ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၁။ဘုရားရှင်က မေရှိယ အား ကတိပေးတော်မူခြင်း

Frame 21-01

ဘုရားရှင်သည် ကမ္ဘာကြီးအား ဖန်ဆင်းစဉ်အခါကပင် သူသည် နောင်တစ်ချိန်တွင် မေရှိယ အား စေလွှတ်ရမည်ဟူ၍ ကြိုသိထားသည်။ သူသည် အာဒံနှင့်ဧဝအား ဤကဲ့သို့ ပြုလုပ်မည်ဟုလည်း ကတိတော်ပေးခဲ့လေသည်။ သူသည် ဧဝ၏နောက် ဖြစ်လာမည့်မျိုးဆက်များသည် မြွေခေါင်းအား ထုချေလိမ့်မည်ဟု ပြောခဲ့ခြင်းကြောင့် စာတန်သည် ဧဝအား လှည့်စားရန် မြွေအသွင်ဖြင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားရှင်က မေရှိယသည် စာတန်အား အပြီးအပိုင်နှိမ်နင်းလိမ့်မည်ကို ဆိုလိုခြင်းဖြစ်သည်။

Frame 21-02

ဘုရားရှင်က ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသူ့အားဖြင့်ကောင်းချီးများ ခံစားရမည်ဟုအာဗြဟံအား ကတိတော်ပေးခဲ့သည်။ဘုရားရှင်သည် မေရှိယကို နောင်တစ်ချိန်တွင် စေလွှတ်ခြင်းဖြင့် ဤကတိစကားအား တည်မြဲစေတော်မူခဲ့ပါသည်။ မေရှိယသည် ဤကမ္ဘာမြေပေါ်ရှိ လူသားအများစုကို သူတို့၏အပြစ်များမှ ကယ်တင်တော်မူပါလိမ့်မည်။

Frame 21-03

ဘုရားရှင်သည် မောရှေကဲ့သို့ ပရောဖက်ပညာရှိတစ်ပါးအား နောင်အခါတွင် ထပ်မံစေလွှတ်တော်မူမည်ဟု မောရှေအား ကတိတော်ပေးခဲ့သည်။ထိုကဲ့သို့ကတိတော်ထားခဲ့သောရှေ့ဖြစ်ဟောပညာရှိသည် မေရှိယ သာဖြစ်သည်။ ဤသို့ဖြင့် ဘုရားရှင်သည် မေရှိယ အား စေလွှတ်တော်မူမည်ဟု ထပ်မံ၍ကတိပြုတော်မူခဲ့လေသည်။

Frame 21-04

ဘုရားရှင်သည် ဘုရင်ဒါဝိဒ်၏ နောက်မျိုးဆက်ထဲမှ တစ်ဦးသည် မေရှိယဖြစ်လိမ့်မည်။သူသည်ဘုရားရှင်၏ လူသားများအပေါ်တွင် ဘုရင်တစ်ပါးအဖြစ် ထာဝရအုပ်စိုးလိမ့်မည်ဟုကတိပေးတော်မူလေသည်။

Frame 21-05

ဘုရားရှင်သည်ရှေ့ဖြစ်ဟောပညာရှိ ယေရဟိ အား တစ်နေ့တွင် ပဋိညာဉ်အသစ်တစ်ခု ပြုလုပ်လိမ့်မည်ဟု မိန့်ကြားလေသည်။ ထိုပဋိညာဉ်အသစ်သည် သိနာ‌တောင် တွင်ဣသရေလ တို့နှင့် ပြုလုပ်ခဲ့သောသဘောတူညီမှုနှင့် မတူညီပေ။ သူသည် လူများနှင့်ပဋိညာဉ်အသစ်ပြုလုပ်သော အခါတွင် သူ့အား ကိုယ်တိုင်ကိုယ်ကျ သိရှိစေပြီး လူတိုင်းသည် ဘုရားအား မြတ်နိုး၍ သူ၏တရားတော်များအား လိုက်နာစေလိမ့်မည်။ ဤသို့ဖြင့် ဘုရားရှင်၏ တရားတော်များသည် သူတို့၏အသဲနှလုံးထဲတွင် ရေးမှတ်ထားသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူတို့သည် ဘုရားရှင်၏ လူများဖြစ်လာပြီး ဘုရားရှင်သည် သူတို့၏အပြစ်များအား ခွင့်လွှတ်ပေးတော်မူလိမ့်မည်။ မေရှိယအရှင်သည်သူတို့နှင့် ပဋိညာဉ်အသစ်ကိုလည်း ပြုလုပ်လိမ့်မည်ဟုမိန့်တော်မူခဲ့လေသည်။

Frame 21-06

ဘုရားရှင်၏ပုရောဟိတ်များကလည်း မေရှိယသည် ပုရောဟိတ်နှင့် ဘာသာရေးခေါင်းဆောင်အပြင် ဘုရင်ပါဖြစ်လိမ့်မည်ဟု မိန့်ကြားခဲ့ကြသည်။ ပုရောဟိတ်ဆိုသည်မှာ ဘုရားရှင်ထံမှ တရားတော်များအား လူများထံသို့ ပြန်လည်ဟောပြောသောသူဖြစ်ပါသည်။ ဘုရားရှင်စေလွှတ်တော်မူမည်ဟုပြောသော မေရှိယသည် အပြစ်ကင်းသည့် ပြီးပြည့်စုံသောပုရောဟိတ်တစ်ပါးဖြစ်လိမ့်မည်။ ဤကဲ့သို့ပြောရခြင်းမှာ မေရှိယသည် ဘုရားရှင်၏မိန့်တော်မူသည့်စကားများအား အပြည့်အစုံကြားနာနိုင်၍ အကောင်းဆုံးနားလည်နိုင်သူဖြစ်ပြီး ၊လူများကိုလည်း ထိုတရားတော်များအားကောင်းမွန်ပြည့်စုံစွာပြန်လည်ဟောကြားနိုင်သူဖြစ်လိမ့်မည်။။

Frame 21-07

ဣသရေလ ဘာသာရေးခေါင်းဆောင်များသည် လူသားများအတွက် ဘုရားရှင်အား ဆက်လက်၍ ပူဇော်မှုများပြုလုပ်ကြသည်။ ဤကဲ့သို့ ပူဇော်မှုများသည် ဘုရားရှင်က လူများကိုအပြစ်ပေးခြင်းမခံရစေရန် အပြစ်အစားထိုးပူဇော်ခြင်းများဖြစ်သည်။ လူသားအများအတွက် ဘာသာရေးခေါင်းဆောင်များကလည်း ဘုရားရှင်ထံတွင်ဆုတောင်းပေးခဲ့ကြသည်။ သို့သော် မေရှိယသည်ပြီးပြည့်စုံသောယဇ်ကောင်အဖြစ် မိမိကိုယ်ကိုပူဇော်ဆက်ကပ်မည့်သူဖြစ်ပြီး၊ကိုယ်တော်သည်လူသားတို့၏အပြစ်တရားများကိုအစဉ်သုတ်သင်ရှင်းလင်းတော်မူမည့်ပြီးပြည့်စုံသောသာသနာရေးဆိုင်ရာမဟာနာယကမင်းကြီးတစ်ပါးဖြစ်လာပါလိမ့်မည်။ ဤကဲ့သို့ ပြောဆိုရခြင်းမှာ သူသည် အပြစ်ကင်းစင်သူဖြစ်ပြီး အနာဂတ်တွင် မည်သည့်ပူဇော်မှုမှ ထပ်မံပြုလုပ်စရာမလိုအောင် ဘုရားရှင်အားမိမိကိုယ်ကိုဆက်ကပ် ပူဇော်မည့်သူဖြစ်သောကြောင့်ဖြစ်သည်။

Frame 21-08

လူမျိုးစုများအားအုပ်ချုပ်သည့် ဘုရင်များနှင့်ခေါင်းဆောင်များသည် တစ်ခါတစ်ရံတွင်အမှားများပြုလုပ်တတ် ကြသည်။ ဒါဝိဒ်ဘုရင်သည် ဣသရေလလူမျိုးများအပေါ်တွင်သာ အုပ်ချုပ်ခဲ့သည်။ သို့သော် ဒါဝိဒ် ဘုရင်၏အနွယ်တော်ဖြစ်သော မေရှိယသည် ကမ္ဘာတစ်ခုလုံးကို ထာဝရအုပ်ချုပ်မည်ဖြစ် သည်။ သူသည် အမြဲတမ်းဖြောင့်မတ်မှန်ကန်စွာအုပ်စိုးတော်မူပြီး တရားမျှတသောဆုံးဖြတ်မှုများကိုသာချမှတ်ပါလိမ့်မည်။

Frame 21-09

ဘုရားရှင်၏ရှေ့ဖြစ်ဟောပညာရှိများသည် မေရှိယ၏အခြားအကြောင်းအရာများကိုလည်း မိန့်ကြား လေသည်။ ဥပမာအားဖြင့် မာလခိ က မေရှိယမလာခင် အခြားရှေ့ဖြစ်ဟောတစ်ဦးပေါ်ထွန်း လာလိမ့်မည် ။ ထိုရှေ့ဖြစ်ဟောပညာရှိသည် အလွန်အရေးပါလာလိမ့်မည်ဟုမိန့်ဆိုခဲ့လေသည်။ ထို့နောက် ရှေ့ဖြစ်ဟောပညာရှိ ဟေရှာယက မေရှိယသည် အပျိုစင်မှမွေးဖွားလိမ့်မည်ဟုမိန့်ကြားခဲ့ပြီးရှေ့ဖြစ်ဟောပညာရှိမိက္ခာကလည်း မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်တော်မူလိမ့်မည်ဟု မိန့်ဆိုခဲ့ပါသည်။

Frame 21-10

ရှေ့ဖြစ်ဟောပညာရှိဟေရှာယကမေရှိယသည်ဂါလိလဲပြည်တွင်နေထိုင်ပြီး အလွန်ဝမ်းနည်းပူဆွေးနေ သူများအား နှစ်သိမ့်ပေးတော်မူလိမ့်မည်။ သူသည် အကျဉ်းကျနေသူများကိုလည်း လွှတ်ပေးတော်မူလိမ့်မည်ဖြစ်ပြီး မကျန်းမာသောသူများနှင့် ဆွံ့အနားမကြားသူများ၊ ချိနဲ့နေသောသူများအား လည်းကုသပေးတော်မူလိမ့်မည် ဟုမိန့်ကြားခဲ့လေသည်။

Frame 21-11

ရှေ့ဖြစ်ဟောပညာရှိဟေရှာယက လူများသည် မေရှိယကို မုန်းတီးကြပြီးငြင်းပယ်ကြလိမ့်မည်ဟူ၍လည်း မိန့်ကြားခဲ့ပါသည်။ အခြားရှေ့ဖြစ်ဟောပညာရှိများက မေရှိယ၏ မိတ်ဆွေများသည် သူ့အား သစွာဖောက်ကြလိမ့်မည်ဟု မိန့်ကြားခဲ့ပြီး ရှေ့ဖြစ်ဟောပညာရှိ ဇာခရိကမေရှိယ၏မိတ်ဆွေသည် ဤကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ငွေဒင်္ဂါးသုံးဆယ်ရမည်ဟူ၍လည်းကြိုတင် မိန့်ကြား ခဲ့ပါသည်။ အချို့သောရှေ့ဖြစ်ဟောပညာရှိများကလည်း လူများသည် မေရှိယအားသတ်ပြီး သူ၏ ဝတ်ရုံတော်များအား အလောင်းအစားပြုလုပ်ကြလိမ့်မည်ဟူ၍လည်း မိန့်ကြားခဲ့ကြပါသည်။

Frame 21-12

ရှေ့ဖြစ်ဟောပညာရှိများက မေရှိယသည် မည်ကဲ့သို့ကွယ်လွန်တော်မူမည့်အကြောင်းအားလည်း ပြောကြားခဲ့ ပါသည်။ ဟေရှာယက လူများသည် မေရှိယအား တံတွေးဖြင့်ထွေး၊လှောင်ပြောင်ကာ၊ထိုးနှက် ကြလိမ့်မည်ဟုကြိုတင် မိန့်ကြားခဲ့ပါသည်။ သူတို့က မေရှိယသည် မည်သည့်အပြစ်မှ ကျူးလွန်ခဲ့ခြင်းမရှိပါဘဲ လှံနှင့်ထိုးသတ်၍ ကြီးလေးသောဒုက္ခဝေၒဒနာများအား ခံစားရလိမ့်မည်ဟုကြိုတင်မိန့်ဆိုခဲ့ကြသည်။

Frame 21-13

မေရှိယသည် အပြစ်ကျူးလွန်ခြင်းမရှိဘဲပြီးပြည့်စုံသူဖြစ်မည်ဟု ရှေ့ဖြစ်ဟောပညာရှိများက ဟောကြားခဲ့သည်။ သို့သော် ဘုရားရှင်က လူသားတို့၏အပြစ်များအတွက် အပြစ်ပေးတော်မူသဖြင့် သေဆုံးရလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ သူသေဆုံးသွားသောအခါမှသာ လူများသည် ဘုရားရှင်နှင့်အတူ ငြိမ်းချမ်းရေးရနိုင်ကြလိမ့်မည်။ ထို့ကြောင့် ဘုရားရှင်၏အကြံအစည်တော်အရ မေရှိယ သေဆုံးရလိမ့်မည်ဟုကြိုတင်မိန့်ဆိုခဲ့ကြသည်။

Frame 21-14

ရှေ့ဖြစ်ဟောပညာရှိများသည် ဘုရားရှင်က မေရှိယအား သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူပါလိမ့်မည် ဟုလည်း ဟောကြားထားပါသည်။ ဤဟောကြားချက်ကြောင့် ခရစ်တော်၏သေဆုံးခြင်းနှင့် ပြန်လည်ရှင်ပြန် ထမြောက်ခြင်းသည် ဘုရားရှင်အပေါ်တွင် လူများကျူးလွန်ထားသောအပြစ်အား သန့်စင်ပေးသည့် ပဋိညာဉ်အသစ်လည်းဖြစ် သည်ဟုလည်းမိန့်ဆိုထားခဲ့ပါသည်။

Frame 21-15

ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများကို မေရှိယ၏ အကြောင်းအရာများအား များစွာဖော်ပြပေးတော်မူလေသည်။ သို့သော် မေရှိယသည် ထိုရှေ့ဖြစ်ဟောပညာရှိများရှိနေသည့်အချိန်တွင်ကြွရောက် လာခြင်းမရှိခဲ့ပါ။ ထိုသို့သော ရှေ့ဖြစ်ဟောချက်များပေးပြီး နှစ်ပေါင်းလေးရာခန့်ကြာသောအခါတွင် မှန်ကန်သောအချိန် အတိအကျ၌ ဘုရားရှင်သည် မေရှိယအား ဤကမ္ဘာမြေပေါ်သို့ စေလွှတ်တော်မူလိုက်လေသည်။

ကမ္ဘာ ဦး ၃:၁၅; ၁၂: ၁-၃; တရားဟောရာ ၁၈:၁၅; ၂ ဓမ္မရာဇဝင် ၇; ယေရမိ ၃၁; ဟေရှာယ ၅၉:၁၆; ဒံယေလ ၇; မာလခိ ၄: ၅; ဟေရှာယ ၇:၁၄; မိက္ခာ ၅: ၂; ဟေရှာယ ၉: ၁-၇; ၃၅: ၃-၅; ၆၁; 53; ဆာလံ ၂၂:၁၈; ၃၅:၁၉; ၆၉: ၄; ၄၁: ၉; ဇာခရိ ၁၁: ၁၂-၁၃; ဟေရှာယ ၅၀: ၆; ဆာလံ ၁၆: ၁၀-၁၁