု'နှင့်'သိလ'အား သူ၏အိမ်သို့ခေါ်ဆောင်သွားပြီး သူတို့၏ဒဏ်ရာများကို ဆေးကြောပေးလေသည်။ ပေါလုသည် ကိုယ်တော်ယေရှု၏ သတင်းကောင်းများကို သူ၏အိမ်တွင်ရှိသောလူတိုင်းအား ဟောပြောလေသည်။

Frame 47-12

ပေါလုနှင့်သိလတို့သည်ကိုယ်တော်ယေရှုအား ယုံကြည်ကြသော ထောင်မှူးနှင့်သူ၏မိသားစုအား ရေနှစ်မင်္ဂလာပြုပေး လိုက်လေသည်။ ထို့နောက် ထောင်မှူးသည် 'ပေါလု'နှင့်'သိလ'အား အစား အသောက်များကျွေးမွေးပြီး အတူဝမ်းမြောက်ပျော်ရွှင်သွားကြလေသည်။

Frame 47-13

နောက်နေ့တွင် မြို့၏ခေါင်းဆောင်များက 'ပေါလု'နှင့်'သိလ'အား ထောင်မှလွတ်မြောက်စေပြီး ဖိလိပ္ပိမှထွက်ခွာစေသည်။'ပေါလု' နှင့်'သိလ'သည်'လုဒိ'နှင့်အခြားသူငယ်ချင်းများအား သွားရောက် နှုတ်ဆက်ကာ မြို့မှထွက်ခွာလာကြပါသည်။ ကိုယ်တော်ယေရှု၏ သတင်းကောင်းသည်လည်း ဆက်လက်ပြန့်ပွားပြီး ကိုယ်တော်ယေရှုအား ယုံကြည်သူအသင်းတော်များ ပွားများလာခဲ့ ပါသည်။

Frame 47-14

ပေါလုနှင့်ယုံကြည်သူခေါင်းဆောင်များသည် မြို့များစွာကို ဆက် လက်၍ခရီးနှင်ခဲ့ပါသည်။ သူတို့သည် လူတိုင်းကို ကိုယ်တော်ယေရှု၏ကောင်းသတင်းများအား မျှဝေပြီးသင်ကြားပြသခဲ့ကြပါသည်။ သူတို့သည် ဘုရားကျောင်းများတွင်ရှိသော ယုံကြည်သူများကို ဆက်လက်သင်ကြားပေးရန် အားပေးတိုက်တွန်းနှိုး ဆော်ခဲ့ကြသဖြင့် အချို့သောစာများသည် သမ္မာကျမ်းစာ၏ စာအုပ် စာစောင်များဖြစ်လာကြသည်။

တမန်တော်ကျမ်း ၁၆:၁၁_၄၀