ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၁၃။ဘုရားရှင်သည်ဣသရေလတို့နှင့်ပဋိညာဉ်ပြုတော်မူခြင်း

Frame 13-01

ဘုရားရှင်သည် ဣသရေလလူမျိုးများအား ပင်လယ်နီကိုဖြတ်ခေါ်သွားပြီးနောက် တောကန္တာရကို ဖြတ်ကာ သိနာဟုခေါ်သော တောင်သို့ခေါ်ဆောင်သွားလေသည်။ ထိုတောင်သည် မောရှေတွေ့ခဲ့ သော မီးလောင်နေသည့်ခြုံရှိသောတောင်နှင့် အတူတူပင်ဖြစ်သည်။ လူများသည် ၎င်းတို့၏တဲများအား တောင်ခြေရင်းတွင် တည်ဆောက်ကြလေသည်။

Frame 13-02

ဘုရားရှင်သည်မောရှေနှင့် ဣသရေလမှလူအားလုံးတို့အား “သင်တို့သည် ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါသည်သင်တို့နှင့်အတူပါရှိပြီးအမှုတော်ဆောင်မည်။ သင်တို့ဤကဲ့သို့စောင့်ထိန်းလျှင် သင်တို့သည် ငါ၏အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုများ၊ သာသနာရေးဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် သန့်ရှင်းမြင့်မြတ်သောလူမျိုးများ ဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူလေသည်။

Frame 13-03

သုံးရက်အကြာတွင်သူတို့ထံသို့ဘုရားရှင်ကြွဆင်းတော်မူမည်ဖြစ်သောကြောင့်လူတို့သည် ဘုရားရှင်နှင့်တွေ့ဆုံရန်အတွက်အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားကြလေ သည်။ ထို့နောက် ဘုရားရှင် သိနာတောင်ထိပ်ပေါ်သို့ ကြွဆင်းတော်မူသောအခါတွင် မိုးကြိုးများ၊လျှပ်စီးများ၊မီးခိုးများနှင့် ကျယ်လောင်သောတံပိုးခရာသံများဖြစ်ပေါ်လာပါသည်။ ထို့နောက် မောရှေသည် တောင်ထိပ်ပေါ်သို့ တစ်ဦးတည်းတက်သွားလေသည်။

Frame 13-04

ဘုရားရှင်သည် လူများနှင့်သဘောတူညီမှုပဋိညာဉ်တစ်ခုပြုလုပ်လေသည်။ ဘုရားရှင်က “ငါသည် သင်တို့၏ထာဝရဘုရား'ယာဝေ' ဖြစ်သည်။ အီဂျစ်၌ သင်တို့အားကျွန်ဘဝမှ ကယ်တင်တော်မူခဲ့သူမှာလည်း ငါပင်ဖြစ်သဖြင့် တခြားမည်သည့်ဘုရားကိုမှ မကိုးကွယ်ပါနှင့်”ဟု မိန့်တော်မူလိုက်ပါသည်။

Frame 13-05

“ရုပ်ထုများထု၍ ကိုးကွယ်ခြင်းမပြုကြပါနှင့်၊ အဘယ်ကြောင့်ဆိုသော် ငါ ယာဝေသည် သင်တို့၏ တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ငါ၏နာမတော်အားအလွဲသုံးစားမပြုကြပါနှင့်။ ဥပုသ်နေ့တွင် သန့်ရှင်းမြင့်မြတ်အောင် အသေအချာစောင့်ထိန်းပါ။ တစ်နည်းအားဖြင့် သင်တို့၏အလုပ်အားလုံးအား ခြောက်ရက်လုပ်ပြီးကျန်တစ်ရက်ကိုအနားယူ၍ငါ့အားသတိရပါ"ဟူ၍မိန့်တော်မူလေသည်။

Frame 13-06

“သင်တို့၏ မိဘနှစ်ပါးကိုရိုသေပါ။ လူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ပါ။ သူတစ်ပါးအိမ်ရာကိုမကျူးလွန်ပါနှင့် သူတစ်ပါးပစ္စည်းဥစ္စာခိုးယူခြင်း၊ သူတစ်ပါးအား လိမ်ညာခြင်း၊ သူတစ်ပါး၏ဇနီး၊ သူတစ်ပါး၏အိမ်နှင့် သူတစ်ပါးပိုင်ဆိုင်သမျှအရာများအား လိုချင်တပ်မက်ခြင်းမပြုပါနှင့်” ဟု မိန့်ကြားလေသည်။

Frame 13-07

ဘုရားရှင်ကဤဆယ်ပါးသောပညတ်တော်များကိုရေးသားထားသောကျောက်ပြားနှစ်ချပ်ကိုမောရှေအားပေးအပ်ခဲ့လေသည်။လူတို့လိုက်နာစောင့်ထိန်းအပ်သော အခြားသောပညတ်တော်များကိုလည်းပြဌာန်းခဲ့လေသည်။ဤပညတ်တော်များကိုလိုက်နာသောသူများအားဘုရားရှင်ကကာကွယ်စောင့်ရှောက်‌‌တော်မူပြီးကောင်းချီးမင်္ဂလာများပေးသနား‌‌တော်မူမည်ဖြစ်လေသည်။သို့သော်ဘုရားရှင်၏ပညတ်တော်ကိုမလိုက်နာသောသူတို့အားအပြစ်ပေးစီရင်မည်ဟုမိန့်‌တော်မူခဲ့လေသည်။

Frame 13-08

ဘုရားရှင်သည် ဣသရေလလူမျိုးများအား တွေ့ဆုံရာတဲတော်ဟူ၍ ကြီးမားသောတဲတစ်လုံးအား ဆောက်ခိုင်းပြီး ၎င်းတို့အား မည်ကဲ့သို့ဆောက်လုပ်ရမည်နှင့် မည်သည့်အရာများပါဝင်ရမည်ကို အသေးစိတ်တိကျစွာ မိန့်တော်မူလေသည်။ သူသည်ထိုတဲကို အခန်းနှစ်ခန်းဖြစ်သွားစေရန် အလယ်၌ လိုက်ကာကြီးတစ်ခုကို ၎င်းတို့အားကာစေသည်။ ဘုရားရှင်သည် လိုက်ကာနောက်ရှိ အခန်းထဲတွင် နေထိုင်ပြီး သာသနာရေးဆိုင်ရာမဟာနာယကများကိုသာ သူ၏အခန်းထဲသို့ ဝင်စေသည်။

Frame 13-09

တွေ့ဆုံရာတဲတော်၏အရှေ့တွင် လူများသည်ပူဇော်ရန်ယဇ်ပလ္လင်တစ်ခု ဆောက်လုပ်ခဲ့ကြပြီး ဘုရားရှင်၏ ပညတ်တော်အား မလိုက်နာသောလူတို့သည် ထိုနေရာသို့ သက်ရှိတိရိစ္ဆာန်တစ်ကောင်အားယူဆောင်လာရ ပါသည်။ ထို့နောက်ဘုန်းတော်ကြီးတစ်ပါးကထိုတိရိစ္ဆာန်အားသတ်ပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ကာ ဘုရားရှင်အားပူဇော်ခြင်းပြုလုပ်ကြပါသည်။ ဘုရားရှင်က ထိုတိရိစ္ဆာန်၏သွေးဖြင့် ထိုလူ၏အပြစ်များအား ဖုံးအုပ်သွားလိမ့်မည်ဟု မိန့်ကြား‌တော် မူခဲ့ပါသည်။ ထိုအခါဘုရားရှင်သည် ထိုလူ၏အပြစ်များကိုခွင့်လွှတ်တော် မူပြီး ဘုရားရှင်၏ပညတ်တော် အရ စင်ကြယ်သောလူများဖြစ်သွားကြသည်။ ဘုရားရှင်သည် မောရှေ၏အစ်ကိုဖြစ်သူ အာရွန်နှင့် ၎င်း၏နောင်လာနောက်သားများကို သူ၏ဘာသာရေးခေါင်းဆောင်များအဖြစ် ရွေးချယ်တော်မူလေသည်။

Frame 13-10

လူတို့သည်ဘုရားရှင်၏ပညတ်တော်များကိုလိုက်နာရန်သဘောတူလိုက်ကြလေသည်။သူတို့သည်ဘုရားရှင်ရွေးကောက်တော်မူသောလူမျိုးနွယ်စုအဖြစ်ခံယူကြပြီးဘုရားရှင်အားတစ်ဆူတည်းသောဘုရားရှင်အဖြစ်ဝတ်ပြုကိုးကွယ်ပါမည်ဟုသဘောတူကြလေသည်။

Frame 13-11

မောရှေသည် သိနာတောင်ထိပ်တွင် ရက်ပေါင်းများစွာကျန်ရစ်နေပြီး ဘုရားရှင်နှင့်စကားပြောနေခဲ့သည်။ သို့သော်လူများသည် မောရှေပြန်အလာကိုစောင့်မျှော်ရ၍ အလွန်ပင်ပန်းလာကြသည်။ ထို့ကြောင့် ၎င်းတို့သည် အာရုန်ထံသို့လာ၍ ရွှေများပေးကာ ဘုရားရှင်အစားကိုးကွယ်ရန်အတွက် ရုပ်ထုတစ်ခု သွန်းလုပ်ပေးပါဟု တောင်းဆိုကြလေသည်။ သူတို့သည်ဤနည်းဖြင့် ဘုရားရှင်အား အလွန်ဆိုးရွားစွာပြစ်မှားကျူးလွန်လိုက်ကြခြင်းပင်ဖြစ်‌လေသည်။

Frame 13-12

အာရုန်သည် ထိုရွှေရုပ်တုအား နွားငယ်သဏ္ဍာန်ပြုလုပ်လိုက်သည်။ လူများသည်ထိုရုပ်ထုအား ကြီးကျယ်စွာကိုးကွယ်ကြပြီးယဇ်ပူဇော်ဆက်သမှုများပြုလုပ်ကြလေသည်။ ၎င်းတို့၏ အပြစ် များကြောင့် ဘုရားရှင်သည် လွန်စွာအမျက်ဒေါသထွက်လေသည်။ဘုရားရှင်သည် ထိုသူတို့အား ဖျက်စီးလိုခဲ့သည်။ သို့သော်မောရှေသည် ၎င်းတို့ကို မသတ်ရန် ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်ကလက်ခံတော်မူပြီးထိုလူများအား ဖျက်ဆီးတော်မမူခဲ့ပေ။

Frame 13-13

မောရှေသည် သိနာတောင်ပေါ်မှဆင်းလာသောအခါတွင် ဘုရားရှင်ရေးသားထားသော ပညတ်တော် ဆယ်ပါးပါဝင်သည့် ကျောက်စာနှစ်ချပ်အား သယ်ဆောင်လာသည်။ မောရှေသည် ထိုရုပ်ထုအား တွေ့သောအခါ အလွန်အမင်းဒေါသထွက်၍ ကျောက်စာများအား ထုချေလိုက်လေသည်။

Frame 13-14

မောရှေသည်ထိုရုပ်ထုအား အလုံးစုံအမှုန့်ချေပစ်လိုက်လေသည်။ ၎င်းနောက် ထိုအမှုန့်များ အားအရည်ဖျော်၍ထိုလူတို့အားသောက်စေသည်။ ဘုရားရှင်သည် ထိုသူများပေါ်တွင် ကပ်ဆိုးတစ်ခုကျရောက်စေကာ များစွာသောလူများ သေကြေသွားကြလေသည်။

Frame 13-15

မောရှေသည် သူဖျက်ဆီးလိုက်သော ပညတ်တော်ဆယ်ပါး ကျောက်စာအတွက် အစားထိုးရန် ကျောက်စာနှစ်ချပ် ဖန်တီးလိုက်သည်။ ထို့နောက်သူသည် တောင်ပေါ်သို့ထပ်မံတက်သွားပြီး ထိုလူများအား ခွင့်လွှတ်ပေးရန် ထပ်မံဆုတောင်းလေသည်။ ဘုရားရှင်သည် မောရှေဆုတောင်းခြင်းအား နားထောင်ပြီးလျှင်သူတို့အားခွင့်လွှတ်လိုက်လေသည်။ မောရှေသည်တောင်အောက်သို့ ပညတ်တော် ဆယ်ပါးပါဝင်သော ကျောက်စာချပ်အသစ်များနှင့် တောင်အောက်သို့ဆင်းလာလေသည်။ ထို့နောက် ဘုရားရှင်သည် ဣသရေလလူမျိုးများကို သိနာတောင်မှကတိပေးထားသောနေရာသို့ ဦးဆောင်လမ်းပြတော်မူလေသည်။

ထွက်မြောက်ရာကျမ်း ၁၉-၃၄