ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂။ကမ္ဘာကြီးအားအပြစ်တရားဝင်ရောက်ခြင်း

Frame 02-01

‘အာဒမ်’နှင့်သူ၏ဇနီးသည် ဘုရားရှင်ဖန်ဆင်းပေးထားသည့် လှပသောဥယျာဉ်တော်ကြီးထဲတွင် အလွန်ပျော်ရွှင်စွာ နေထိုင်နေခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဝတ်အစားများမဝတ်ဆင်ကြသော် လည်းဤကမ္ဘာမြေပေါ်တွင်မည်သည့် အပြစ်တရားမှမရှိသေးသောကြောင့် ရှက်ကြောက်ရမည်ဟုမခံစားရပါ။ ၎င်းတို့သည် မကြာခဏဥယျာဉ်တော်၌လမ်းလျှောက်ကြပြီး ဘုရားရှင်နှင့်စကားပြောကြလေသည်။

Frame 02-02

သို့သော် ၎င်းဥယျာဉ်ထဲတွင် အလွန်ကောက်ကျစ်သော မြွေတစ်ကောင်ရှိလေသည်။ ၎င်းမြွေက မိန်းမအား "ဘုရားရှင်သည် သင်တို့အား ဤဉယျာဉ်ထဲရှိ တချို့အပင်က အသီးကိုမစားရန် ပညတ်ထားတယ်ဆိုတာ အမှန်ပင်ဟုတ်ပါသလား" ဟု မေးမြန်းလိုက်လေသည်။

Frame 02-03

ထိုမိန်းမက "ဘုရားရှင်သည်ကောင်းခြင်းဆိုးခြင်းကိုသိစေနိုင်သော အသိဉာဏ်သစ်ပင်မှလွဲ၍ မည်သည့်အပင်က အသီးကိုမဆို စားသုံးနိုင်သည်"ဟု ကျွန်ုပ်တို့အားမှာကြားထားပါသည်။"ထိုအပင်မှအသီးအား စားရန်ပင်မဆိုထားနှင့် ထိရုံနှင့်ပင်သေလိမ့်မည်ဟု ဘုရားရှင်က ကျွန်ုပ်တို့အားပညတ်ထားပါသည်"ဟုဖြေဆိုလိုက်လေသည်။

Frame 02-04

ထိုအခါတွင်မြွေက “ဒါတွေကအမှန်မဟုတ်ပါ၊ သင်တို့သေမည်မဟုတ်ပါ၊ ထိုအသီးကိုသင်တို့စားလျှင်ချက်ချင်းဘုရားရှင်ကဲ့သို့ပင် အကောင်းနှင့်အဆိုးများကို နားလည်သဘောပေါက်သွားမည်ဖြစ်သောကြောင့်ဤသို့ပညတ်ထားခြင်းဖြစ်သည်။”ဟုပြန်လည်ပြောဆိုလိုက်လေသည်။

Frame 02-05

မိန်းမကထိုအသီးများသည် အလွန်လှပ၍ စားချင်စဖွယ်ဖြစ်သည်ဟု မြင်လာလေ၏။ သူမသည် ဉာဏ်ပညာကြီးမြတ်ချင်သောကြောင့် ထိုအသီးအချို့ကို ခူးယူစားသုံးလိုက်ပြီး၊ သူမနှင့်အတူ ပါလာသော ခင်ပွန်းအားကျွေးသဖြင့် အာဒမ်ကလည်းစားလိုက်လေသည်။

Frame 02-06

ရုတ်တရက်တွင်သူတို့၏အသိဥာဏ်များပွင့်သွားပြီးနောက် သူတို့၏ကိုယ်ခန္ဓာသည်လည်း ကိုယ်လုံးတည်းဖြစ်နေသည်ကို သတိထားမိသွားကြသည်။ သူတို့သည်သစ်ရွက်များကို အဝတ်အစားအဖြစ်ပြုလုပ်ပြီးသူတို့၏ကိုယ်ခန္ဓာကို ဖုံးအုပ်ရန်ကြိုးစားကြပါသည်။

Frame 02-07

ထိုအချိန်တွင် ဘုရားရှင်သည်ဥယျာဉ်တော်ထဲတွင်လမ်း လျှောက် နေသည်ကို အာဒမ်နှင့်သူ၏ဇနီးတို့ကြားလိုက် ကြသည်။ ထိုအခါ ၎င်းတို့နှစ်ဦးစလုံး ဘုရားရှင်အား ပုန်းကွယ်နေကြသည်။ ထိုအခါ ဘုရားရှင်က “သင်တို့ဘယ်မှာလဲ” ဟု မေးလေသည်။ ‘အာဒမ်’က “ကျွန်ုပ်သည် ဘုရားရှင်ဥယျာဉ်တော်ထဲမှာ လမ်းလျှောက်နေသည်ကိုကြားပါသည်၊သို့သော် ကျွန်ုပ်တို့သည် ကိုယ်လုံးတည်းဖြစ်နေသောကြောင့်ကြောက်ရွံ့ ၍ပုန်းနေပါသည်"ဟု ဖြေကြားလိုက်လေသည်။

Frame 02-08

ထိုအခါဘုရားရှင်က “သင်တို့ ကိုယ်လုံးတည်းဖြစ်နေသည်ဟု ဘယ်သူကပြောသနည်း၊ ငါ မစားနှင့်ဟုပြောထားသောအသီးအား စားခဲ့ပါသလား” ဟုမေးမြန်းတော်မူလေသည်။ထိုအခါ
အာ ဒမ်က “ဘုရားရှင်ကကျွန်ုပ်ကို ပေ့းအပ်ခဲ့သော ဤမိန်းမက ကျွန်ုပ်အား ဤအသီးကိုပေးပါသည်ဟုပြန်လည် ဖြေကြားလိုက်လေသည်။ ထိုအခါဘုရားရှင်သည် ထိုမိန်းမအား “သင်အဘယ်ကြောင့်ဤသို့လုပ်ရသနည်း”ဟု မေးတော်မူလိုက်သည်။ထိုအခါ မိန်းမက “မြွေက ကျွန်ုပ်အားလှည့်စားလိုက်ပါသည်”ဟု ပြန်လည်ဖြေကြားလိုက် လေသည်။

Frame 02-09

ဘုရားရှင်သည်မြွေအား “သင့်ထံကြီးစွာသောဘေးဒဏ်သက်ရောက်တော့မည်။ သင်သည်ဝမ်းဗိုက်နှင့် တွားသွားပြီး မြေကြီးကိုစားရလိမ့်မည်။ သင်နှင့်ဤမိန်းမသည် တစ်ဦးနှင့်တစ်ဦးမုန်းတီးကြပြီးသင်၏မျိုးဆက်နှင့်သူမ၏မျိုးရိုး စဉ်ဆက်အချင်းချင်းမုန်းတီး ကြလိမ့်မည်။ ဤမိန်းမ၏ မျိုးရိုး စဉ်ဆက် များမှာ သင်၏ဦးခေါင်းကိုနင်းချေကြပြီး သင်လည်းသူတို့၏ခြေဖနောင့်ကိုပေါက်လိမ့် မည်။”ဟုမိန့်တော်မူလိုက်သည်။

Frame 02-10

ထို့နောက်ဘုရားရှင်က မိန်းမအား “သင်သည်လည်းသားဖွားခြင်းဝေဒနာပြင်းစွာခံစားရလိမ့်မည်။ သင်သည် သင်၏ ယောက်ျားအား ချစ်ခင်စွဲလမ်းပြီးသင့်ယောကျ်ားက သင့်အပေါ်တွင် ဩဇာညောင်းလိမ့်မည်။”ဟုမိန့်တော်မူလိုက်လေသည်။

Frame 02-11

ဘုရားရှင်က ယောက်ျားအား “သင်သည် သင်၏မိန်းမစကားအားနားထောင်ပြီး ကျွန်ုပ်အား ဖီဆန်ခြင်းပြုသည်။ ယခုအခါတွင် မြေကြီးသည် ကျိန်စာသင့်၍ မြေကြီးမှသီးနှံထွက်ရန်အတွက် ခက်ခဲစွာစိုက်ပျိုးရလိမ့်မည်။ ထို့နောက်သင်၏ခန္ဓာကိုယ်သည် မြေကြီးမှလာသောကြောင့်သင်သေဆုံးပြီး နောက်မြေကြီးထဲသို့ပြန်လည်ရောက်ရှိသွားရမည်။”ဟုမိန့်တော်မူလေသည်။ အမျိုးသားက သူ၏မိန်းမအား " အသက်ပေးသူ"ဟူသော အဓိပ္ပါယ်ဖြင့် ‘ဧဝ’ဟု အမည်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် လူသားမျိုးနွယ်၏မိခင်ဖြစ်လာတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားရှင်က ‘အာဒမ်’နှင့် ‘ဧဝ’အား တိရိစ္ဆာန်တို့၏သားရေများဖြင့် အဝတ်အစားများဆင်မြန်းပေးတော်မူလေသည်။

Frame 02-12

ထို့နောက် ဘုရားရှင်က “ယခုအခါတွင် ထိုလူသားတို့သည် ငါတို့ကဲ့သို့ အကောင်းအဆိုးများကို ခွဲခြားသိမြင်လာကြပြီးဖြစ်သဖြင့်သူတို့အား အသက်၏သစ်ပင်မှအသီးကိုစား၍ ထာဝရအသက်ရှင်ခွင့် မပြုသင့်ပေ"၊ ထို့ကြောင့် ဘုရားရှင်သည်သူတို့အားဥယျာဉ်၏အဝေးသို့ ထွက်ခွာသွားစေသည်။ ဘုရားရှင်က အသက်၏သစ်ပင်မှ သစ်သီးများအား မည်သူမျှမစားနိုင်စေရန် တန်ခိုးကြီးသောနတ် စေတမန်များကို ထိုဥယျာဉ်၏အဝင်ဝတွင်စောင့်ကြပ်တော်မူစေသည်။

ကမ္ဘာဦးကျမ်း ၃