ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၀။ကိုယ်တော်ယေရှုအားလက်ဝါးကပ်တိုင်ပေါ်သို့တင်ခြင်း

Frame 40-01

ရောမစစ်သားများသည် ကိုယ်တော်ယေရှုအားလှောင်ပြောင်ပြီးနောက်တွင် လက်ဝါးကပ်တိုင်တင်၍သတ်ရန်အဝေးသို့ခေါ်ဆောင်သွားကြလေသည်။ သူ့အားသတ်မည့် လက်ဝါးကပ်တိုင်အား သူကိုယ်တိုင်ထမ်းခိုင်းပြီးလိုက်စေသည်။

Frame 40-02

စစ်သားများသည် ကိုယ်တော်ယေရှုအား ‘ဦးခေါင်းခွံ’ ဟု အမည်ရသောနေရာသို့ ခေါ်ဆောင် လာပြီး သူ၏ခြေထောက်နှင့်လက်များကို လက်ဝါးကပ်တိုင်ပေါ်တွင် သံများနှင့်ရိုက်စေသည်။ သို့သော် ကိုယ်တော်ယေရှု “အဖဘုရားရှင်သူတို့ကိုယ်တိုင်သူတို့ဘာလုပ်နေကြသည်ကို မသိရှိခြင်းကြောင့် သူတို့အားခွင့်လွှတ်ပေးပါ” ဟူ၍ လျှောက်ထားလေသည်။ သူတို့သည် လက်ဝါးကပ်တိုင်တွင်ရှိသော ကိုယ်တော်ယေရှု၏ခေါင်းပေါ်တွင် ‘ယုဒတို့၏ဘုရင်’ ဟူသော ဆိုင်းဘုတ်အား ချိတ်ဆွဲထားပါသည်။ ထိုအရာမှာ‘ပိလပ်’ ဘုရင်ခံက ရေးသားခိုင်းသောအရာဖြစ်ပါသည်။

Frame 40-03

ထို့နောက်ရောမစစ်သားများသည် ကိုယ်တော်ယေရှု၏အဝတ်အစားများအတွက် အလောင်းအစားပြုလုပ်ကြလေသည်။ သူတို့ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် “ငါ၏အဝတ်အစားများ ကိုခွဲဝေကြပြီး ထိုအဝတ်အစားများအတွက် အလောင်းအစားပြုလုပ်ကြလိမ့်မည်ဖြစ်သည်” ဟူသော ရှေ့ဖြစ်ဟောကျမ်းချက်များအတိုင်း ဖြစ်လာကြခြင်းဖြစ်သည်။

Frame 40-04

ကိုယ်တော်ယေရှု၏ဘေးနှစ်ဖက်တွင်လည်း လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားခြင်းခံရသော ဓါးပြနှစ်ဦးရှိလေသည်။ ဓါးပြတစ်ဦးမှာ ကိုယ်တော်ယေရှုကို လှောင်ပြောင်နေသော်လည်း အခြားတစ်ဦးမှာ “မင်းတို့ကိုဘုရားအပြစ်ပေးမှာမကြောက်ဘူးလား၊ ငါတို့မှာ မကောင်းမှုများစွာ ပြုလုပ်သဖြင့် အပြစ်ရှိသော်လည်း ထိုလူမှာအပြစ်ကင်းစင်သူဖြစ်သည်” ဟူ၍ ပြောကြားလိုက်ပါ သည်။ ထို့နောက်သူသည် ကိုယ်တော်ယေရှုအား “သင့်နိုင်ငံတော်တွင် ဘုရင်ဖြစ်သောအခါ ကျွန်ုပ်အား သတိရပေးတော်မူပါ” ဟူ၍ ပြောကြားလေသည်။ ယေရှုသည် ထိုလူအား “သင်သည်ဒီယနေ့တွင်ပင် ငါနှင့် အတူ ပရာဒိသုဘုံမှာ အတူတူရှိနေမည်ဖြစ်သည်” ဟူ၍ မိန့်တော်မူလေသည်။

Frame 40-05

ယုဒလူမျိုးတို့၏ခေါင်းဆောင်များနှင့် လူအုပ်ထဲတွင်ရှိသောအချို့လူများက ကိုယ်တော်ယေရှုအား လှောင်ပြောင်ကြပါသည်။ သူတို့က ကိုယ်တော်ယေရှုအား “ဘုရားရှင်၏ သားတော်ဖြစ်လျှင် လက်ဝါးကပ်တိုင်ပေါ်မှဆင်း၍ သင့်ကိုယ်သင်ကယ်တင်ပါ။ သို့မှသာ ကျွန်ုပ်တို့ အားလုံးက သင့်ကို မေရှိယအဖြစ်ယုံကြည်ကြပါမည်” ဟူ၍ ပြောကြားကြပါသည်။

Frame 40-06

ထို့နောက် ထိုနေရာရှိကောင်းကင်သည် နေ့လည်ပိုင်းအချိန်သို့ရောက်ရှိနေသော်လည်း အမှောင်အတိဖုံးလွှမ်းသွားလေသည်။ မွန်းတည့်ချိန်တွင်ကောင်းကင်ကြီးသည် သုံးနာရီခန့် မှောင်မိုက် သွားလေသည်။

Frame 40-07

ထို့နောက် ကိုယ်တော်ယေရှုသည် “ပြီးဆုံးသွားပါပြီအဖဘုရားရှင်၊ ကျွန်ုပ်၏အသက် ဝိညာဉ်အားအဖဘုရား၏လက်တော်သို့အပ်နှင်းလိုက်ပြီဖြစ်ပါသည်” ဟူ၍ ကျယ်လောင်စွာအော်ဟစ် လေသည်။ ထို့နောက်သူသည် ခေါင်းငိုက်စိုက်ကျသွားကာ သူ၏အသက်ဝိညာဉ်အား စွန့်တော်မူလေ၏။ သူသေဆုံးသွားသောအခါတွင် မြေငလျှင်လှုပ်ခတ်သွားလေသည်။ ဘုရားကျောင်းရှိလူနှင့် ဘုရားကြားတွင်ခြားထားသောခန်းဆီးသည် အပေါ်မှအောက်သို့နှစ်ခြမ်း ကွဲပြတ် သွားလေသည်။

Frame 40-08

ကိုယ်တော်ယေရှု၏သေဆုံးခြင်းမှတစ်ဆင့်လူများအားဘုရားထံသို့လာရန်အတွက် လမ်းပွင့် သွားခဲ့စေသည်။ ကိုယ်တော်ယေရှုအား စောင့်ကြပ်ပေးနေသောစစ်သားသည် ဖြစ်ပျက်သွားသော အကြောင်းအရာများအားတွေ့မြင်လိုက်ပြီး “ဒီလူဟာ အပြစ်ကင်းစင်သည့် ဘုရား၏သားတော်ဖြစ် သည်” ဟူ၍ ပြောကြားလေသည်။

Frame 40-09

ယုဒလူမျိုးခေါင်းဆောင်နှစ်ဦးဖြစ်သော ယောသပ်နှင့်နိကောဒင်တို့နှစ်ဦးသည် ကိုယ်တော်ယေရှု၏ရုပ်အလောင်းအား ပိလပ်ဘုရင်ခံထံသို့လာရောက်တောင်းယူကြလေသည်။ သူတို့ သည် ကိုယ်တော်ယေရှုမှာ ‘မေရှိယ’ ဖြစ်သည်ဆိုခြင်းအား ယုံကြည်ကြသူများလည်းဖြစ်လေသည်။ သူတို့သည် ကိုယ်တော်ယေရှု၏ခန္ဓာကိုယ်ကို အဝတ်များဖြင့်ပတ်စည်းပြီး ကျောက်ထွင်းထားသော အုတ်ဂူထဲသို့ထည့်လိုက်လေသည်။ ထို့နောက် ကျောက်တုံးကြီးဖြင့် အပေါက်ဝကိုလှိမ့်၍ ပိတ်စေလိုက် လေသည်။

မဿဲ ၂၇:၂၇-၆၁; မာကု ၁၅:၁၆-၄၇ ; လုကာ ၂၃:၂၆-၅၆ ; ယောဟန် ၁၉:၁၇-၄၂