ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၄။ကိုယ်တော်ယေရှုဟောပြောသွန်သင်တော်မူသည့်အခြားပုံဥပမာများ

Frame 34-01

ကိုယ်တော်ယေရှုသည်ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့တော်အကြောင်း အား ပုံဝတ္ထုများဖြင့် ပြောပြလေသည်။ ဥပမာအနေဖြင့် သူက “ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့တော်သည် လူတစ်ဦးက သူ၏လယ်ကွင်းထဲတွင် စိုက်ပျိုးထားသော ညောင်စေ့ကဲ့သို့ဖြစ်ပါသည်။အစေ့များထဲတွင်လည်းညောင်စေ့သည် အသေးဆုံးဖြစ်သည်ကို သင်တို့သိရှိကြပါသည်။”

Frame 34-02

“သို့သော် ညောင်စေ့မှ အပင်ပေါက်လာသောအခါ အကိုင်းအခက်များကြီးထွားလာပြီး ငှက်များလာ၍နားခိုနိုင်လောက်အောင်ပင် ဥယျာဉ်ထဲ၌ အကြီးဆုံးအပင်ဖြစ်သွားပါလိမ့်မည်။”

Frame 34-03

နောက်ထပ်ပုံပြင်တစ်ခုတွင် ကိုယ်တော်ယေရှုက “ဘုရားရှင်၏ နိဗ္ဗာန်ရွှေမြို့တော်သည် အမျိုးသမီးတစ်ဦးက ပေါင်မုန့်ဖုတ်မည့်ဂျုံထဲတွင်တစေးထည့်ပြီးနယ်လိုက်သောအခါဖောင်းကြွလာသောမုန့်ညက်နှင့်တူလေ၏။” ဟူ၍မိန့်ကြားတော်မူလေသည်။

Frame 34-04

“ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့တော်သည် လူတစ်ယောက်က လယ်ကွင်းတစ်ခုထဲတွင် မြှုပ်နှံထားသော ရတနာသေတ္တာနှင့်တူပါသည်။ အခြားသူတစ်ဦးသည် ထိုရတနာများကို တွေ့ရှိသွားသဖြင့် အလွန်အမင်းလိုချင်လာ၏။ ထို့ကြောင့် နောက်တစ်နေရာသို့ သူကတစ်ဖန်မြှုပ်ထားခဲ့၏။ သူသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်၍ ရတနာသေတ္တာမြှုပ်နှံထားသော လယ်အားဝယ်ယူနိုင်ရန် သူပိုင်ဆိုင်သောအရာများ အားလုံးအားရောင်းချလိုက်ကာထိုလယ်အားဝယ်လိုက်သည်။”နှင့်တူလေသည်။

Frame 34-05

“ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့တော်သည် အလွန်တန်ဖိုးကြီးမားသော ပုလဲတစ်လုံးနှင့်လည်း တူ၏။ ပုလဲကုန်သည်တစ်ဦးကထိုပုလဲကောင်းကိုတွေ့သောအခါတွင် ထိုပုလဲအားဝယ်ယူနိုင်ရန်အတွက် သူ၏ပိုင်ဆိုင်မှုအားလုံးအား ရောင်းချလိုက်ခြင်းနှင့်တူပါသည်။”

Frame 34-06

အချို့သောသူများသည် သူတို့၏ကောင်းမှုကုသိုလ်များကြောင့် ဘုရားရှင်က သူတို့အားလက်ခံလိမ့်မည်ဟု ထင်မြင်ယူဆနေကြသူများလည်း ရှိကြပါသည်။ ထိုလူများက ကုသိုလ်ကောင်းမှုမလုပ်သောသူများအား အထင်သေးကြ၏။ ထိုအခါတွင် ကိုယ်တော်ယေရှုက သူတို့အားဤပုံပြင်အား မိန့်ကြားတော်မူခဲ့လေသည်။ “ဗိမာန်တော်သို့ အမျိုးသားနှစ်ဦးဝတ်ပြုရန် သွားလေသည်။ တစ်ဦးမှာ အခွန်ကောက်သူဖြစ်ပြီး နောက်တစ်ဦးမှာ ဘာသာရေးခေါင်းဆောင်ဖြစ်လေသည်” ။

Frame 34-07

“ဘာသာရေးခေါင်းဆောင်မှာ ဤကဲ့သို့ဘုရားဝတ်ပြုလေသည်။ "ကျွန်ုပ်သည် တစ်ခြားသော ဓါးပြများ၊ မတရားသောသူများ၊ သူတစ်ပါးသားမယားအားပြစ်မှားသူများနှင့် ထိုနေရာတွင် ရှိသော အခွန်ကောက်သူတို့ကဲ့သို့ အပြစ်သားများမဟုတ်သည့်အတွက် ဘုရားရှင်အား ကျေးဇူးတင်ပါသည်။’”

Frame 34-08

“ဥပမာအားဖြင့် ကျွန်ုပ်သည် တစ်ပတ်တွင် နှစ်ကြိမ်အစာရှောင်ပြီး ကျွန်ုပ်ရရှိသော ကုန်များနှင့်ငွေများ၏ တစ်ဆယ်ရာခိုင်နှုန်းကို ဘုရားရှင်အားပေးလှူခဲ့ပါသည်။”

Frame 34-09

“သို့သော် အခွန်ကောက်ခံသူမှာ ဘာသာရေးခေါင်းဆောင်နှင့် အဝေးတွင်ရပ်လျှက်ကောင်းကင်သို့ပင် မော့၍မကြည့်ပါ။ ထိုအစားသူ၏ရင်ဘတ်ကိုတီးခတ်၍ ‘အဖဘုရားရှင် ကျွန်ုပ်သည် အပြစ်သားဖြစ်သဖြင့် ကျွန်ုပ်အားသနားတော်မူပါ’ ဟူ၍ ဆုတောင်းဝတ်ပြုလေသည်။”

Frame 34-10

ထို့နောက် ကိုယ်တော်ယေရှုက “ငါ သင်တို့အားအမှန်တရားများကိုပြောပြမည်။ ဘုရားရှင်သည် အခွန်ကောက်ခံသူ၏ ဆုတောင်းမှုအား ကြားတော်မူ၍ သူ့အားရိုးသားဖြောင့်မတ်သူအဖြစ်ကြေညာကာ၊ဘာသာရေခေါင်းဆောင်၏ဆုတောင်း ချက်အားနှစ်သက်တော်မမူ၊ဘုရားရှင်သည် မာနထောင်လွှားနေသူတိုင်းအား ရှုတ်ချပြီး မိမိကိုယ်ကိုနှိမ့်ချသောသူတို့အား ဂုဏ်ပြုချီးမွမ်း‌‌‌တော် မူလေသည်ဟုမိန့်ကြားတော်မူလိုက်ပါသည်။

မဿဲ ၁၃:၃၁-၃၃, ၄၄-၄၆;မာကု ၄:၃၀-၃၂; လုကာ ၁၃:၁၈-၂၁; လုကာ ၁၃:၁၈-၂၁; ၁၈:၉-၁၄