၁၆။ကယ်တင်ရှင်များ
ယောရှုသေဆုံးပြီးချိန်တွင် ဣသရေလလူမျိုးများသည် ဘုရားရှင်အား မနာခံကြတော့ပေ။ သူတို့သည် ဘုရားရှင်၏ပညတ်တော်များအား မလိုက်နာကြသည့်အပြင် ကျန်ရှိနေသော ခါနာန်လူမျိုးများကိုလည်း ကတိပြုထားသောမြေနေရာမှ လိုက်လံနှင်ထုတ်ခြင်း မပြုလုပ်ကြပေ။ ဣသရေလလူမျိုးများသည် ဘုရားရှင်အစစ်ဖြစ်တော်မူသော ထာဝရဘုရား"ယာဝေ"အစား ခါနာန်လူမျိုးတို့၏ နတ်ဘုရားများအား စတင်ကိုးကွယ်လာကြပါသည်။ ဣသရေလလူမျိုးအားအုပ်စိုးသူ ဘုရင်မရှိသေးပါ။ ထို့ကြောင့် လူတိုင်းသည်သူတို့အတွက် မှန်သည်ဟုယူဆသည့်အရာများအား လုပ်ဆောင်ခဲ့ကြပါသည်။
ဘုရားရှင်အားမလိုက်နာခြင်းဖြင့် ဣသရေလလူမျိုးများသည် ကြိမ်ဖန်များစွာထပ်၍ထပ်၍ဖြစ်ပွားသောအပြစ်သံသရာပုံစံတစ်မျိုး အား အစပြုမိခဲ့ကြပါသည်။ ထိုပုံစံမှာ ဤကဲ့သို့ဖြစ်ပါသည်။ ဣသရေလလူမျိုးများသည် ဘုရားရှင်အား နှစ်ပေါင်းများစွာမလိုက်နာဘဲနေကြမည်။ ထို့နောက်ဘုရားရှင်သည် ဣသရေလလူမျိုးများ၏ ရန်သူများကို အနိုင်ပေးခြင်းဖြင့် ၎င်းတို့အားအပြစ်ပေးမည်။ ထိုရန်သူများသည် ဣသရေလ လူမျိုးများထံမှ ပစ္စည်းများခိုးယူခြင်း ပိုင်ဆိုင်မှုများဖျက်ဆီးခြင်းနှင့် လူများစွာအားသတ်ပစ်ခြင်းဖြင့် ကျူးလွန်မှုများပြုလုပ်ကြပါလိမ့်မည်။ ထို့နောက်ဣသရေလလူမျိုးများ၏ရန်သူများသည် သူတို့အား နှစ်ပေါင်းများစွာဖိနှိပ်ပြီးနောက်တွင် သူတို့၏အပြစ်များအတွက် နောင်တရပြီးဘုရားရှင်အား သူတို့ကိုကယ်တင်ပေးပါရန် လျှောက်ထားတောင်းပန်ကြလိမ့်မည်။
ဣသရေလလူမျိုးများ နောင်တရသောအခါတိုင်းတွင်လည်း ဘုရားရှင်ကသူတို့အား ကယ်တင်တော်မူခဲ့လေ သည်။ဘုရားရှင်သည်ရန်သူများကိုတိုက်ခိုက်ချေမှုန်းနိုင်သူကယ်တင်ရှင်တစ်ဦးအား ထောက်ပံ့တော်မူခြင်းဖြင့် ဤလုပ်ဆောင်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုမြေနေရာသည် ငြိမ်းချမ်းသာယာမှုရှိလာပြီး ကယ်တင်ရှင်တစ်ဦးက ၎င်းတို့အပေါ်တွင် ကောင်းမွန်စွာအုပ်ချုပ်ပေးလိမ့် မည်ဖြစ်သည်။ ဘုရားရှင်သည် လူများကိုကယ်တင်ရန်ကယ်တင်ရှင်များ စေလွှတ်ခဲ့ပါသည်။ ဘုရားရှင်သည် ဣသရေလလူမျိုးများ၏ ရန်သူလူမျိုးစုဖြစ်သော အနီးအနားတစ်ဝိုက်ရှိ မိဒျန်လူမျိုးများအား ဣသရေလလူမျိုးများကို နှိမ်နှင်းခွင့်ပေးတော်မူလေသည်။
မိဒျန်လူမျိုးများသည် ဣသရေလလူမျိုးများ၏ ကောက်ပဲသီးနှံအားလုံးအားသိမ်းယူခဲ့သည်မှာ ခုနှစ်နှစ်တိုင်ရှိပြီးဖြစ်လေသည်။ ဣသရေလလူမျိုးများသည် မိဒျန်လူမျိုးများအား အလွန်ကြောက်လန့် ကြသဖြင့် သူတို့အား မိဒျန်လူမျိုးများမတွေ့မြင်နိုင်အောင် ဂူများတွင်ပုန်းအောင်းနေခဲ့ကြပါသည်။ နောက်ဆုံးတွင် ဘုရားရှင်ကို သူတို့အားကယ်တင်ပေးရန် အော်ဟစ်ငိုကြွေးကြလေသည်။
ဂိဒေါင်ဟုခေါ်သော ဣသရေလအမျိုးသားတစ်ဦးရှိခဲ့လေသည်။ တစ်နေ့တွင်သူသည် သူ၏ကောက်ပဲသီးနှံများအား မိဒျန်လူမျိုးများ ခိုးယူ၍မရစေရန် နေရာတစ်ခုတွင်ဖုံးဝှက်သိုလှောင်ထားရှိခဲ့ပါသည်။ 'ယာဝေ'၏တမန်တော်တစ်ဦးသည် ဂိဒေါင်ထံသို့လာ၍ “ခွန်အားကြီးသောစစ်သည်တော်ဘုရားရှင်သည် သင်နှင့်အတူရှိနေသည် ။ဣသရေလကို မိဒျန်လူမျိုးများထံမှသွားရောက်ကယ်တင်ပါ”ဟု မိန့်တော်မူ လိုက်လေသည်။
ဂိဒေါင်၏ဖခင်တွင် ရုပ်ထုတစ်ခုအား ပူဇော်ဆက်ကပ်ထားသည့်ပလ္လင်တစ်ခုရှိလေသည်။ ဘုရားရှင်သည် ဂိဒေါင်အား ပထမဆုံးပြောသည့်အရာမှာ ထိုပူဇော်ရာနေရာအား ဖျက်ဆီးဖြိုချပစ်ရန် ဖြစ်သည်။သို့သော်ဂိဒေါင်မှာလူများအားကြောက်လန့် သောကြောင့် ညသန်းခေါင်အချိန်ထိ စောင့်နေ ခဲ့သည်။ ထို့နောက်သူသည် ထိုနေရာအားဖြိုချပြီး တစ်စစီဖြစ်အောင်ထုချေလိုက်လေသည်။သူသည်ဘုရားရှင်အတွက် ပူဇော်ရန်နေရာတစ်ခုအား အနီးအနားတွင်ဆောက်လုပ်ပြီး ဘုရားရှင် အားပူဇော်လေသည်။
နောက်နေ့မနက်တွင်လူများက သူတို့ပူဇော်သည့်နေရာအားဖျက်ဆီးထားသည်ကို တွေ့ကြသောအခါ အလွန်အမင်းဒေါသထွက်ကြလေသည်။ သူတို့သည် ဂိဒေါင်အားသတ်ရန် သူ၏အိမ်သို့သွားသောအခါ ဂိဒေါင်၏ဖခင်က “သင်တို့၏ဘုရားအား အဘယ်ကြောင့် သင်တို့ကူညီရန် ကြိုးစားနေကြသနည်း။ ထိုအရာသည် ဘုရားဟုဆိုလျှင် သူ့ကိုယ်သူကာကွယ်ခိုင်းလိုက်ပါ”ဟု ပြောကြားလိုက်ပါသည်။ သူဤကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် လူများကဂိဒေါင်အား မသတ်ကြတော့ပေ။
ထို့နောက် ဣသရေလလူမျိုးများထံမှ ထပ်မံခိုးယူရန်လာခဲ့ကြသော မိဒျန်လူမျိုးများသည် အလွန်များ လွန်း၍ ရေတွက်၍ပင်မရချေ။ ဂိဒေါင်သည် ၎င်းတို့အား ဣသရေလလူမျိုးများ အတူတကွပူးပေါင်း တိုက်ခိုက်ရန် စုစည်းခေါ်ဆောင်လိုက်လေသည်။ ဂိဒေါင်က ဘုရားရှင်သည်သူ့အား ဣသရေလကိုကယ်တင်ရန် အမှန်တကယ်ပြောဆိုနေခြင်း ဟုတ်မဟုတ်သေချာစေရန် နိမိတ်နှစ်ခုအား တောင်းဆိုလေသည်။
ပထမဆုံးနိမိတ်အနေဖြင့် ဂိဒေါင်သည် မြေကြီးပေါ်တွင် သိုးအရေခွံအားဖြန့်ခင်းစေ၍ မနက်ခင်းမြူ အားလုံးကို မြေကြီးပေါ်တွင် ကျစေခြင်းမရှိဘဲ သိုးအရေခွံပေါ်တွင်သာကျစေရန် ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က ထိုသို့ဖြစ်စေလေသည်။ နောက်နေ့ညတွင်မူသူသည် မြေကြီး အားစိုစွတ်စေပြီး သိုးမွေးအားမစိုစွတ်စေအောင် ပြုလုပ်ပေးတော်မူပါဟုလျှောက်ထားသဖြင့် ဘုရားရှင်သည် ထိုကဲ့သို့ဖြစ်စေလေသည်။ ဤနိမိတ်နှစ်ခုကြောင့် ဘုရားရှင်သည် ဣသရေလအား မိဒျန်လူမျိုးများထံမှ အမှန်တကယ် ကယ်တင်စေလိုကြောင်းကို ဂိဒေါင်ယုံကြည်သွားလေသည်။
ထို့နောက်ဂိဒေါင်သည် ၎င်းတို့ထံသို့ စစ်သားများအားလာရောက်ကြရန် ခေါ်ဆောင်လိုက်သဖြင့် လူအယောက်ပေါင်းသုံးသောင်းနှစ်ထောင်ရောက်ရှိလာကြသည်။ သို့သော်ဘုရားရှင်က သူ့အား လူအရမ်းများလွန်းသည်ဟု မိန့်ကြားသဖြင့် ဂိဒေါင်သည် တိုက်ခိုက်ရန်ကြောက်နေသော လူအယောက်နှစ်သောင်းနှစ်ထောင်အား အိမ်သို့ပြန်လည်စေလွှတ်လိုက်လေသည်။ ဘုရားရှင်သည် ဂိဒေါင်အား လူအရမ်းများနေသေးသည်ဟု မိန့်ကြားပြန်သဖြင့် ဂိဒေါင်သည် စစ်သားအယောက်သုံးရာ မှလွဲ၍ ကျန်လူများအား အိမ်သို့ပြန်လွှတ်လိုက်လေသည်။
ထိုညတွင်ဘုရားရှင်က ဂိဒေါင်အား “မိဒျန်စခန်းများထဲသို့သွား၍ သူတို့ပြောဆိုနေသည်များကို နားထောင်ပါ။ သူတို့ပြောဆို နေသည်များကို သင်တို့ကြားရလျှင် သူတို့အားတိုက်ခိုက်ရန်အတွက် ကြောက်တော့မည်မဟုတ်”ဟု မိန့်ဆိုတော်မူလိုက်လေသည်။ ထိုညတွင် ဂိဒေါင်သည် မိဒျန်စစ်တပ်များထဲသို့ သွားရောက်သောအခါတွင် မိဒျန်စစ်သားတစ်ဦးက သူအိပ်မက် မက်ခဲ့သောအကြောင်းအရာတစ်ခုကို သူငယ်ချင်းဖြစ်သူအား ပြောဆိုနေသည်ကိုကြားခဲ့ရပါသည်။ ထိုလူသည် သူငယ်ချင်းဖြစ်သူအား “ငါ့ရဲ့အိမ်မက်ကငါတို့ မိဒျန်စစ်တပ်ကို ဂိဒေါင်စစ်တပ်ကအနိုင်သိမ်းပိုက်လိမ့်မယ်လို့အဓိပ္ပါယ်ရတယ်။"ဟုပြောကြားနေသည်။ ဂိဒေါင်သည် ဤကဲ့သို့ကြားသောအခါတွင် ဘုရားရှင်အား ရှိခိုးကန်တော့လေတော့သည်။
ထို့နောက်ဂိဒေါင်သည် ၎င်း၏စစ်သားများထံသို့ပြန်ပြီး တစ်ဦးခြင်းစီအားသိုးဉီးချိုဖြင့်ပြုလုပ်ထားသောတံပိုးတစ်ခု၊ မြေအိုး တစ်အိုးနှင့် မီးတုတ်တစ်ချောင်းအား ပေးလေသည်။ ဂိဒေါင်၏စစ်သားသုံးရာသည် မိဒျန်စစ်သားများ အိပ်နေသောတပ်ဖွဲ့အား ဝိုင်းရံနေစဉ်တွင် ၎င်းတို့၏မီးတုတ်အား မြေအိုးထဲတွင် ထည့်ထား သောကြောင့် မိဒျန်လူမျိုးများက ၎င်းတို့၏မီးတုတ်များအား မမြင်ကြရပေ။
ထို့နောက်ဂိဒေါင်၏စစ်သားများသည် သူတို့၏မြေအိုးများကို တပြိုင်နက်ထဲခွဲလိုက်ပြီး မီးတုတ်များအား တပြိုင်တည်းထုတ်ပြလိုက်လေသည်။ ထို့နောက်၎င်းတို့၏ ဦးချိုများအားမှုတ်ပြီး “ယာဝေနှင့် ဂိဒေါင်အတွက်ဓါးတစ်ချောင်း”ဟု ဟစ်အော်ကြလေသည်။
ဘုရားရှင်သည် မိဒျန်လူမျိုးများ၏ စိတ်ကိုရှုပ်ထွေးသွားစေပြီး အချင်းချင်းတိုက်ခိုက်၍သတ်စေသည်။ ချက်ချင်းပင် ဂိဒေါင်သည် သူတို့၏အိမ်များ၌ နေထိုင်ကြသော ဣသရေလလူမျိုးများအား မိဒျန်လူမျိုးများကို ကူညီနှင်ထုတ်ရန် တမန်တော်များအားသွားရောက်ခေါ်ဆောင်စေသည်။ ဣသရေလလူမျိုးများသည် မိဒျန်လူမျိုးများအား သတ်ပစ်ပြီး အချို့လူများအား သူတို့၏မြေနေရာများမှ နှင်ထုတ်လေသည်။ ထိုနေ့တွင် မိဒျန်လူမျိုး တစ်သိန်းနှစ်သောင်း သေဆုံးခဲ့လေသည်။ ဤနည်းဖြင့် ဘုရားရှင်သည် ဣသရေလအား ကယ်တင်တော်မူခဲ့လေသည်။
လူအများသည် ဂိဒေါင်အား သူတို့၏ဘုရင်အဖြစ် သတ်မှတ်လိုကြသော်လည်း ဂိဒေါင်က ဤကဲ့သို့ လုပ်ခွင့်မပြုဘဲ မိဒျန်လူမျိုးများထံမှ ယူထားလိုက်သော ရွှေလက်စွပ်အနည်းငယ်ကိုသာ တောင်းလေသည်။ လူထုမှာမူ ဂိဒေါင်အားရွှေများစွာ ပေးလေသည်။
ထို့နောက်ဂိဒေါင်သည် ထိုရွှေများကို အသုံးပြု၍ သာသနာရေးဆိုင်ရာ မဟာနာယက၏ အဆင်တန်ဆာမျိုးပြုလုပ်လေသည်။ သို့သော်လူများသည် ထိုဝတ်ရုံအား ရုပ်ထုကဲ့သို့ စတင်ကိုးကွယ် လာကြလေသည်။ ထိုအခါဘုရားရှင်သည် ဣသရေလအား ရုပ်ထုများကိုကိုးကွယ်သောကြောင့် ထပ်မံအပြစ်ပေးတော်မူလေသည်။ ဘုရားရှင်သည် သူတို့ကိုရန်သူများအား ထပ်မံနှိမ်နင်းခွင့် ပေးလိုက်ပြန်လေသည်။ သူတို့သည် ဘုရားရှင်အား ထပ်မံကယ်တင်ရန် တောင်းပန်သဖြင့် ကယ်တင်ရှင်တစ်ဦးအား ထပ်မံစေလွှတ်၍ ကယ်တင်တော်မူလေသည်။
ထိုကဲ့သို့အဖြစ်အပျက်မျိုးမြောက်များစွာဖြစ်ပျက်ခဲ့လေသည်။ ဣသရေလလူမျိုးများက အပြစ်များကို ကျူးလွန်ကြပြီး ဘုရားရှင်က သူတို့အား အပြစ်ပေးတော်မူမည်။ သူတို့က ပြန်လည်နောင်တရကြမည်။ ထို့နောက်ဘုရားရှင်သည် သူတို့ကိုကယ်တင်ရန်ကယ်တင်ရှင်တစ်ဦးအား စေလွှတ်လိုက်မည်။ ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်းတွင် ဣသရေလလူမျိုးများကိုရန်သူများလက်မှကယ်တင်ရန် ကယ်တင်ရှင်များစွာ ကိုစေလွှတ်တော်မူခဲ့ပါသည်။
နောက်ဆုံးတွင် ဣသရေလလူမျိုးများသည် အခြားနိုင်ငံများကဲ့သို့ ဘုရားရှင်ထံမှ ဘုရင်တစ်ပါး တောင်းခံလေသည်။ သူတို့သည် အရပ်ရှည်၍ သန်မာကာ၎င်းတို့အား တိုက်ပွဲတွင်ဦးဆောင်နိုင်မည့် ဘုရင်တစ်ပါးအား အလိုရှိကြပါသည်။ ဘုရားရှင်သည် ဤတောင်းဆိုချက်ကို မနှစ်သက်သော်လည်း သူတို့တောင်းဆိုသည့်ဘုရင်အား ပေးအပ်ခဲ့လေသည်။
တရားသူကြီး ၁-၃; ၆-၈; ၁ ရှမွေလ ၁-၁၀