ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၄။ပေတရုနှင့် ယောဟန်မှ သူတောင်းစားတစ်ဦးအားအနာရောဂါငြိမ်းစေခြင်း

Frame 44-01

တစ်နေ့သောအခါတွင် ပေတရုနှင့်ယောဟန်တို့သည်ဗိမာန်တော်သို့သွားကြလေသည်။ မသန်စွမ်းသူ တစ်ဦးသည်လည်း ဘုရားကျောင်းအဝင်ပေါက်တွင် ထိုင်၍ငွေကြေများ တောင်းခံနေလေသည်။

Frame 44-02

ပေတရုသည်ထိုမသန်စွမ်းသူအားကြည့်ပြီး “မင်းကိုပေးဖို့ငါ့မှာပိုက်ဆံတော့မရှိဘူး။ ဒါပေမယ့် ငါ့မှာရှိတာမင်းကို ပေးမယ်။ ကိုယ်တော်ယေရှု၏နာမတော်ဖြင့် ထ၍လမ်းလျှောက်ပါ” ဟူ၍ ပြောကြားလိုက် လေသည်။

Frame 44-03

ဘုရားရှင်သည် ထိုမသန်စွမ်းသူအား ချက်ချင်းပင်ပျောက်ကင်းစေတော်မူလေသည်။ သူသည် လမ်းထလျှောက်ပြီး လှည့်ပတ်ကခုန်၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွှမ်းလေသည်။ ထို့ကြောင့် ဗိမာန်တော်ဝင်းအတွင်းရှိလူများသည်လည်း အံ့ဩသွားကြလေသည်။

Frame 44-04

ရောဂါကောင်းသူအားကြည့်ရှုရန် လူအုပ်ကြီးသည် လျှင်မြန်စွာစုရုံးလာကြပါသည်။ ပေတရုသည် သူတို့အား “ဒီလူရောဂါကောင်းသွားပါပြီ။ သို့သော်ဤအခြင်းအရာကို မအံ့ဩကြပါနှင့်။ ကျွန်ုပ်တို့၏တန်ခိုးဖြင့် ကုသပေးခြင်းမဟုတ်သလို ဘုရားရှင်ရဲ့ဂုဏ်တော်ကိုချီးမွမ်း ခြင်းကြောင့်လည်းမဟုတ်ပါဘူး။ ကိုယ်တော်ယေရှု၏တန်ခိုးတော်အားကျွန်ုပ်တို့၏ယုံကြည်မှုဖြင့်သာ ထိုသူအားကျန်းမာလာစေတာဖြစ်တယ်။ "ဟုပြောပြလေသည်။

Frame 44-05

“သင်တို့ဟာရောမဘုရင်ခံကို ကိုယ်တော်ယေရှုအားသေဒဏ်ပေးပါလို့ပြောတဲ့သူတွေဖြစ်တယ်။သင်တို့ဟာလူတိုင်းအားအသက်ပေးနိုင်သောအရှင်ကို သတ်တဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ဘုရားရှင်ကကိုယ်တော်အား သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်စေပါတယ်။ သင်တို့ရဲ့လုပ်ဆောင်ချက်များမှာ မေရှိယသည်ဝေဒနာခံစားပြင်းစွာခံစားရပြီးသေဆုံးရလိမ့်မယ်လို့ရှေ့ဖြစ်ဟောပညာရှိတွေရဲ့ ဟောကြားထားတဲ့ကျမ်းတော်လာအတိုင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဘုရားရှင်ကလည်းထိုအတိုင်းဖြစ်လာစေရန်ဗျာဒိတ်တော်ထားခဲ့တယ်။ဒါကြောင့်သင်တို့ နောင်တရမှသာ ဘုရားရှင်ဟာ သင်တို့ရဲ့အပြစ်တွေကိုသန့်စင်စေပြီးခွင့်လွတ်တော်မူပါလိမ့်မယ်” ဟု ပြောကြားလေသည်။

Frame 44-06

ဗိမာန်တော်ရှိခေါင်းဆောင်များက ပေတရုနှင့်ယောဟန်တို့၏စကားကိုကြားသောအခါတွင် အလွန်ဒေါသအမျက်ထွက်ကြပါသည်။ ထို့ကြောင့် သူတို့သည် ပေတရုနှင့်ယောဟန်အားဖမ်းဆီး၍ ထောင်ထဲသို့ထည့်လိုက်ကြလေသည်။ သို့သော် ပေတရုပြောခဲ့သည်များကို လူအများက ယုံကြည်ခဲ့ ကြသဖြင့် ကိုယ်တော်ယေရှုအားယုံကြည်သူ လူဦးရေငါးထောင်ခန့် တိုးပွားလာပါသည်။

Frame 44-07

နောက်တစ်နေ့တွင် ယုဒလူမျိုးခေါင်းဆောင်များသည် ပေတရုနှင့်ယောဟန်တို့အား သာသနာ ရေးဆိုင်ရာမဟာနာယကကြီးနှင့် အခြားခေါင်းဆောင်များထံသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ သူတို့သည် ယခင်ကမသန်မစွမ်းဖြစ်နေသူကိုလည်း ခေါ်ဆောင်သွားခဲ့ကြပါသည်။ သူတို့သည် ပေတရုနှင့် ယောဟန်အား “မင်းတို့ဒီမသန်စွမ်းသူကို ဘယ်လိုတန်ခိုးအစွမ်းမျိုးနဲ့ကုသပေးခဲ့တာလဲ” ဟူ၍ မေးမြန်းလေ သည်။

Frame 44-08

ပေတရုက “သင်တို့ရှေ့မှာရပ်နေသူကို မေရှိယဖြစ်သူကိုယ်တော်ယေရှု၏တန်ခိုးတော်အစွမ်းနဲ့ ကုသပေးသူဖြစ်တယ်။ သင်တို့ဟာကိုယ်တော်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်မှာတင်ပြီး သတ်လိုက်သော်လည်းဘုရားရှင်ဟာ သူ့အား ပြန်လည်ရှင်ပြန်ထမြောက်စေခဲ့တယ်။ သင်တို့က သူ့ကိုငြင်းပယ်ခဲ့သော်လည်းကိုယ်တော်ယေရှု၏ဘုန်းတန်ခိုးတော်မှတပါးကျွန်ုပ်တို့အားကယ်တင်ပေးနိုင်ရန်နည်းလမ်းမရှိပါ” ဟူ၍ ပြန်လည်ဖြေကြားလိုက်လေသည်။

Frame 44-09

ခေါင်းဆောင်များသည်ပေတရုနှင့်ယောဟန်တို့၏ ရဲဝံ့စွာပြောကြားလိုက်ခြင်းကို အံ့ဩသွားကြလေ သည်။ သူတို့သည် ပေတရုနှင့်ယောဟန်တို့မှာ ပညာမတတ်သောသာမန်လူတန်းစားများဖြစ်သည်ကို သိရှိကြပြီး လူများသည် ကိုယ်တော်ယေရှုနှင့်နေထိုင်ခဲ့ခြင်းကိုလည်း သိရှိကြလေသည်။ ထို့ကြောင့် သူတို့သည် ပေတရုနှင့်ယောဟန်အား “မင်းတို့ဒီလူအကြောင်းကို ထပ်ပြီးသတင်းဖြန့်နေရင် မင်းတို့ကို ကြီးလေးသောပြစ်ဒဏ်စီရင်ရလိမ့်မယ်” ဟူ၍ ပြောကြားပြီး ပေတရုနှင့်ယောဟန်အား သွားခွင့်ပေးလိုက်လေ သည်။

တမန်တော်ကျမ်း၃း၁-၄-၂၂