၃၈။ကိုယ်တော်ယေရှု သစ္စာဖောက်ခံရခြင်း
ဣသရေလလူမျိုးများသည် ပသခါပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပကြပါသည်။ ဤပွဲတော်ကျင်းပရသည့် အဓိပ္ပါယ်မှာ သူတို့၏ဘိုးဘွားများကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက အီဂျစ်တို့၏ ကျွန်ဘဝမှ လွတ်မြောက်စေရန် ကယ်တင်တော်မူခဲ့သော ဘုရားရှင်အား ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါသည်။ ကိုယ်တော်ယေရှုသည်လူများအား ဟောပြောသွန်သင်ခြင်းအမှုတော်ကိုပထမဆုံးစတင်ခဲ့ပြီးနောက်သုံးနှစ်ခန့်ကြာသောအခါတွင် ယေရုရှလင်တွင်သူ၏တပည့်များနှင့် ပသခါပွဲတော် အတူတကွဆင်နွှဲ၍ ထိုပွဲတွင်သူအသတ်ခံရမည့်အကြောင်းအား ကြိုတင်မိန့်ကြားတော်မူလေသည်။
ကိုယ်တော်ယေရှုတွင် ယုဒဟုခေါ်သော တပည့်တော်တစ်ဦးရှိလေသည်။ ယုဒသည်တပည့်တော်တို့၏ငွေကိုင်ဖြစ်ပြီး မကြာခဏ ထိုပိုက်ဆံအိတ်အတွင်းမှပိုက်ဆံအား ခိုးယူသုံးစွဲလေ့ရှိလေသည်။ ကိုယ်တော် ယေရှုနှင့် သူ၏နောက်လိုက်များ ယေရုရှလင်မြို့သို့ရောက်ရှိသောအခါတွင် ယုဒသည် ဣသရေလ ခေါင်းဆောင်များအား သွားရောက်တွေ့ဆုံလေသည်။ ထို့နောက်သူသည် ကိုယ်တော်အား သစ္စာဖောက်ပြီးထိုသူတို့ထံမှ ငွေကြေးများယူကာကိုယ်တော်ယေရှုကိုရွေးထုတ်ပြရန်ကမ်းလှမ်းလေသည်။။ ထို့ပြင်သူသည် ဣသရေလခေါင်းဆောင်များက ကိုယ်တော်ယေရှုအား မေရှိယဟုလက်မခံဘဲ အသေသတ်ပစ်ချင်နေကြကြောင်းကိုလည်း သိရှိလေသည်။
သာသနာရေးဆိုင်ရာ မဟာနာယကဦးဆောင်သော ဣသရေလခေါင်းဆောင်တို့သည် ယုဒအားဒင်္ဂါးသုံးဆယ်ပေး၍ ကိုယ်တော်အားသူတို့လက်ထဲသို့အပ်နှံ၍သစ္စာဖောက်ရန်စေခိုင်း လေသည်။ဤအကြောင်းအရာများသည် ရှေ့ဖြစ်ဟောပညာရှိများ ပြောကြားခဲ့သည့်အတိုင်း ဖြစ်ပျက် နေခြင်းဖြစ်လေသည်။ ယုဒသည်ထိုကိစ္စအားသဘောတူလက်ခံကာငွေများလက်ခံ၍ထွက်ခွာလာခဲ့ပါသည်။ ထို့နောက်ကိုယ်တော်ယေရှုအား ဖမ်းဆီးနိုင်ပေးနိုင်ရန်အခွင့်ကောင်းအား စောင့်ကြည့်နေလေတော့သည်။
ကိုယ်တော်ယေရှုသည် ယေရုရှလင်တွင် သူ၏တပည့်တော်များနှင့် အတူပသခါပွဲတော်အား ဆင်နွှဲကျင်းပလေသည်။ ပသခါပွဲတော်ညစာတွင် ကိုယ်တော်ယေရှုသည် ပေါင်မုန့်ကိုယူ၍ ချိုးဖဲ့ကာ “ဤမုန့် ကိုယူ၍စားပါ ။ဤမုန့်သည်သင်တို့အတွက်စွန့်သော ငါ၏ခန္ဓာကိုယ်ဖြစ်၏။သင်တို့ငါ့အား အမြဲအောက်မေ့သတိရနေစေရန် ဤကဲ့သို့ပြုလုပ်ပေးပါ”ဟူ၍ မိန့်တော်မူလိုက်ပါသည်။ ထိုနည်းဖြင့်ကိုယ်တော်ယေရှုသည် သူ၏အသက်နှင့် ခန္ဓာကိုယ်အား သူတို့အတွက် စွန့်လှူသွားမည် ဆိုသည့်အကြောင်းအား မိန့်တော်မူလေသည်။
ထို့နောက်ကိုယ်တော်ယေရှုသည် စပျစ်ဝိုင်ခွက်တစ်ခုကိုကိုင်ပြီး “ဤစပျစ်ရည်ကိုသောက်ပါ။ ဤစပျစ်ရည်မှာ သင်တို့အပြစ် အားဘုရားရှင်က ခွင့်လွှတ်ပေးရန်ငါ၏အသွေးတော်ကိုသွန်းလောင်း၍ဘုရားရှင်နှင့်ပဋိညာဉ်သစ်ပြုခြင်းဖြစ်၏။ငါ့အားအောက်မေ့သတိရတိုင်းဤသို့သောက်သုံးပါ”ဟု မိန့်တော်မူလေသည်။
ထို့နောက်ကိုယ်တော်ယေရှုသည် သူ၏တပည့်များအား “သင်တို့ထဲမှ တစ်ယောက်သောသူသည် ငါ့အားသစ္စာဖောက်လိမ့်မည်”ဟု မိန့်တော်မူလိုက်လျှင် သူ၏တပည့်တော်များသည် အလွန်အံ့ဩ သွားကြပြီး ထိုကဲ့သို့သောလုပ်ရပ်အား မည်သူကလုပ်ပါမည်နည်းဟု ပြောဆိုကြသည်။ ကိုယ်တော်ယေရှုက “ငါဒီပေါင်မုန့်အား ပေးသောသူသည် သစ္စာဖေါက်ဖြစ်သည်”ဟု မိန့်တော် မူလေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် ပေါင်မုန့်ကို ယုဒအားပေးလိုက်သည်။
ယုဒသည်ထိုပေါင်မုန့်အားယူပြီးသောအခါတွင် စာတန်မာရ်နတ်သည်လည်း သူ့ထံသို့ဝင်ရောက်သွား လေသည်။ ထို့နောက်ယုဒသည်ထွက်ခွါသွားကာဣသရေလခေါင်းဆောင် များမှ ကိုယ်တော်ယေရှု အားဖမ်းဆီးနိုင်ရန် သွားရောက်ကူညီလေတော့သည်။ ထိုအချိန်သည် ညဉ့်နက်ချိန်ဖြစ်သည်။
ညစာစားပြီးနောက်ကိုယ်တော်ယေရှုနှင့် သူ၏တပည့်များသည် သံလွင်တောင်ပေါ်သို့ တက်သွားကြလေသည်။ ကိုယ်တော်ယေရှုက ကျမ်းစာတော်တွင်‘သိုးထိန်းကိုရိုက်သတ်သဖြင့်သိုးများကစဉ့်ကရဲ ဖြစ်ကြလိမ့်မည်’ဟုရေးသားထားသည့်အတိုင်းသင်တို့ငါ့အားယခုညမှာပင်စွန့်ခွာ၍ထွက်ပြေးသွားကြလိမ့်မည်။ဟု မိန့်တော် မူလိုက်သည်။
ပေတရုက “အရှင့်အားအခြားသူများကစွန့်ခွာသွားလျှင်လည်း တပည့်တော်ကတော့ စွန့်ခွာမည် မဟုတ်ပါ”ဟူ၍ ပြန်လည်လျှောက်ထားလေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် ပေတရုအား “စာတန်က သင်တို့အားလုံးအား အလိုရှိ၏။ သို့သော်သင်၏ငါ့အပေါ်ထားရှိသောယုံကြည်မှုမပျက်စီးစေရန်ဆုတောင်းပါတယ်။သို့သော် ယနေ့ည ကြက်မတွန် မီသင်သည်ငါ့အား မသိကြောင်းသုံးကြိမ်တိတိငြင်းဆိုလိမ့်မည်။"ဟုမိန့်တော်မူလေသည်။
ထို့နောက်ပေတရုသည် ကိုယ်တော်ယေရှုအား “တပည့်တော်သေလျှင်လည်းကိုယ်တော် အားစွန့်ပစ်မည်မည်မဟုတ်ပါ” ဟူ၍ ပြန်လည်လျှောက်တင်လေသည်။ အခြားသောတပည့်တော် အားလုံးတို့ကလည်း ဤကဲ့သို့ပြောဆိုကြပါသည်။
ထို့နောက်ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်များအား ဂေသရှေမန် အရပ်သို့ခေါ်ဆောင် သွားပြီး စာတန်၏စုံစမ်းသွေးဆောင်ခြင်းအားမခံရစေရန် ဆုတောင်းခြင်းပြုစေသည်။ ထို့နောက် ကိုယ်တော်ယေရှုသည် ဘုရားရှင်အား တစ်ပါးတည်းဆုတောင်းရန် ထွက်ခွါသွားလေသည်။
ထို့နောက်ကိုယ်တော်ယေရှုသည် “အဖဘုရား ဖြစ်နိုင်လျှင်ဤဒုက္ခဝေဒနာခွက်ကို သားတော် မသောက်သုံးပါရစေနှင့်။ သို့သော်လူတို့၏ အပြစ်များအားခွင့်လွှတ်နိုင်ရန်အခြား သောနည်းလမ်း မရှိခဲ့လျှင် အဖဘုရား၏ အလိုတော်အတိုင်း သာဖြစ်စေတော်မူပါ”ဟူ၍ သုံးကြိမ်ဆုတောင်းလိုက်လေသည်။ ကိုယ်တော်ယေရှု၏ ချွေးစက်များသည် သွေးစက်များကဲ့သို့ ကျနေပြီးများစွာစိတ်မချမ်းမသာဖြစ်နေလေသည်။ ဘုရားရှင်သည် ကိုယ်တော် ယေရှုကိုအားပေး နှစ်သိမ့်ရန်နတ်စေတမာန်များအား စေလွှတ်လိုက်လေသည်။
ကိုယ်တော်ယေရှုသည် တစ်ကြိမ်ဆုတောင်းပြီးတိုင်းသူ၏တပည့်များထံသို့ ပြန်လည်သွားရောက် လေသည်။ သို့သော်သူ၏တပည့်တော်များမှာမူ အိပ်ပျော်နေကြသည်။ ထို့နောက်ကိုယ်တော်ယေရှု က” ထကြတော့ ငါ့ရဲ့သစ္စာဖောက် ဒီနေရာကို ရောက်နေပြီ”ဟု မိန့်ကြားလေသည်။
ယုဒသည် ကိုယ်တော်ယေရှုထံသို့ ဣသရေလခေါင်းဆောင်များ၊ စစ်သားများအပြင် လူအုပ်ကြီးပါ ခေါ်ဆောင်လာခဲ့လေသည်။ သူတို့သည် ဓါးများနှင့် တင်းပုတ်များအား ကိုင်ဆောင်ထားကြပါသည်။ ယုဒသည်ကိုယ်တော်ယေရှုထံသို့လာပြီး “မင်္ဂလာရှိပါစေ၊အရှင်” ဟူ၍ပြောကာနမ်းရှုံ့လိုက်လေသည်။ သူထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ယုဒလူမျိုးခေါင်းဆောင်များအား သင်တို့ဖမ်းရမည့်သူမှာထိုသူဖြစ်ကြောင်းကို အချက်ပေးပြသခြင်းဖြစ်လေသည်။ ထို့နောက်ကိုယ်တော်ယေရှုက “ယုဒ၊ငါ့ကိုအနမ်းနှင့်သစ္စာဖေါက် လိုက်တာလား ”ဟု မေးမြန်းလိုက်လေသည်။
စစ်သားများက ကိုယ်တော်ယေရှုအား ဝင်ရောက်ဖမ်းကြသောအခါတွင် ပေတရုသည် သာသနာရေးဆိုင်ရာမဟာနာယကတစ်ဦး၏ကျွန်အား ဓါးနှင့် ခုတ်၍နားရွက်ပြတ်လေသည်။ သို့သော် ကိုယ်တော်ယေရှုက “ပေတရု ဓါးကိုလွှင့်ပစ်လိုက်ပါ၊ ငါ့အားကာကွယ် ပေးရန်အတွက် ငါ၏ဖခင်ထံမှ စစ်တပ်တစ်တပ်မျှရှိသော နတ်စေတမန်များအားတောင်းခံ၍ ရပါသည်။ သို့သော် ငါသည်အဖဘုရား၏ စကားအားနာခံရလိမ့်မည်ဖြစ်သည်”ဟူ၍ မိန့်ကြား လေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် ထိုလူ၏နားရွက်အား အကောင်းပကတိဖြစ်စေသည်။ထို့နောက်တပည့်တော် များအားလုံးအဝေးသို့ထွက်ပြေးသွားကြလေသည်။
မဿဲ ၂၆:၁၄-၅၆; မာကု ၁၄:၁၀-၅၀; လုကာ ၂၂:၁-၅၃;ယောဟန်၁၂:၆; ၁၈:၁-၁၁