၉။ဘုရားရှင်က မောရှေအားခေါ်ယူတော်မူခြင်း
‘ယောသပ်’ သေဆုံးပြီးသောအခါတွင် ၎င်း၏ဆွေမျိုးသားချင်းများအားလုံးသည် အီဂျစ်တွင်ဆက်လက်နေထိုင်ခဲ့ကြသည်။ သူနှင့်သူ၏နောင်လာနောက်သားများသည် ထိုနေရာတွင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ကြပြီး သားသမီးများစွာ မွေးဖွားကြသည်။ သူတို့အား ဣသရေလလူမျိုးများဟု ခေါ်ကြသည်။
နှစ်ရာပေါင်းများစွာကြာသောအခါတွင် ဣသရေလလူမျိုးများ၏ လူဦးရေမှာ လွန်စွာများပြားလာခဲ့သည်။ အီဂျစ်လူမျိုးများသည် သူတို့အား ‘ယောသပ်’ ကူညီပေးခဲ့သည့်အရာများအားလုံးအတွက် ကျေးဇူးတရားများကိုမထောက်ထားတော့ချေ။ သူတို့သည် ဣသရေလလူမျိုးများ အလွန်များပြားလာသောကြောင့် ကြောက်လန့်လာကြသဖြင့် ထိုအချိန်က အီဂျစ်အား အုပ်ချုပ်နေသော ဖာရောဘုရင်သည်အီဂျစ်လူမျိုးများအတွက်ဣသရေလလူမျိုးများအား ကျွန်ပြုခဲ့သည်။
အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများအားအဆောက် အဦးများစွာနှင့်မြို့များကိုပင် ဆောက်လုပ်စေခဲ့သည်။ အလုပ် ကြမ်းများသည်သူတို့ဘဝများကိုပင်ပမ်း ဆင်းရဲစေသော် လည်း ဘုရားရှင်သည်သူတို့အား ကောင်းချီးမင်္ဂလာများပေးသဖြင့် သားသမီးများပိုမို ထွန်းကားလာခဲ့ကြသည်။
ဖာရောဘုရင်သည် ဣသရေလလူမျိုးများက သားသမီးများစွာ မွေးဖွားသည်ကို တွေ့သောအခါတွင် သူ၏လူများအား ဣသရေလလူမျိုး ယောကျ်ားလေးများအား သတ်၍ နိုင်းမြစ်ထဲသို့ ပစ်ချရန်အမိန့်ပေးခဲ့ပါသည်။
ဣသရေလလူမျိုး အမျိုးသမီးကြီးတစ်ဦးသည် သားယောကျ်ားလေးတစ်ဦးအား မွေးဖွားပြီး ထိုကလေးကို တတ်နိုင်သမျှအချိန်ကြာကြာဝှက်ထားခဲ့လေသည်။
မိဘများသည် ကလေးငယ်အားဆက်၍ကြာရှည်စွာဝှက်မထားနိုင်တော့သောအခါတွင် အသက်ဘေးမှကယ်တင်နိုင်ရန် နိုင်းမြစ်ကမ်းဘေးရှိ ကိုင်းတောများကြားတွင် ရေပေါ်တွင်ပေါ်နိုင်သော ခြင်းတောင်းတစ်လုံးဖြင့် ကလေးငယ်အားထားခဲ့လိုက်သည်။ ကလေးငယ်၏ အစ်မဖြစ်သူမှာ ကလေးငယ်မည်သို့ ဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
ဘုရင်၏သမီးတော်တစ်ပါးသည် ခြင်းတောင်းအားတွေ့၍ အထဲသို့ကြည့်လိုက်သောအခါ ထိုကလေးငယ်အား တွေ့ရှိသွားပြီးသားအဖြစ်မွေးစားလိုက်လေသည်။ သူမသည် ဣသရေလလူမျိုး အမျိုးသမီးတစ်ဦးအား ထိုကလေးငယ်ကို နို့တိုက်ပြုစုရန် ငှားရမ်းလိုက်သည်။ ထိုသို့ငှားရမ်းလိုက်သောအမျိုးသမီးမှာ ကလေးငယ်၏ မိခင်အရင်းဖြစ်သည်ကို မသိပေ။ ထိုကလေးငယ်သည် မိခင်နို့ရည်အား မလိုအပ်တော့သည့် အရွယ်ရောက်လာသောအခါတွင် ဘုရင့်သမီးတော်ထံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ‘မောရှေ’ ဟုအမည်ပေးလိုက်လေသည်။
‘မောရှေ’ အရွယ်ရောက်လာပြီး တစ်နေ့တွင် အီဂျစ်လူမျိုးတစ်ဦးက ဣသရေလကျွန်တစ်ဦးအား ရိုက်နှက်နေသည်ကို တွေ့မြင်လိုက်သဖြင့် ‘မောရှေ’ သည် ကျွန် ဘဝရောက်နေသော သူ၏လူမျိုးဖြစ်သောဣသရေလတို့အား ကယ်တင်ရန် ကြိုးစားခဲ့လေသည်။
‘မောရှေ’ သည် ဣဿရေလလူမျိုးတစ်ဦးအားနှိပ်စက်ရိုက်နှက်နေသောသူအီဂျစ်လူမျိုးတစ်ဦးကိုမည်သူမျှမတွေ့မြင်နိုင်ဟုထင်မှတ်ကာအသေသတ်၍ သူ၏အလောင်းအား မြှုပ်နှံသင်္ဂြိုလ်လိုက်သည်။သို့သော် လည်း ‘မောရှေ’လုပ်ဆောင်ခဲ့သမျှတို့ကို တစ်စုံတစ်ယောက်က တွေ့မြင်ခဲ့လေသည်။
‘ဖာရို’ဘုရင်သည် ‘မောရှေ’၏လုပ်ရပ်ကိုကြားသိတော်မူသောအခါ သူ့အား သတ်ပစ်ရန်ကြိုးပမ်းသော်လည်း ‘မောရှေ’မှာ အီဂျစ်ပြည်မှ တောကန္တာရထဲသို့ ထွက်ပြေးသွားသဖြင့် ဘုရင် ‘ဖာရို’၏ စစ်သားများသည် သူ့အား ထိုနေရာ၌ ရှာမတွေ့နိုင်ခဲ့ကြပေ။
‘မောရှေ’သည် အီဂျစ်နှင့် ဝေးကွာသောတောကန္တာရ ထဲတွင် သိုးကျောင်းသားတစ်ဦးဖြစ်လာပြီး ထိုနေရာ၌ပင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားကာ သားနှစ်ဦးမွေးဖွားခဲ့လေသည်။
‘မောရှေ’သည် ယောက္ခမဖြစ်သူ၏သိုးအုပ်အားထိန်းကျောင်း လေသည်။ တစ်နေ့သောအခါတွင် ချုံပုတ်တစ်ခုသည်မီးလောင် နေသော်လည်းပျက်စီးခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ သူသည် သေချာစွာကြည့်ရန် ချုံပုတ်နားသို့ ကပ်သွားလေသည်။ ချုံပုတ်နှင့် အလွန်နီးကပ်သွားသောအခါတွင် ဘုရားရှင်က သူ့အား “မောရှေ သင်၏ဖိနပ်အားချွတ်လိုက်ပါ။ သင်သည် မြင့်မြတ်သောမြေပေါ်တွင် ရပ်နေခြင်းဖြစ်သည်။” ဟုမိန့်တော်မူလိုက်လေသည်။
ထို့နောက် ဘုရားရှင်က “ငါ၏ လူများဒုက္ခခံစားနေရသည်ကို တွေ့မြင်တော်မူပြီးဖြစ်သည်။ ငါသည် သင့်အား ဣသရေလလူမျိုးများကို အီဂျစ်၏ကျွန်အဖြစ်မှလွတ်မြောက်စေရန် ဖာရောဘုရင်ထံသို့ လွှတ်လိုက်မည်။ ငါသည် သူတို့အား အာဗြဟံ၊ ဣဇာက် နှင့် ယာကုပ် တို့အား ကတိတော်ပေးထားသောခါနာန်ပြည်ကိုပေးတော်မူမည်။"ဟုမိန့်တော်မူလေသည်။
‘မောရှေ’သည် “ကျွန်ုပ်ကို စေလွှတ်လိုက်သူအရှင်အား လူအများက သိလိုကြလျှင် မည်ကဲ့သို့ဖြေရပါမည်နည်း” ဟု ဘုရားရှင်အား မေးလျှောက်လျှင် ဘုရားရှင်က “ငါသည်ငါဖြစ်၏” ဟုထိုသူတို့အား ပြောပြလိုက်ပါ။ “ငါဟုဆိုသောအရှင်သည် ကျွန်ုပ်အား သင်တို့ထံသို စေလွှတ်လိုက်သည်” ဟူ၍လည်း ပြောပြလိုက်ပါ။ “ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ကိုးကွယ်သော “ယာဝေ” “ထာဝရ” ဘုရားဖြစ်ပြီးဤအမည်မှာ ငါ၏ “ထာဝရ” နာမတော်ဖြစ်သည်” ဟု ပြောပြရန် မိန့်တော်မူလေသည်။
‘မောရှေ’ သည်ဖာရိုဘုရင်ကသူ့အားအသေသတ်လိုသည်ကိုသိ၍ ကြောက်လန့်ကာမသွားလိုပေ။၎င်းအပြင်သူသည်စကားကောင်းမွန်စွာ မပြောတတ်သောကြောင့် ဖာရိုဘုရင်ထံသို့ မသွားလိုဖြစ်နေ၍ ‘မောရှေ’ ၏ ညီအစ်ကိုတော်စပ်သူ ‘အာရွန်’ ကိုသူ့အား ကူညီရန် စေလွှတ်လိုက်ပါသည်။
ထွက်မြောက်ရာကျမ်း ၁-၄