ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၃။လယ်သမားပုံပြင်

Frame 33-01

တစ်နေ့သောအခါတွင်ကိုယ်တော်ယေရှုသည်ရေကန်၏ အစပ် နား၌ရှိနေစဉ် သူသည် ကြီးမားသောလူအုပ်ကြီးအား ဟောပြောသွန်သင်လေသည်။ သူ့ထံလာရောက်နားထောင်သူအလွန်များပြားသောကြောင့်သူတို့အားလုံးအားဟောပြောနိုင်ရန်သူသည် ရေထဲရှိလှေတစ်စီးပေါ်သို့တက်ပြီးလျှင်လှေပေါ်တွင်ထိုင်၍ လူတို့အား ဟောပြောသွန်သင်တော်မူလေသည်။

Frame 33-02

ထို့နောက်ကိုယ်တော်ယေရှုသည် ဤပုံပြင်အားပြောဆိုသင်ပြလေသည်။ “လယ်သမားတစ်ဦး သည် မျိုးစေ့များအားပျိုးကြဲရန် ထွက်လာလေသည်။ သူသည် မျိုးစေ့များအားလက်ဖြင့်ကြဲသောကြောင့် အချို့သောမျိုးစေ့များသည် လယ်ကန်သင်းပေါ်သို့ ကျသွားလေသည်။ ထိုအခါတွင် ငှက်များသည် ထိုမျိုးစေ့များအား လာရောက်စားသုံးကြလေသည်။”

Frame 33-03

“အချို့သောမျိုးစေ့များသည် မြေဆီလွှာအလွန်နည်းပါးသောကျောက်ခံမြေပေါ်သို့ ကျရောက်သွား ကြသဖြင့် အစေ့များသည် ကျောက်ခံမြေပေါ်တွင် လျင်မြန်စွာအညှောင့်ထွက်လာကြသော်လည်း အမြစ်များမြေကြီးထဲသို့ တိုးဝင်နိုင်ခြင်းမရှိကြပေ။ နေ ပူလာသောအခါတွင် အပင်များသည် ညှိုးနွမ်း၍သေဆုံးသွားကြလေသည်။”

Frame 33-04

“အချို့သောအစေ့များသည် ဆူးခြုံနွယ်များကြားထဲသို့ ကျရောက်သွားသဖြင့် မျိုးစေ့များပေါက်လာသော်လည်း ဆူးခြုံများ၏လောင်းရိပ်မိလေသည်။ ထို့ကြောင့်ဆူးခြုံထဲတွင်ကျရောက်ပြီး ပေါက်လာသောမျိုးစေ့များသည် သီးနှံများမဖြစ်ထွန်းနိုင်ပေ။”

Frame 33-05

“အခြားသောမျိုးစေ့များသည်မြေဩဇာကောင်းသောမြေပြင်ပေါ်သို့ ကျရောက်သွားသဖြင့် ထိုမျိုးစေ့များသည်အပင်များပေါက်၍ကြီးထွားလျှက် အဆပေါင်းသုံးဆယ်၊ ခြောက်ဆယ်မက ၊အဆပေါင်းတစ်ရာအထိ ပိုမိုပွားများလာလေသည်။ဘုရားရှင်၏နောက်တော်သို့လိုက်လိုသူများငါပြောပြသည်ကိုအာရုံစိုက်၍နားထောင်ကြပါ။”ဟုမိန့်တော်မူလေသည်။

Frame 33-06

ဤပုံဥပမာသည်တပည့်တော်များအား စိတ်ရှုပ်ထွေးသွားစေသည်။ ထို့ကြောင့်ကိုယ်တော်ယေရှုက “မျိုးစေ့ဆိုသည်မှာ ဘုရားရှင်မိန့်တော်မူသည့် နှုတ်ကပါတ်တော်ကိုဆိုလိုသည်။လမ်းပေါ်တွင်ကျသည့်မျိုးစေ့ဆိုသည်မှာ နှုတ်ကပါတ်တော်တရားများကို ကြားနာရသော်လည်း နားမလည် သောသူကို ဆိုလိုသည်။ စာတန်သည် ဘုရားရှင်၏နှုတ်ကပါတ်တော်များအား ထိုသူထံမှယူဆောင် သွားခြင်းခံရလေသည်။ထို့ကြောင့်ထိုလူအားဘုရားရှင်၏နှုတ်ကပါတ်တော်များကို နားမလည်စေရန်စာတန်မှတားဆီးနေခြင်းဖြစ်လေသည်။

Frame 33-07

“ကျောက်ခံမြေပေါ်တွင်ကျသည့်မျိုးစေ့နှင့်တူသောသူမှာ ဘုရားရှင်၏နှုတ်ကပါတ်တော်များကိုကြားလျှင်ချက်ချင်းပျော်ရွှင် ဝမ်းမြောက်စွာ လက်ခံသောသူဖြစ်ပါသည်။ သူသည်နှုတ်ကပတ်တော်တရားများကိုယုံကြည်လက်ခံသောကြောင့်ဒုက္ခများနှင့်ကြုံတွေ့ရသောအခါတွင်ယုံကြည်မှုများပပျောက်သွားလေတော့သည်။”

Frame 33-08

“ဆူးခြုံနွယ်များတွင်ကျသောမျိုးစေ့နှင့်တူသောသူမှာ ဘုရားရှင်၏နှုတ်ကပါတ်တော်များအား ကြားနာရသော်လည်းအကြောင်းအရာများစွာတို့အတွက်ပူပင်သောကရောက်ကာငွေကြေးဥစ္စာများရရှိရန်သာကြိုးပမ်းနေလေသည်။ အချိန်အတိုင်းအတာတစ်ခုသို့ ရောက်ရှိသောအခါတွင် သူသည်ဘုရားရှင်အား ဆက်လက်၍ မကြည်ညိုတော့ပေ။ ထို့ကြောင့်သူသည်ဘုရားရှင်၏ နှုတ်ကပါတ်တော်များကို လေ့လာသင်ယူခဲ့ရသော်လည်း ဘုရားရှင်၏ စိတ်အလိုတော်အတိုင်းမစွမ်းဆောင်နိုင်တော့ချေ။ထို့ကြောင့် သူသည်အသီးမသီးသောဂျုံရိုးကဲ့သို့ ဖြစ်သွားလေသည်။”

Frame 33-09

“သို့သော်မြေဩဇာကောင်းသောမြေကြီးပေါ်သို့ ကျရောက်သည့်မျိုးစေ့နှင့်တူသောသူမှာ ဘုရားရှင်၏ နှုတ်ကပါတ်တော်ကို ကြားသိရသောအခါဘုရားရှင်၏ဝိညာဉ်တော်သည်ထိုသူ့အပေါ်သို့သက်ရောက်ကြီးစိုးပြီးဝိညာဉ်ရေးရာအသီးအပွင့်များသီးပွင့်လာပါလိမ့်မည်။” ဟူ၍ ရှင်းပြတော်မူလေသည်။

မဿဲ ၁၃:၁-၈, ၁၈-၂၃; မာကု ၄:၁-၈, ၁၃-၂၀; လုကာ ၈:၄-၁၅