ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၅၀၊ကိုယ်တော်ယေရှုပြန်လည်ကြွရောက်တော်မူလာခြင်း

Frame 50-01

နှစ်ပေါင်း နှစ်ထောင်နီးပါးတွင် မေရှိယဖြစ်သောကိုယ်တော်ယေရှု၏ သတင်းကောင်းများကို ကမ္ဘာတစ်ဝန်းလုံးရှိ လူများစွာတို့သည် ကြားနာနေကြပါသည်။ ဘုရား ရှင်၏သာသနာသည်လည်း ကြီးမားကျယ်ပြန့်လာပါသည်။ ကိုယ်တော်ယေရှုကလည်း ကပ်ကမ္ဘာပြီးဆုံးသောအခါတွင် ပြန်လည်ကြွရောက်လာမည်ဟု ကတိတော်ပေးခဲ့ပါသည်။ သူသည် ယခုအခါတွင် ပြန်လည်ကြွရောက်လာခြင်း မရှိသေးသော် လည်း သူ၏ကတိတော်အား တည်တော်မူပါမည်။

Frame 50-02

ကျွန်ုပ်တို့သည် ပြန်လည်ကြွရောက်လာမည့် ကိုယ်တော်ယေရှုအား စောင့်နေချိန်တွင် သူ့အားကောင်းချီးပေးကြပြီး သူမိန့်ကြားခဲ့သည့် နည်းလမ်းများအတိုင်း ဘုရားရှင်ကနေ ထိုင်စေချင်ပါ သည်။သူသည် ကျွန်ုပ်တို့အားသူ၏နိုင်ငံ တော် အကြောင်းကို အခြားသူများအား ပြောပြပေးစေလိုပါသည်။ကိုယ်တော်ယေရှု ကမ္ဘာပေါ်တွင် နေထိုင်ခဲ့စဉ်က“ ငါ၏တပည့်နောက်လိုက်များ သည် နိဗ္ဗာန်ရွှေမြို့တော်၏ ကောင်းမွန်ကြောင်းများကို ကမ္ဘာ့နေရာအသီးသီးရှိ နေရာတိုင်းမှလူများအား သင်ကြားပြသပေးရမည်ဖြစ်ပြီး ကပ်ကမ္ဘာ၏နောက်ဆုံးအချိန်သို့လည်းရောက်ရှိလာလိမ့်မည်” ဟူ၍မိန့်တော်မူခဲ့ပါသည်။

Frame 50-03

များစွာသောလူတို့သည် ကိုယ်တော်ယေရှုအကြောင်းအား ကြားဖူးကြခြင်းမရှိကြပေ။ ကိုယ်တော်ယေရှုသည် နိဗ္ဗာန်ရွှေမြို့တော်သို့ ပြန်လည်ကြွရောက်ခြင်းမပြုမှီ သူ၏တပည့်နောက်လိုက်များက ထိုသတင်းကောင်းများကို မကြားဖူးသေးသောသူများအား ပြန်လည်ဟောပြောရန် မိန့်မှာခဲ့ပါသည်။“လူမျိုးတကာတို့အား ယုံကြည်သူ တပည့်နောက်လိုက်များဖြစ်လာစေရန် လယ်ကွင်းများတွင် ဝင်းမှည့်လျှက်ရှိနေသည့် ကောက်ပင်များအား သွားရောက် ရိတ်သိမ်းကြပါ၊ ” ဟူ၍လည်း ကိုယ်တော်က မိန့်တော်မူခဲ့ပါသည်။

Frame 50-04

ကိုယ်တော်ယေရှုက “လူတစ်ဦး၏ကျေးကျွန်သည် သူ၏ပိုင်ရှင်ထက်မြင့်မြတ်ခြင်းမရှိပါ။ ဤကမ္ဘာတွင်အရေးပါသောလူများသည် ကျွန်ုပ်ကိုမုန်းတီးခြင်းရှိကြပြီး သင့်ကိုလည်း ငါ့အတွက်ကြောင့်နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ကြလိမ့်မည်။ ဤကမ္ဘာတွင် သင်တို့ဒုက္ခခံစားကြရ သော်လည်းစိတ်ဓါတ်ကိုခိုင်မာအောင် ထားရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ငါသည် ဤကမ္ဘာကိုအုပ်ချုပ်သူစာတန်မာရ်နတ်အား အောင်နိုင်သူဖြစ်သည်။ငါ့အပေါ်တွင် အဆုံးစွန်ထိသင်တို့ယုံကြည်မှုရှိလျင် ဘုရားရှင်သည် သင့်အားကယ်တင်ခြင်းပြုမည်” ဟူ၍လည်း မိန့်တော် မူခဲ့ပါသည်။

Frame 50-05

ကိုယ်တော်ယေရှုသည် လူများအား ကမ္ဘာကြီးပြီးဆုံးချိန်ရောက်လျှင် မည်သည့်အရာများဖြစ်မည်ကိုရှင်းပြနိုင်ရန်အတွက် သူ၏နောက်လိုက်တပည့်များကို ပုံပြင်တစ်ပုဒ်အားမိန့်ကြားခဲ့ပါသည်။ သူက“လူတစ်ဦးသည် သူ၏လယ်ကွင်းတွင် ကောင်းမွန်သောမျိုးစေ့များကို စိုက်ပျိုးခဲ့ပါသည်။ သူအိပ်ပျော်နေချိန်တွင် သူ၏ရန်သူသည် ဂျုံစေ့များကြားတွင် ပေါင်းမြက်မျိုးစေ့များအား လာရောက်စိုက်ကြဲပြီးထွက်ခွာသွားခဲ့ပါသည်” ဟုမိန့်ဆိုခဲ့ပါသည်။

Frame 50-06

“အပင်များပေါက်ရောက်လာသောအခါတွင် သူ၏ကျေးကျွန်က ထိုလူအား “ဆရာခင်ဗျား ဒီလယ်ကွင်းထဲမှာ ကောင်းမွန်သောမျိုးစေ့များစိုက်ပျိုးထားပါလျက်ဘာဖြစ်လို့ပေါင်းမြက်များရှိနေရပါ သလဲ”ဟူ၍မေးမြန်းလိုက်ရာ ထိုလူက “ငါ့ရဲ့ရန်သူကသာ ဒီအပင်တွေကို စိုက်မှာဖြစ်ပြီး ဒီအပင်တွေကိုစိုက်သူဟာလည်း ငါ့ရဲ့ရန်သူပဲဖြစ်တယ်” ၍ဖြေကြားလိုက်ပါသည်။

Frame 50-07

“ထိုကျေးကျွန်တွေက သူတို့၏သခင်အား‘ကျွန်တော်တို့ဒီပေါင်းပင်တွေကိုဆွဲ နှုတ်ပစ်သင့်လား’ ဟူ၍ပြန်လည်မေးမြန်းလေသည်။ ဆရာက ‘မလုပ်ပါနဲ့၊ မင်းတို့ဒီလိုလုပ်ရင် ဂျုံပင်ကိုပါဆွဲနှုတ်ပစ်လိုက်မိမယ်၊ကောက်ရိတ်သိမ်းချိန်ထိစောင့်ဆိုင်းပါ။ ပြီးတော့ ထိုပေါင်းပင်တွေကို မီးရှို့နိုင်ရန်တစ်စုတစ်စည်းတည်းပုံထားလိုက်ပါ။ ဒါပေမဲ့ ဂျုံပင်တွေကိုငါ့သိုလှောင်ရုံထဲကိုယူ လာကြပါ’ဟူ၍မိန့်ကြားလေသည်။

Frame 50-08

နောက်လိုက်များသည် ထိုပုံပြင်၏အဓိပ္ပါယ်ကို နားမလည်သောကြောင့် ကိုယ်တော်ယေရှုအားရှင်းပြစေလိုကြပါသည်။ ကိုယ်တော်ယေရှုက “မျိုးစေ့ကောင်းများကို စိုက်သောသူသည် မေရှိယကိုကိုယ်စားပြုပြီး လယ်ကွင်းကြီးသည် ကမ္ဘာကြီးကိုကိုယ်စားပြုပါသည်။ မျိုးစေ့ကောင်းများသည် ဘုရားရှင်၏နိဗ္ဗာန်ရွှေမြို့တော်သို့ဝင်ရောက်မည့်လူများကို ကိုယ်စားပြုပါသည်။”

Frame 50-09

“ပေါင်းပင်များသည် မကောင်းဆိုးဝါးနှင့်သက်ဆိုင်သောလူများကို ကိုယ်စားပြုပြီး ပေါင်းပင်များအားစိုက်ပျိုးခဲ့သူရန်သူမှာ စာတန်မာရ်နတ်ကို ကိုယ်စားပြုပါသည်။ ကောက်ရိတ်သိမ်းခြင်းသည်ကမ္ဘာကြီး၏အဆုံးကိုဖော်ပြပြီး ကောက်ရိတ်သိမ်းသူများမှာ ဘုရားရှင်၏နတ်စေတမန်များကို ကိုယ် စားပြုပါသည်။”

Frame 50-10

“ကမ္ဘာကြီးပြီးဆုံသွားးသောအခါတွင် မာရ်နတ်နှင့်သက်ဆိုင်သောလူများအားလုံးကို အတူတကွဖြစ်စေရန်အတွက် တမန်တော်များက လိုက်လံစုဆောင်းလိမ့်မည်ဖြစ်ပါသည်။ တမန်တော်များသည် သူတို့အားအလွန်ပူလောင်သောမီးထဲသို့ ပစ်သွင်းလိုက်ကြမည်ဖြစ်ပါသည်။ သူတို့သည် အံကြိတ်ငိုကြွေးကာလွန်စွာဆိုးရွားသော ဒုက္ခဆင်းရဲကိုခံစားရလိမ့်မည်ဖြစ်ပါသည်။ သို့သော်ကိုယ်တော်ယေရှု၏တပည့်နောက်လိုက်များဖြစ်သောရိုးသားဖြောင့်မတ်သူများ၏ ကိုယ်ရောင် ကိုယ်ဝါများသည် အဖဘုရား၏နိဗ္ဗာန်ရွှေမြို့တော်တွင် နေရောင်ခြည်ကဲ့သို့ ထွန်းလင်းတောက်ပနေပါလိမ့်မည်” ဟူ၍မိန့်တော်မူလေသည်။

Frame 50-11

ကိုယ်တော်ယေရှုသည် ကပ်ကမ္ဘာဆုံးချိန်မရောက်မီ ကမ္ဘာပေါ်သို့ပြန်လည် ကြွရောက်တော်မူလာမည်ဟူ၍လည်း မိန့်တော်မူခဲ့ပါသည်။ သူသည် သူထွက်သွားခဲ့သည့်နည်းအတိုင်းပြန်လာမည်ဖြစ် ပြီးဤကဲ့သို့ပြောဆိုရခြင်းမှာ သူသည် ခန္ဓာကိုယ်အစစ်တစ်ခုကိုရရှိပြီး ကောင်းကင်ပေါ်ရှိတိမ်များပေါ် တွင်ပေါ်ထွက်လာမည်ဖြစ်ပါသည်။ ကိုယ်တော်ယေရှုပြန်ပေါ်လာသောအခါတွင် သေဆုံးသွားပြီဖြစ် သည့် သူ၏နောက်လိုက်များသည်လည်း သေခြင်းမှပြန်လည်ထမြောက်လာပြီး သူနှင့်နိဗ္ဗာန်ရွှေမြို့ တော်တွင် တွေ့ဆုံကြလိမ့်မည်ဖြစ်ပါသည်။

Frame 50-12

ထို့နောက်ကိုယ်တော်ယေရှု၏အသက်ရှင်နေသေးသောနောက်လိုက်များသည်လည်း ကောင်းကင်ပေါ်သို့တက်သွားကာ ကိုယ်တော်ယေရှုသေခြင်းမှရှင်ပြန်ထမြောက်လာသောတပည့်တော်များနှင့်တွေ့ဆုံကြမည်ဖြစ်ပါသည်။ သူတို့အားလုံးကိုယ်တော်ယေရှုနှင့်ထိုနေရာတွင် ရှိနေကြလိမ့် မည်ဖြစ်ပြီး သူ၏လူများနှင့်အတူတကွ နေထိုင်ကြ၍ ထာဝရငြိမ်းချမ်းမှုကိုရရှိကြလိမ့်မည်ဖြစ်သည်။

Frame 50-13

ကိုယ်တော်ယေရှုသည် သူ့အားယုံကြည်သူတိုင်းကို ကတိတစ်ခုပေးလေသည်။ သူတို့သည် အရာအားလုံးအပေါ်တွင် ဘုရားရှင်နှင့်အတူတကွ အုပ်ချုပ်သွားလိမ့်မည်ဖြစ်၍ ပြီးပြည့်စုံသောငြိမ်းချမ်းမှုကိုလည်းရရှိကြလိမ့်မည်ဖြစ်ပါသည်။

Frame 50-14

သို့သော် ဘုရားရှင်သည် ကိုယ်တော်ယေရှုအား မယုံကြည်သူတိုင်းကို ပြစ်ဒဏ်စီရင်တော်မူပြီး သူတို့အားငရဲထဲသို့ ပစ်ချလိုက်မည်ဖြစ်ပါသည်။ သူတို့သည် ထိုနေရာတွင်အံကြိတ်ငိုကြွေးရင်း ဒုက္ခဆင်းရဲခြင်းအား ထာဝရခံစားသွားရမည်ဖြစ်ပါသည်။ မည်သည့်အခါမျှငြိမ်းရပ်သွားခြင်းမရှိသည့် မီးသည် လည်း သူတို့အားထာဝရလောင်ကျွမ်းစေလိမ့်မည်ဖြစ်ပြီး ပိုးလောက်ကောင်များသည်လည်း သူတို့အားထာဝရစားသုံးကြမည်ဖြစ်ပါသည်။

Frame 50-15

ကိုယ်တော်ယေရှုပြန်လည်ကြွရောက်လာသောအခါတွင် စာတန်မာရ်နတ်နှင့်နိုင်ငံတော်အားအပြီးအပိုင်ဖျက်ဆီးပစ်မည်ဖြစ်ပါသည်။ သူသည် စာတန်မာရ်နတ်အား ငရဲတွင်းသို့ပစ်ချလိုက်မည်ဖြစ်ပြီး ဘုရားရှင်အားမယုံကြည်ဘဲ စာတန်မာရ်နတ်နောက်လိုက်ခဲ့သော လူတိုင်းနှင့်အတူ ထိုနေရာ တွင် ထာဝရလောင်ကျွမ်းနေလိမ့်မည်ဖြစ်ပါသည်။

Frame 50-16

အာဒံနှင့်ဧဝတို့သည် ဘုရားရှင်၏ပညတ်တော်များကိုလိုက်နာခြင်းမရှိဘဲ ဤကမ္ဘာမြေအတွင်းသို့အပြစ်များယူဆောင်လာခဲ့သည်။ထို့ကြောင့်ဘုရားရှင်သည် ဤကမ္ဘာမြေအား ဖျက်ဆီး၍ဒုက္ခရောက်စေရန်ဆုံးဖြတ်လိုက်သော်လည်း ဘုရားရှင်သည် ပြီးပြည့်စုံသည့်ကမ္ဘာအသစ်တစ်ခုအားဖန်ဆင်းတော်မူပါလိမ့်မည်။

Frame 50-17

ကိုယ်တော်ယေရှုနှင့်သူ၏နောက်လိုက်များသည် ထိုကမ္ဘာအသစ်တွင် သွားရောက်နေထိုင်မည် ဖြစ်ပြီးအရာအားလုံး အပေါ်တွင်ထာဝရကြီးစိုးသွားမည်ဖြစ်ပါသည်။ သူသည် လူများ၏မျက်ရည်များကိုဖယ်ရှားပေးမည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မှ ဒုက္ခရောက်ခြင်းဝမ်းနည်းခြင်း ရှိမည်မဟုတ်ပေ။သူတို့သည် ငိုကြွေးကြတော့မည်မဟုတ်တော့ဘဲ မကျန်းမာခြင်း၊ သေဆုံးခြင်းတို့ဖြစ်မည်လည်းမဟုတ်တော့ပါ။ ထို့နောက် ထိုနေရာတွင်လည်း မည် သည့်မကောင်းသောအရာများမှရှိတော့မည်မဟုတ်တော့ပါ။ ကိုယ်တော်ယေရှုသည် သူ၏နိုင်ငံတော် အားတရားမျှတစွာဖြင့်ငြိမ်းချမ်းစွာအုပ်ချုပ်သွားမည်ဖြစ်ပြီး သူ၏လူများနှင့်ထာဝရအတူရှိနေမည်ဖြစ် ပါသည်။

မဿဲ ၂၄:၁၄;၂၈:၁၈ ယောဟန် ၁၅:၂၀,၁၆:၃၃ ဗျာဒိတ်ကျမ်း ၂:၁၀;မဿဲ ၁၃:၂၄_၃၀,၃၆_၄၂; ၁ သက်သာလောနိတ် ၄:၁၃_၅:၁၁; ယာကုပ် ၁:၁၂;မဿဲ ၂၂:၁၃; ဗျာဒိတ်ကျမ်း ၂၀:၁၀,၂၁:၁_၂၂:၂၁