၂၂။ရှင်ယောဟန်မွေးဖွားခြင်း
လွန်ခဲ့သောအတိတ်ကာလက သူ၏လူမျိုးများအားပြန်လည်မိန့်ကြားတော်မူရန်အတွက်ဘုရားရှင်သည်ရှေ့ဖြစ်ဟောပညာရှိများကိုနှုတ်ကပတ်တော်များအားမိန့်ကြားခဲ့သည်။ထို့နောက် သူသည် တိတ်ဆိတ်ခြင်းနှစ်ပေါင်းလေးရာကာလအထိလူသားများအားမည်သည့်စကားများအားမိန့်ကြားတော်မမူခဲ့ပေ။ ထို့နောက်ဘုရားရှင်သည်ဇာခရိဟုခေါ်သော ရှေ့ဖြစ်ဟောပညာရှိတစ်ဦးထံသို့ နတ်စေတမန်တစ်ဦးအား စေလွှတ်တော်မူလေသည်။ ဇာခရိနှင့် သူ၏ဇနီးဖြစ်သူ အဲလိဇဘက် သည် ဘုရားရှင်အားယုံကြည်ကိုးကွယ်သူများဖြစ်ကြလေသည်။ သူတို့သည် အလွန်အိုမင်းနေပြီဖြစ်ပြီး သူမသည် မည်သည့်အချိန်ကမှ ကလေးမွေးဖွားဖူးခြင်း မရှိသည့်အမြုံမတစ်ဦးဖြစ်လေသည်။
နတ်စေတမန်သည် ဇာခရိအား “သင်၏ဇနီးသည် ကလေးမွေးဖွားလိမ့်မည်. သင်သည် သူ့အား ယောဟန် ဟုအမည်ပေးရလိမ့်မည်။ ဘုရားရှင်သည် သူ့ထံသို့ ဉာဏ်အလင်းတော် သက်ရောက်တော်မူစေပြီး ယောဟန်သည် လူအများက မေရှိယအား လက်ခံလာရန် ပြင်ဆင်ပေးမည့်သူဖြစ်သည်” ဟု မိန့်ကြားလိုက်လေသည်။ ဇာခရိသည် “ကျွန်ုပ်နှင့်ကျွန်ုပ်၏ဇနီးမှာ ကလေးမွေးဖွားရန် အိုမင်းနေပြီဖြစ်သဖြင့် သင်သည် ကျွန်ုပ်အားအမှန်အတိုင်းပြောကြားသည်ဟု ကျွန်ုပ်မည်ကဲ့သို့သိရှိနိုင်မည်နည်း” ဟုပြန်လည်ပြောကြားလိုက်လေသည်။
ထိုနတ်စေတမန်သည်ဇာခရိအား“သင့်ကို ဤသတင်းကောင်းအားမှာကြားရန်ဘုရားရှင်က ကျွန်ုပ်အားစေလွှတ်တော်မူလိုက်ခြင်းဖြစ်သည်။ သင်ကျွန်ုပ်အား မယုံကြည်ခြင်းကြောင့် ကလေးမဖွားမီအချိန်ထိ စကားပြောဆိုနိုင်မည် မဟုတ်” ဟုပြန်လည်ဖြေကြားလိုက်လေသည်။ ထိုချက်ခြင်းပင် ဇာခရိသည် စကားမပြောနိုင်တော့ပေ။ ထို့နောက် တမန်တော်သည် ဇာခရိထံမှထွက်ခွာသွားလေသည်။ ဇာခရိသည်အိမ်သို့ပြန်သွာပြီး နောက်သူ၏ဇနီးသည်လည်း ကိုယ်ဝန်ရလာခဲ့လေသည်။
ဧလိရှဘက် ကိုယ်ဝန်ခြောက်လရှိချိန်တွင် ထိုနတ်စေတမန်သည် ဧလိရှဘက်၏ဆွေမျိုးတော်စပ်သူမာရိအားရုတ်တရက်ရောက်ရှိလာလေသည်။ သူမသည် အပျိုစင်တစ်ဦးဖြစ်ပြီး ယောသပ်နှင့်လက်ထပ်ရန် စေ့စပ်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။ ထိုနတ်စေတမန်က “သင်သည် ကိုယ်ဝန်ရှိလာပြီး သားတစ်ဦးအား ဖွားမြင်လာမည်။ သင်သည် ထိုသားအား ယေရှုဟု အမည်ပေးရမည်။ သူသည် အမြင့်မြတ်ဆုံးသောဘုရားရှင်၏သားတော်ဖြစ်ပြီး လူသားတို့အားထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟုမိန့်ကြားလိုက်လေသည်။
မာရိက “ကျွန်မသည် အပျိုစင်ကညာတစ်ဦးဖြစ်သဖြင့် မည်သို့ကိုယ်ဝန်ဆောင်၍သားဖွားနိုင်ပါမည်နည်း” ဟုပြောလေသည်။ ထိုအခါတွင် နတ်စေတမန်က “ဘုရားရှင်၏ဝိညာဉ်တော်သည် သင့်အပေါ်သို့သက်ရောက်လိမ့်မည်။ဘုရားရှင်၏ အမြင့်မြတ်ဆုံးသောတန်ခိုးတော်များသည်လည်း သင့်အားလွှမ်းခြုံလာလိမ့်မည်။ ထို့ကြောင့် သင်မွေးဖွားသောသန့်ရှင်းမြင့်မြတ်သည့်သူငယ်သည် ဘုရား၏သားတော် ဖြစ်သဖြင့် ကြီးမြတ်တော်မူလိမ့်မည်” ဟုပြန်လည်ရှင်းပြလေသည်။ ထိုအခါ မာရိသည် နတ်စေတမန် ပြောသောအရာများအား ယုံကြည်သွားလေသည်။
ဤကဲ့သို့ဖြစ်ပျက်ပြီးမကြာမီအချိန်တွင် မာရိသည် ဧလိရှဘက် ထံသို့ သွားရောက်လည်ပတ်လေသည်။ မာရိသည် သူမအား နှုတ်ဆက်သည့်အချိန်တွင် ဧလိရှဘက် ဝမ်းထဲရှိကလေးသည် လှုပ်လေသည်။ ထိုအမျိုးသမီးနှစ်ဦးသည်ဘုရားရှင်ကသူတို့အပေါ်ဆောင်ရွက်တော်မူခဲ့သည့်အရာများအား ဝမ်းမြောက်နေကြလေသည်။ မာရိသည် ဧလိရှဘက်ထံသို့ သုံးလခန့်အလည်အပတ်သွားပြီး အိမ်သို့ပြန်လာခဲ့လေသည်။
ထိုသို့ဖြစ်လာပြီးနောက် ဧလိရှဘက်သည် သူမ၏သားအား ဖွားမြင်သဖြင့် ဇာခရိနှင့်ဧလိရှဘက်သည် သူတို့၏သားအား နတ်စေတမန်စေခိုင်းသည့်အတိုင်း ယောဟန် ဟုအမည်ပေးလေသည်။ ထို့နောက် ဘုရားရှင်က ဇာခရိ အား စကားပြန်လည်ပြောဆိုလာနိုင်အောင် ပြုလုပ်ပေးလေသည်။ ဇာခရိ က “ဘုရားရှင်သည် သူ၏လူသားများကို ကူညီရန် သတိရပြီး ကောင်းချီးပေးစေတော်မူပါ။ ကျွန်ုပ်၏ သားဖြစ်သော သင်သည် အကြီးမြတ်ဆုံးဘုရားရှင်၏ ရှေ့ဖြစ်ဟောပညာရှိတစ်ဦးဖြစ်လိမ့်မည်။ သင်သည် လူများအတွက် သူတို့၏အပြစ်များကို ခွင့်လွှတ်ခြင်းခံရမည့်နည်းလမ်းအား ပြောပြသူဖြစ်လိမ့်မည်” ဟု ပြောကြားလေသည်။
လုကာ ၁