ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၆။အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူခြင်း

Frame 36-01

တစ်နေ့သောအခါတွင် ကိုယ်တော်ယေရှုသည် သူ၏တပည့်သုံးဦးဖြစ်သူ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အား ခေါ်ဆောင်သွားလေသည်။ (ယောဟန်ဟုခေါ်သော တပည့်ဖြစ်သူမှာ ကိုယ်တော်ယေရှုအား ရေနှစ်မင်္ဂလာပြုလုပ်ပေးသူမဟုတ်ပါ။) သူတို့သည် ဘုရားဝတ်ပြုရန်အတွက် သူတို့ချည်းသာတောင်ပေါ်သို့တက်သွားကြလေသည်။

Frame 36-02

ကိုယ်တော်ယေရှုသည် ဘုရားရှင်အား ဆုတောင်းနေစဉ်တွင် သူ၏မျက်နှာတော်မှာ နေအဆင်းကဲ့သို့ ဝင်းလက်တောက်ပလာလေသည်။ သူ၏အဝတ်တော်မှာဖြူဖွေးတောက်ပြောင်လာပြီးကမ္ဘာပေါ်တွင်မည်သူမျှဤသို့ဖြူဖွေးစေရန်လုပ်ဆောင်နိုင်စွမ်းရှိမည်မဟုတ်ပေ။။

Frame 36-03

ထို့နောက်မောရှေနှင့် ရှေ့ဖြစ်ဟောပညာရှိ ဧလိယတို့ပေါ်လာလာကြလေသည်။ ထိုသူတို့သည် နှစ်ပေါင်းရာချီက ကမ္ဘာကြီးပေါ်တွင်နေထိုင်ခဲ့ကြသူ များဖြစ်လေသည်။ သူတို့နှင့် ကိုယ်တော်ယေရှုသည် ယေရုရှလင်မြို့တွင်ကိုယ်တော် မကြာမီသေဆုံးတော့မည့်အ‌ကြောင်းအား ပြောဆိုနေကြလေသည်။

Frame 36-04

မောရှေနှင့် ဧလိယတို့သည် ကိုယ်တော်ယေရှုနှင့် စကားပြောဆိုနေစဉ်တွင် ပေတရုသည်ကိုယ်တော်ယေရှုအား “ ဤအရပ်သည်နေချင်စဖွယ်ကောင်းပါ၏။ဤနေရာတွင်အရှင်အတွက်တဲနန်းတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ဧလိယအတွက် တဲတစ်ဆောင်၊စုစုပေါင်းသုံးဆောင်ကို အကျွန်ုပ်ဆောက်လုပ်ပါရစေ”ဟူ၍ လျှောက်ထားလိုက်ပါသည်။ သို့သော်ပေတရုမှာ သူ့ကိုယ်သူဘာပြောလိုက်မိမှန်း မသိပေ။

Frame 36-05

ပေတရုစကားပြောနေစဉ်တွင် တောက်ပသောတိမ်စိုင်တစ်ခုသည် ဆင်းသက်လာပြီး သူတို့အားလွှမ်းခြုံလိုက်ပါသည်။ထို့နောက်“ဤသူမှာ ငါနှစ်သက်မြတ်နိုးသော ငါ၏သားတော်ဖြစ်ပြီး သူ၏စကားကို နာခံကြပါ။”ဟု တိမ်စိုင်ထဲမှအသံတော်ထွက်ပေါ်လာသည်ကိုကြားလိုက်ရပါသည်။” တပည့်တော်သုံးဦးမှာ အလွန်ကြောက်လန့်သွားပြီး မြေကြီးပေါ်သို့လဲကျသွားလေသည်။

Frame 36-06

ထို့နောက်ကိုယ်တော်ယေရှုသည် တပည့်တော်တို့အားထိတော်မူပြီး “ထကြ၊ မကြောက်ကြနဲ့”ဟု မိန့်ကြားလေသည်။ သူတို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါတွင် ကိုယ်တော်ယေရှုတစ်ပါးတည်းသာ ကျန်ရှိသည်ကိုတွေ့မြင်ကြရလေသည်။

Frame 36-07

ကိုယ်တော်ယေရှုနှင့်တပည့်တော်သုံးဦးတို့သည် တောင်အောက်သို့ပြန်၍ဆင်းလာကြပါသည်။ ထို့နောက် ကိုယ်တော်ယေရှုက သူတို့အား “ယခုဒီနေရာတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား မည်သူ့ကိုမှ မပြောကြနှင့်၊ ငါသည်မကြာခင် သေဆုံးမည်ဖြစ်သော်လည်း ပြန်လည်ရှင်ပြန်ထမြောက်လာပါလိမ့်မည်။ ထိုအချိန်မှသာ လူများအား သင်တို့ပြောပြပါ။”ဟူ၍ မိန့်တော်မူလိုက်လေသည်။

မဿဲ ၁၇:၁-၉; မာကု ၉:၂-၈; လုကာ ၉:၂၈-၃၆