၃။ရေလွှမ်းမိုးတော်မူခြင်း
အချိန်ကြာလာသောအခါတွင် ကမ္ဘာပေါ်တွင်လူများစွာနေထိုင်လာကြပါသည်။ သူတို့သည် အလွန်ကောက်ကျစ်ကြမ်းတမ်းလာကြသည်။လူများ အလွန်ဆိုးယုတ်လာသဖြင့် ဘုရားရှင်က ကမ္ဘာကြီးတစ်ခုလုံးအား ကြီးမားသောရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးရန်ဆုံးဖြတ်တော်မူလိုက်လေသည်။
သို့သော်ဘုရားရှင်သည် နောဧကိုကျေနပ်နှစ်သက်တော်မူ၏။ သူသည်ဆိုးသွမ်းကောက်ကျစ်သောသူများကြားထဲမှ သူတော်ကောင်းတစ်ဦးဖြစ်ပါသည်။ ဘုရားရှင်ကနောဧအားကြီးမားသော ရေလွှမ်းမိုးခြင်းပြုလုပ်တော့မည်ဟု ပြောပြလိုက်ပြီးနောဧ အားကြီးမားသော လှေတစ်စီးကိုဆောက်လုပ်ရန် မိန့်တော်မူခဲ့လေသည်။
ဘုရားရှင်သည် နောဧအားသင်္ဘောကို အလျှားတစ်ရာ့လေးဆယ်မီတာ၊ အနံနှစ်ဆယ့်သုံးမီတာနှင့် အမြင့် တစ်ဆယ့်သုံးဒဿမငါးမီတာမြင့်အောင်ဆောက်ခိုင်းသည်။ နောဧသည် ထိုသင်္ဘောအား သစ်သားဖြင့်ဆောက်၍ အထပ်သုံးထပ်၊ အခန်းများ၊ခေါင်မိုးတစ်ခုနှင့် ပြတင်းပေါက်တစ်ခုပါရှိစေသည်။ သင်္ဘောသည် နောဧနှင့်သူ၏မိသားစုအပြင် ကုန်းနေသတ္တဝါတိုင်းကို ရေကြီးချိန်တွင် လုံခြုံစိတ်ချစွာထားနိုင်လေသည်။
နောဧသည် ဘုရားရှင်၏အမိန့်တော်အားလိုက်နာခဲ့သည်။ သူနှင့်သူ၏သားသုံးယောက်သည် ဘုရားရှင်ပြောကြားသည့်အတိုင်း သင်္ဘောအားဆောက်လုပ်ကြသည်။ သင်္ဘောသည် အလွန်ကြီးမားသောကြောင့် ဆောက်လုပ်ရန်နှစ်ရှည်လများ ကြာမြင့်ခဲ့သည်။ နောဧသည် ရေကြီးတော့မည်ကို လူတိုင်းအားသတိပေးပြီး မိမိတို့၏အပြစ်ဒုစရိုက်တို့အတွက်နောင်တသံဝေဂရကြရန်နှင့်ဘုရားရှင်အား ယုံကြည်လိုက်နာရန်ပြောကြားသော်လည်း မည်သူမှနောဧအား မယုံကြည်ကြပေ။
ဘုရားရှင်သည် နောဧအား သင်္ဘောကိုအလျား တစ်ရာ့လေးဆယ်မီတာ၊ အနံနှစ်ဆယ့်သုံးမီတာနှင့် အမြင့်တစ်ဆယ့်သုံးဒဿမ ငါးမီတာမြင့်အောင်ဆောက်ခိုင်းသည်။ နောဧသည် ထိုသင်္ဘောအား သစ်သားဖြင့်ဆောက်၍ အထပ်သုံးထပ်၊ အခန်းများ၊ ခေါင်မိုးတစ်ခုနှင့် ပြတင်းပေါက်တစ်ခုပါရှိစေသည်။ သင်္ဘောသည် နောဧနှင့် သူ၏မိသားစုအပြင် ကုန်းနေသတ္တဝါတိုင်းကို ရေကြီးချိန်တွင် လုံခြုံစိတ်ချစွာ ထားနိုင်လေသည်။
ဘုရားရှင်က တိရိစ္ဆာန်တိုင်း၏ အထီးတစ်ကောင် အမတစ်ကောင်အား ရေကြီးချိန်တွင် လုံခြုံစိတ်ချရစေရန် နောဧ၏သင်္ဘောပေါ်သို့ စေလွှတ်လိုက်သည်။ ဘုရားရှင်သည် တိရိစ္ဆာန်မျိုးစုံထဲမှ အထီးခုနှစ်ကောင်၊ အမခုနှစ်ကောင်အားယဇ် ပူဇော်စဉ် အသုံးပြုနိုင်ရန်ထည့်ပေးလိုက်သည်။ ၎င်းတို့အားလုံး သင်္ဘောထဲသို့ရောက်သောအခါတွင် ဘုရားရှင်ကိုယ်တိုင် တံခါးကိုပိတ်တော်မူ၏။
ထို့နောက် မိုးအဆက်မပြတ်ရွာသွန်းလာပြီး မိုးသည် ရက်ပေါင်းလေးဆယ်ခန့် နေ့ညမပြတ်ရွာသွန်းလာလေသည်။ ကမ္ဘာမြေကြီးထဲမှ ရေများပန်းထွက်လာသည်။ အမြင့်ဆုံးတောင်များအပါအဝင် ကမ္ဘာပေါ်တွင်ရှိသောအရာများအားလုံး ရေလွှမ်းမိုးသွားလေသည်။
သင်္ဘောပေါ်တွင်ပါသောလူများနှင့် တိရစ္ဆာန်များမှအပ ကျန်သောကုန်းနေသတ္တဝါများအားလုံး သေဆုံးသွားကြသည်။ သင်္ဘောသည်ရေပေါ်တွင်ပေါ်နေပြီး အထဲတွင်ပါဝင်သောလူများ နှင့် တိရစ္ဆာန်များအား ကာကွယ်လိုက်သည်။
မိုးရွာသွန်းခြင်း ရပ်တန့်သွားသောအခါတွင် ရေများကျဆင်းလာပြီးသင်္ဘောသည်ရေပေါ်တွင် ငါးလခန့်မျောပါနေသည်။ တစ်နေ့တွင် သင်္ဘောသည် တောင်တစ်လုံး၏ထိပ်ဖျားတွင်ရပ်နားသွားလေတော့သည်။ သို့သော် ကမ္ဘာကြီးမှာရေလွှမ်းမိုးနေဆဲပင်ဖြစ်သည်။ သုံးလကျော်ပြီးနောက် တောင်ထိပ်များကိုမြင်လာရပါသည်။
ရက်လေးဆယ်မြောက်သောနေ့တွင် နောဧက ကျီးကန်းတစ်ကောင်ကိုလွှတ်၍ ခြောက်သွေ့သောမြေအား ရှာဖွေလေသည်။ ကျီးကန်းသည် ခြောက်သွေ့သောမြေနေရာအားရှာဖွေရန် ခေါက်တုံ့ခေါက်ပြန်ရှာဖွေသော်လည်း မတွေ့ရှိသောကြောင့်ပြန်လာခဲ့လေသည်။။
ထို့နောက်တွင်နောဧသည်ချိုးငှက်ဟုခေါ်သော ငှက်တစ်ကောင်ကို ခြောက်သွေ့သော ကုန်းမြေအား ရှာဖွေရန်စေလွှတ်လိုက်ရာ ရှာဖွေ၍မရသဖြင့်နောဧထံသို့ပြန်လာလေသည်။ နောက်တစ်ပတ်ကြာသောအခါတွင် ချိုးငှက်အားထပ်မံစေလွှတ်လိုက်ရာ နှုတ်သီးတွင်သံလွင်ခက်ကိုကိုက်၍ ပြန်လာလေသည်။ ရေများကျဆင်းနေပြီဖြစ်ပြီး အပင်များလည်းပြန်လည်ကြီးထွားနေပြီဖြစ်သည်။
နောဧသည် နောက်တစ်ပါတ်ခန့်စောင့်ပြီး ချိုးငှက်အား သုံးကြိမ်မြောက်အဖြစ် စေလွှတ်လိုက်ပြန်သည်။ ယခုအချိန်တွင် ရေများ ခန်းခြောက်သွားပြီး နားခိုစရာ ရရှိသွားသဖြင့် ပြန်မလာတော့ပေ။
နှစ်လခန့်ကြာသော် ဘုရားရှင်က နောဧအား"သင်နှင့်သင့်မိသားစုအပါအဝင် တိရစ္ဆာန်များအားလုံး သင်္ဘောမှထွက်ခွါ၍ရပြီ၊ သားသမီးများ၊ မြေးများကို မြောက်များစွာမွေးဖွား၍ ဤကမ္ဘာကြီး၌ လူအမြောက်အများ တိုးပွားစေပါ" ဟု မိန့်တော်မူလေသည်။ ထိုအခါ နောဧနှင့် သူ၏မိသားစုသည် သင်္ဘောမှထွက်လာကြသည်။
နောဧသည် သင်္ဘောပေါ်မှဆင်းလာပြီးသောအခါတွင် ဘုရားပူဇော်ရန် ပလ္လင်တစ်ခုကိုတည်ဆောက်ပြီး ပူဇော်၍ရသော တိရစ္ဆာန်အချို့ကို ပူဇော်လိုက်သည်။ ဘုရားရှင်သည် နောဧ၏ ပူဇော်မှုအား နှစ်သက်တော်မူပြီး သူနှင့်သူ၏မိသားစုအား ကောင်းချီးပေးတော်မူလေသည်။
ဘုရားရှင်က “”ကျွန်ုပ်သည် ဤကမ္ဘာမြေကို လူတို့၏မကောင်းမှုတို့အတွက် ဘေးသင့်စေမည်မဟုတ်တော့ပေ။ ရေကြီး၍လည်း ကမ္ဘာကြီးအားမဖျက်ဆီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသားများမှာ ငယ်စဉ်တောင်ကျေးဘဝမှအပြစ်ကျူးလွန်တတ်ကြသောကြောင့်ဖြစ်သည်”ဟု မိန့်တော်မူလေသည်။
ထို့နောက်ဘုရားရှင်သည် သူ၏ပဋိညာဉ်သက်သေတစ်ခုအဖြစ် ပထမဆုံး သက်တံ့တစ်ခုအား ဖန်ဆင်းလိုက်လေသည်။ ကောင်းကင်ယံ၌ သက်တံ့ပေါ်လာတိုင်း ဘုရားရှင်နှင့်လူသားများ သည် ဘုရားရှင်၏ကတိတော်အား ပြန်လည်အမှတ်ရနေကြမည် ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၆-၈